ကျွန်မတို့မိသားစုမှာ တကယ် ဖြစ်ခဲ့တာပါ
ကျွန်မတို့မိသားစု မှာတကယ်ဖြစ်ခဲ့တာပါ။ ကျွန်မ တို့ခြံ (အခုတော့ ကန်ထရိုက်တိုက်) က တာမွေမြို့နယ် ကျိုက်က္ကဆံေ ဘာလုံးကွင်းနဲ့ကပ်ရပ်မှာရှိပါတယ်။ ကျွန်မတို့ အဖိုး ကတော့ ဒီဇာတ်လမ်းလေးရဲ့မင်းသားပေါ့ ။ အဖိုး ကအလုပ် အရမ်း လုပ်သူပါ… အိမ်မှာလဲ ဆေးပြင်းလိပ်ခုံထောင်ထားသလို ဇတ်ပွဲကန်ထရိုက် လည်းလုပ်ပါတယ်… မိသားစု ကို သံယော ဇဉ်ကြီးသလို ပျော်ပျော်လည်းနေတတ်သူပေါ့။ ဒါပေမဲ့ ကံကြမ္မာက အဖိုးကို ကုသမရတဲ့ ကင်ဆာရောဂါ ကို ပေးခဲ့ပါတယ်။
ဇာတ်လမ်းကတော့ အဖိုး အသုဘ မြေချတဲ့ရက်မှာစတာပါ။ မြေချတဲ့ရက်မှာ မိသားစုဝင် ထဲမှာ ယောက်ျား လေး ေ တြရွိေ ပမဲ့ အားလုံးကသောကအပူတွေနဲ့ဆိုတော့ အဖိုးလိပ်ပြာပြန်ခေါ်ဖို့ ကိုသတိမရကြဘူးပေါ့။ ဒါပေမဲ့ အဖိုး ရဲ့ဆေးလိပ်ခုံ အလုပ်သမားအကိုကြီးတစ်ယောက်က လိပ်ပြာပြန်ခေါ်ခဲ့ပါတယ်။ သူကအင်မတန် အစအနောက်သန်တယ်လေ။ လိ ပ်ပြာခေါ်တော့လည်း သူ့အကျင့်ကဖျောက်မရဘဲ အဖိုးနာမည်နဲ့ လိပ်ပြာကိုကောင်းကောင်းမခေါ်ဘဲ
“ကဲ…လိုက်ချင်တဲ့ သူတွေ လိုက်ခဲ့ကြ ငါ့အဘ တစ်ယောက် ထဲပျင်းနေမှာ စိုးလို့ ဆိုပြီး “ပြောပြီးခေါ်လာသတဲ့ အဲ့ဒါကိုကျွ န်မတို့ မိသားစုတွေမသိလိုက်ပါဘူး။ အဖိုး ကလူချစ်လူခင်ပေါတော့နာရေးမှာ လူစီခဲ့သလို အိမ်မှာလဲ သတင်းလာမေး သူတွေနဲ့အလွန်ကိုစည်ကားနေပါတယ်… အဲ…. ၇ ရက်ပြည့်တဲ့ ရက်လည်ညမှာတော့ အိမ်မှာမိသားစုဝင် တွေနဲ့ အ လုပ်သမား ၂ ယောက်လောက်ပဲအိမ်မှာရှိတော့တယ်။ ၁၂နာရီထိုးတဲ့အထိ နေရမှာဆိုတော့ မိသားစုတွေ ဖဲရိုက်ရင်းေ စာင့်မယ်ပေါ့။
အဲ…အဲ့မှာစတွေ့တော့တာပဲ… ၀ိုင်းစတည်တုန်းရှိသေးတယ်.. အိမ်တံခါးမကြီးမှာချိတ်ထားတဲ့ သော့ ခလောက်အကြီး ကြီးက သူဘာသာသူ လှုပ်နေတာ ကို တံခါးကိုမျက်နှာမူပြီးထိုင်တဲ့ ကျွန်မတို့ဘကြီးကစမြင်ပါလေရော… အဘ ကအား လုံးကိုသတင်းပေး အားလုံးလည်း ပူးကပ်ပြီး