မယ်ဇလီပင်မှာနေတဲ့ ဆရာမ



ကို Yethway Eain ရဲ့ ဖြစ်ရပ်မှန်လေးကိုလည်း ဖတ်ပေးပါဦးနော်။ နောက်ထပ်လည်း ဒီထက်မက အားပေးကြပါဦးလို့......

ငယ်ငယ်က ရွာကလေး တစ်ရွာမှာကျွန်တော်ကျောင်းတက်ရပါတယ်။ အဲ့ရွာကလေးကကျွန်တော့်ရွာကလေးနဲ့ ၃ မိုင်စက်ဘီးစီးရတယ် ဒီလိုနဲ့ဆယ်တန်းနှစ်ကိုရောက်တော့ ဆရာဆရာမတွေက ကျောင်းသားလေးတွေကိုကျူရှင်မရှိဘူးဆိုပြီးစာတွေကို အသည်းအသံနေ့ ရောညပါ သင်ပေးတယ်။

ဒီလိုနဲ့  ဆယ်တန်းစာမေးပွဲကြီးဖြေဖို့  နှစ်လလောက်အလိုမှာ ကျောင်းဆရာဆရာမတွေက ညအချိန်ပို အမြဲတမ်း တက်ရမယ် စာသင်မယ်လို့ပြောတယ်။ အဲလိုကျောင်းသားတွေကို ပြောပြီး တစ်ပတ်လောက်ကြာတော့ နေ့ဘက်ရောညဘက်ပါ စာတွေမနားတန်းသင်ရတယ် ကျတ်ရတယ် ကျောင်းအဆောင်က သုံးတွဲရှိတယ် ကျွန်တော်တို့ သင်တဲ့ အတွဲက အလယ်မှာ ကျန်တဲ့ ကျောင်းဆောင်နှစ်တွဲ့ ကတော့ညဘက်ဆိုရင် မီးမရှိဘူး အရမ်းမှောင်လွန်းတယ်။

ပတ်ပတ်လည်မှာလဲ မလေးရှားပိတောက်ပင်တွေက အုပ်ဆိုင်းလို့  တစ်ယောက်ထဲဆို ကျောင်းအိမ်သာကိုမသွားရဲဘူး။ တစ်နေ့ မှာ ညခုနှစ်နာရီက စာစသင်တယ် ညဆယ်နာရီထို နားချိန်နာရီဝတ် ည၁၂နာရီဆိုရင်တော့ အတန်းလွှတ်ပါပီး အဲဒီနေက အခန်းထဲကသူငယ်ချင်းတစ်ယောက်ပေါ့။

သူကအရမ်းဆိုးတယ် ညဘက်ကြီး အရက်တွေသောက်လာတယ် အရမ်းလဲမူးနေပါတယ်။ ဆရာမကသိတော့ သူကိုတုတ်နဲ့ ငါးချက်ရိုက်တယ်။ ပြီးတော့ ကောင်းမထူနိုင်လို့  ပြောစရာရှိတာပြောပြီး သူ့ ကိုကျောင်းသားတွေအကုန်လုံးအိပ်တဲ့နေရာမှာ အိပ်ခိုင်းလိုက်တယ်။ ၁၀ နာရီထိုးတော့ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်က သူငယ်ချင်းမိန်းကလေးတွေကိုနောက်ချင်စချင်ဇောနဲ့ သူတို့ ထမင်းထုပ်လေးတွေကိုသူ တိုမသိခင် ယူပြီး မီးမရှိတဲ့ အခန်းတစ်ခန်းမှာ ပါတဲ့ဓါတ်မီးလေးထိုးပြီး ထမင်းခိုးစားနေတာ။

စားလို့ လဲပြီးးရော ငါးဟင်းအရိုးထုပ်လေးကို မေ့ပြီးမစွန့် ပဲ အဲဒီအခန်းထဲက စာပွဲခုံတစ်ခုပေါ်မှာ တင်ခဲ့တယ်။ နောက်တစ်နာရီ ကြာတော့ စာသင်နေရင်း သူငယ်ချင်းနှစ်ယောက် လာပြောတယ်။ ငါ့တို့ ဟိုကောင်ကြီးမူးပြီး အိပ်နေတာ သူရဲသွားချောက်မလို့ လိုက်မလားဆိုတော့ ကျွန်တော်တို့ က စာသင်ချိန်မို့ ဆရာမရိုက်မှာဆိုးလို့ မလိုက်ပဲ စာသင်ရင်း ကျန်နေခဲ့တာ။

