ကျတ်တွေရဲ့ရွာ



လမင်းကြီး ထိန်ထိန်သာနေတဲ့ လပြည့်ညတစ်ည ကျနော်တစ်ယောက်တည်း အိမ်က နွားလှည်းလေးကို တစ်ငြိမ့်ငြိမ့်နဲ့ မောင်းလာတယ်။ နဂိုထဲ ကသစ္ဆေ သရဲဆိုတာကို အယုံအကြည်မရှိဘူးလဲ မဟုတ်ပါဘူး နည်းနည်းတော့ ခက်ကြောက်ကြောက်ပဲ

ခုကလဲ ကျနော်တို့ ရွာရဲ့တောင်ဖက်က ထန်းနှစ်ပင် ရွာမှာ ကောက်ရိုးသွားတိုက်မလို့ မနက် တုံးမောင်းခေါက်တာနဲ့ အိမ်က ထွက်လာခဲ့တာ။ လမ်းက အမှောင်အတိ လရောင်လေး မမြင်မစမ်းနဲ့ လှည်းလေးကို မောင်းလာခဲ့တယ်။ နွားတွေက သွားနေကျ ဆိုတော့ ထွေထွေထူးထူး မမောင်းထိဘူး။ အိမ်က ယူခဲ့တဲ့ ဖက်ကြမ်းလေးကို အချမ်းပြေ ကောက်ဖွာလိုက်တယ် ။

ရွာထိပ်နား ရောက်တော့ လူတစ်ယောက်လှည်းကို တားပြီး လမ်းကြုံ လိုက်ချင်လို့ဆိုပြီး အတူတူလိုက်လာခဲ့တယ်။ သူက ကျနော့်ဆီက ဖက်ကြမ်းလေး တောင်းသောက်ပြီး သူက ထန်းနှစ်ပင် ရွာ မရောက်ခင် တစ်ရွာမှာနေတာတဲ့ ။

သူက ကျနော့်ကို ဘယ်သွားမလို့လဲ မေးတော့ ကျနော်က ကောက်ရိုးသွားတိုက်မလို့ပြောတော့ သူတို့ရွာမှာ ကောက်ရိုးတွေရှိတယ် ။တစ်ခါတည်း လိုက်ယူပါလား ဆိုတော့ ကျနော်လည်း ဟန်ကျတာပဲ ဆိုပြီး လိုက်သွားခဲ့တယ်။ သူတို့ရွာထဲ ရောက်တော့ တစ်ရွာလုံး ဆွမ်းထချက်ကြတာနဲ့ တူတယ် တစ်ယောက်တစ်ပေါက်နဲ့ ဆူညံ နေတာပဲ ၊ ကျနော် နဲ့ လိုက်လာတဲ့ သူရဲ့ အိမ်ရောက်တော့ သူက "ခဏ လေးနော် အိမ်ပေါ် ပစ္စည်း သွားထားလိုက်အုံးမယ် ၊ပြီးရင် ကောက်ရိုးပုံ ဆီကို သွားပို့ပေးပါ့မယ် " ပြောပြီး အိမ်ပေါ် တက်သွားတယ် ။

သိပ်မကြာပါဘူး ပြန်ဆင်းလာပြီး သူနဲ့ အတူ ကောက်ရိုးပုံ ဆီကို ထွက်လာခဲ့တယ်။ နေရာ ရောက်တော့ ကောက်ရိုးတွေကို လှည်းပေါ်တင် သူကလဲ ဝိုင်းတင်ပေးတော့ ခဏလေးပဲ လှည်းပြည့်သွားတာနဲ့ သူကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။