တံခါး ကိုမျက်နှာ မူထိုင်လိုက်တော့ သော့လှုပ်တာက ပိုကြမ်းလာပြီး တံခါးကို လည်း တစ်ယောက်ယောက်ကကိုင်လှုပ်နေသလို တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြစ်နေတော့ အမေက နင်တို့ အဖိုးနင်တို့ ကို နှုတ်ဆက်နေတာလို့ ပြောနေတုန်းမှာပင် နောက်ဖေးကနေရေချိုးနေသံကြားပြန်ရောလေ…။
နောက်မီးဖိုချောင်မှာ ခုံဖိနပ်နဲ့လမ်းလျှောက်နေသံ တဒေါက်ဒေါက် ကိုလည်းထပ်ကြားနေပြန်ရော… ကျွန်မတို့မိသား စု လည်းကြောက်လွန်းလို့ အသားတွေလည်းတုန် ချွေးတွေးလည်းပြန်… ဘုရားစာတွေရွတ်တာလည်း ကပြောင်းကပြန်ေ တွဖြစ်နေတုန်းမှာအိမ်ရဲ့ဘေးနံရံတွေကို လူအယောက် ၂၀ လောက်ဝိုင်းထုနေသလို တ၀ုန်းဝုန်းထုကြပါတယ်… ကျွန် မတို့ လည်းကြောက်လိုက်တာမှ လိပ်ပြာလွှင့်မတတ်ပါပဲ။
အဲခံစားချက်က ဒီတစ်သက်မေ့နိုင်မှာမဟုတ်ပါဘူး။ ကျွန်မစိတ်ထဲမှာလည်း မိုးမြန်မြန်လင်းစေချင်နေပါတော့တယ်။ အရင်ကဆို ကျောင်းတက်ရမှာပျင်းလို့ မိုးမြန်မြန် မလင်းစေချင်ခဲ့ ပါဘူး။ အဲလိုနဲ့ ရသမျှ ဘုရားစာတွေဝိုင်းကြရင်း အသံတွေလည်းကြားရင်းနဲ့ မနက်လင်းသွားပါတယ်… အလင်းရောင်ရတော့ အသံတွေအားလုံးက ညကသူ မဟုတ် ခဲ့သလိုပါပဲ။ တိတ်ဆိတ်ငြိမ်သက်လို့။
အိမ်ကလူကြီးတွေလည်း ကျွန်မတို့မိသားစု ကိုးကွယ်တဲ့ဘုန်းဘုန်းကြီးကိုသွားပါတယ်။ ဘုန်းဘုန်း ကြွလာတော့ အိမ် ဝရောက်ရောက်ချင်း အိမ်ထဲကိုမလာသင့်တဲ့ ဧည့်သည်တွေရောက်နေတာပဲလို့… မိန့်တယ်..။
ပြီးတော့ မနေ့ကလိပ်ပြာပြန်ခေါ်လာတာ ဘယ်သူလည်းလို့မေးတော့ အလုပ်သမားအကိုကြီးက သူပါလို့ပြောတယ်… အဲ့တော့ဘုန်းဘုန်းက ဒါကာ ဘယ်လိုပြောပီးပြန်ခေါ်လာတာလည်းလို့မေးတယ်…။
အကိုကြီးက ဖြစ်ကြောင်းကုန်စဉ်ပြန်ပြောပြတယ်။ ကျွန်မတို့ မိသားစုလည်းတအံ့တသြပေါ့။ ဘုန်းဘုန်း က မိန့်တယ်… သရဲအကောင် ၂၀ ထက်မနည်းပါလာတယ်တဲ့လေ…။