မကြာပါဘူဘူး မူးနေတဲ့ တစ်ယောက်ကို သူရဲချောက်ခံရလို့  စာသင်ခန်းထဲ ပြေးဝင်လာတော အသံကြယ်ကြီး နဲ့သရဲသရဲဆိုပီး ဆရာကမေးတယ်။ မင်းဘာဖြစ်လာတာလဲဆိုတော့ သူစကားပြောဖို့ အသံတွေမထွက်တော့ဘူး။ ခနနေမှ သရဲသွားချောက်တဲ့ သူငယ်ချင်းနှစ်ယောက်ကပြောပြတယ် (ကျွန်နဲ့ သူနဲ့ ဒီကောင်ကို သူရဲသွားချောက်တာပါ ဆရာ သူက ကျောင်းသားတွေအိပ်တဲ့ အခန်းမှာ မအိပ်ပဲ မဇလီပင်ကြီးနားက အခန်းထဲမှာ မီးမရှိပဲအိပ်နေတာ သူအိပ်တဲ့အခန်းမှာပြတင်းပေါက်တွေ အကုန်ပိတ်ထားတယ်။ အဲကြောင့်မို့ ကျွန်တော်နဲ့ ဒီကောင် ဟိုးဘက်ထိပ်ဆိုးအခန်းက အပေါက်တစ်ပ်ေက်ပြီး အထဲကိုဝင် အခန်းထဲရောက်မှ နှစ်ယောက်သားမီးမဖွင့်ပဲ အထုပ်တန်းပေါ်ကနေ ဖြည်းဖြည်းချင်းသူရှိရာကို လာပြီးချောက်မယ်ဆိုတဲ့စိတ်ကူနဲ့  လာရင်းလာရင်း အမှောင်ကြီးထဲမှာ သူအိပ်တဲ့အခန်းကို ရောက်သွားတယ်။

အဲအခန်းကိုရောက်တော့ လှမ်းကြည့်လိုက်တယ် သူဘယ်မှာရှိနိုင်မလဲဆိုတာ အပေါ်က ကြည့်တာဆိုတော့ အခန်းပြည့်မြင်တယ် ခနလေး ငြိမ်ပီးကြည့်လိုက်မှ စာပွဲခုန်ပေါ်မှာ ဖွေးဖွေးကြီး တစ်ခုတွေတယ် တစ်ချိန်ထဲမှာပဲ ဒီကောင် အခန်းထဲမှာ အော်ပြီးပြေးသံကြားတယ်။ မှန်ပြတင်းပေါက်တွေကိုလဲခုန်နဲ့ ထုရိုက်နေတယ် မှန်တွေကွဲအောင်ထုပြီး ဒီကောင်အပြင်ကို ထွက်သွားတယ်။

သရဲလို့ လဲ အဆက်မပြတ် အော်နေတယ်။ ကျွန်တော်တို့ နှစ်ယောက်ကလည်း အထုပ်တန်းပေါ်ကခုန်ချပီး တွေ့တဲ့ ပြတင်းပေါက်က မှန်တွေ ထုခွဲပီ အပြင်ကိုနှစ်ယောက်သား အလုအယက် ကြောက်ကလည်းကြောက် ထွက်ပြေးလာတာ ပါ လို့  ဆရာကိုေ့ပြာပြတော့ ဆရာက အချောက်ခံရတဲ့သူကို ထပ်မေးတယ်။

မေးတော့ ဟုတ်တယ်ဆရာ ကျွန်တော်မူးပီး အဲဒီအခန်းထဲမှာ အိပ်နေတာ တရေးနိုးတော့ ပုတ်အဲ့အဲ့အနံ့ ကြီး နံလာတယ် အခန်းပတ်ချာလည်လိုက် ကြည့်တော့ နံရံဘေးက စားပွဲခုန်ပေါ်မှာ ဖြူဖွေးဖွေးကြီး ဆံပင်ကလဲ ဖားလားချပြီး ဘာတွေကို စားနေတာလဲမသိဘူး။ အံကြိတ်သံတွေလဲ ကြားတယ်။

ကျွန်တော်လဲ သရဲချောက်တယ်ဆိုပီး ထွက်ပြေးလာတာပါ ဆရာ။ နောက်ဆုံးသိရတာကတော့ အဲအခန်းထဲမှာ ဆရာမတစ်ယောက် ဆုံးခဲ့ဖူးတယ်လို့ပြောတယ် အခန်းဘေးက မဇလီပင်ကလဲ ခနခန အရိပ်အရောင်တွေပြတယ်လို့  ဆရာမကြီး တစ်ယောက် ပြောတာသိရတယ် တကယ်ဖြစ်ရပ်လေးပါ.....။ ။ ။

Creditး Yethway Eain
Powered by Blogger.