အပြန်ခရီးမှာ နွားတွေက လမ်းသိပြီး ဆိုတော့ လှည်းပေါ်မှာအိပ်ပြီးလိုက်လာခဲ့တယ်။ ရွာထဲ ရောက်တော့ မနက်လင်းစပြုနေပြီ ။ ရွာသားတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ကျနော်ထင်တာတော့ ကျနော် မိုးမလင်းသေးဘူး ရွာပြန်ရောက်လာလို့ တော်တော် ကြိုးစားတာပဲ လို့ ထင်လို့နေမှာဆိုပြီး အိမ်ကို မောင်းလာခဲ့တယ်။

အိမ်ရောက်တော့ နောက်ဖေးမှာ လှည်းကို ရပ် နွားတွေကို ဖြုတ် အစာကျွေး ပြီး ရေမိုးချိုး ထမင်းစားတာပေါ့။ ပြီးတော့ အိမ်ရှေ့ ကွပ်ပစ်လေးမှာ ထိုင်ပြီး ဖက်ကြမ်းလေး ဖွာနေတာ အိမ်နောက်ဖေးက အမေ့ အော်သံကြောင့် အလန့်တကြား အပြေးလေး သွားကြည့် တယ်။ အိမ်နောက်ဖေးရောက်တော့ လှည်းရှေ့မှာ ဒေါသ ထွက်နေတဲ့ အမေ ကျနော်ကိုတွေ့တော့

"နင့်ကို ကောက်ရိုးသွားယူခိုင်းတာ ၊ နင်ဘာတွေ ယူလာတာလဲ " ဆိုတော့

ကျနော်က "ကောက်ရိုးယူလာတာလေ " လို့ပြန်ပြောတယ်။

အမေက "နင်ယူလာတဲ့ဟာကို ကြည့်အုံး အဲ့ဒါကောက်ရိုးတွေလားလို့ " ပြောတယ်။

ကျနော်လှည်းကိုကြည့်လိုက်တော့ လှည်းပေါ်မှာ အမှိုက်တွေ အပြည့်ပဲ " ဟင် " ကျနော် ယူလာတာ ကောက်ရိုးတွေပါ ဘယ်လိုဖြစ်လို့ ဒါတွေဖြစ်သွားတာလဲ " လိုပြောတော့ အမေက

" ဒါတွေ နင် ဘယ်ကသွားယူလာတာလဲ " လို့မေးတော့ ကျနော်က အကြောင်းစုံပြောပြလိုက်တယ်။

အမေက အံဩ ပုံဖြစ် " ဒီရွာမှာ ငါငယ်ငယ်ထဲက နေလာတာ အဲ့ဒီနားမှာ ရွာရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူးတော် သွားသွား ဒါတွေ သွားပြန်ပစ် ၊ပြီးရင် ထန်းနှစ်ပင်ရွာ က ကောက်ရိုးတွေ သွားပြန်ယူလာခဲ့ " လို့ပြောတော့ ကျနော်က ရယ်ရမလို ငိုရမလို ဖြစ်ပြီး နွားကို ပြန်တတ် ရွာက မျက်နှာဖုံး စွတ်ပြီး ထွက်လာခဲ့တယ်။

အမှိုက်တွေ ပြစ်ပြီး မကျေနပ်လို့ မနက်က နေရာ တစ်ခေါက်သွားပြန်ကြည့်သေးတယ်။ အမေပြောသလိုပဲ ဘာရွာမှမရှိ မြေပုံတွေပဲရှိတယ် ။ ကျနော်လည်း ကြက်သီးမွေးတွေထပြီး နွားကို ဒုန်းစိုင်းမောင်းပြန်လာခဲ့တယ်။

မနက်အစောပိုင်းက ကျနော် ကျတ် တွေနဲ့ တွေ့ခဲ့တယ်ဆိုတာ ပြောပြရင် ဘယ်သူမှယုံမှာမဟုတ်ဘူး... ပြောမယုံ ကြုံမှသိတဲ့ ။ စာဖတ်သူရော ကျနော် တစ်ဂယ်တွေ့ခဲ့တယ်ဆိုတာကို ယုံရဲ့လားဗျာ....

Credit : Original Writer
Powered by Blogger.