နှစ်ချို့သရဲ ကြီးတွေလည်းတွေလည်း ပါတယ်လေ။ အဲဒါကြောင့် ကျွန်မတို့ဘုရားစာရွတ်လည်း မရခဲ့တာပေါ့…။ ဘုန်း ဘုန်း ကထပ်မိန့်တယ်… သူတို့က ခြံထဲက သရက်ပင်ကို အမှီပြုတော့မှာတဲ့… အမေလည်း အဲဒါဆို တပည့်တော်တို့ ဘယ်လိုလုပ်ရမလဲ လျှောက်တော့ ဘုန်းဘုန်းက ညနေခြံထဲမှာ ပရိတ်ရွတ်ဖို့ပြင်ဆင် ထားရန်မိန့်ပြီးတော့ ပြန်ကြွ သွားပါတယ်။ ညနေ ၄ နာရီလောက်ကျတော့ သူတို့လည်း ဇာတ်လမ်းပြန်စပြီး အသံပလံတွေစပေးပါတော့တယ်…။
ကျွန်မတို့မိသားစု လည်းရှိ ရှိသမျှအမျိုးတွေခေါ် ပရိတ်ရွတ်ဖို့ပြင်ဆင်ကြနဲ့ အလုပ်ရှုတ်နေတာ သူတို့ကိုတောင် အချိ န်ပေးပြီးမကြောက်နိုင်တော့ပါဘူး။ အဲဒါနဲ့ ညနေ ၅ နာရီလောက်ကျတော့ ဘုန်းဘုန်းအပါအ၀င် နောက်ဘုန်းဘုန်း ၃ ပါးကြွလာပါတယ် ။ပရိတ်စရွတ်တော့ အိမ်ထဲမှာလေမုန်တိုင်း ကျသလို အသံတွေဆူညံပွက်လောရိုက်နေပါတော့တယ်။ အစမှာ အဲလိုဆူညံပေမယ့် နောက်တဖြည်း ဖြည်းတိုးသွားပြီး အမျှခေါ်တဲ့ အချိန်မှာတော့လုံး ၀ငြိမ်သက်တိတ်ဆိတ် သွားပါတယ်။
ဘုန်းဘုန်းကြီး က ပရိတ်ရေတွေကို သရက်ပင်ကိုသွားလောင်းပါတယ်။ နောက်တော့ ဒါကာ ဒါကာမ တို့မစိုးရိမ်ပါနဲ့ အားလုံးသူနေရာသူပြန်သွားပါပီ ။ ဒီညအေးအေးချမ်းချမ်း အိပ်လို့ရပါပြီ လို့မိန့်ပီးပြန်ကြွသွားပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့အကြောက်အရှိန်မသေပဲ တစ်ညလုံးမအိပ်နိုင်ကြပါဘူး ။ သို့သော် ဘာမှထူးခြားမှုမရှိပါ. .. အေးအေးချမ်း ချမ်းပါပဲ။
အလုပ်သမား အကိုကြီး ကလည်း အဖေ အမေတို့ ကိုတောင်းပန်ပါတယ်… သူ အဲလို မရည်ရွယ်ကြောင်း နောက်ပြော င်ရုံသက်သက်ပြောခဲ့တာဖြစ်ကြောင်း.. တောင်းပန်ခဲ့ သလို ကျွန်မမိဘတွေကလည်း လူငယ်မို့ဖြစ်တာပဲလေဆိုပြီးေ ဗွမယူခဲ့ပါဘူး။ ထူးဆန်းတာက မနက်ကျတော့ ပရိတ်ရေလောင်းခဲ့သရက်ပင်ကြီးက မနေ့ကပဲ အရွက်အလက်တွေနဲ့ေ ၀ဝေဆာဆာရှိရာကနေ ညတွင်းချင်းမှာပဲ မီးရှို့ထားသလို တစ်ပင်လုံးမဲခြောက်လို့နေပါတော့တယ်……….။ ။ ။
Credit : Original Writer