စုန်းမ၊ ကဝေမ စားသောကြောင့် သေဆုံး၇တဲ့ သနားစရာကောင်းသော ကလေးငယ် တယောက်နှင့် သူပြုစားသောကြောင့် သေဆုံး၇သော သူများအကြောင်း



စုန်းမ၊ ကဝေမ စားသောကြောင့် သေဆုံး၇တဲ့ သနားစရာကောင်းသော ကလေးငယ် တယောက်နှင့် သူပြုစားသောကြောင့် သေဆုံး၇သော သူများအကြောင်း

ရေးသားသူ - Nang Bo Kham

( မြန်မာစာ အရေးအသား အမှားတွေအတွက် သည်းခံပေးကြပါ )

ဒို့ နေတဲ့ရွာဘေးကပ်လျက် ရွာတရွာ မှာဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။ ဒို့နေတဲ့ ရွာနာမည်ကိုတော့ မပြောတော့ပါဘူး။ ဒို့အ၇င်တင်တဲ့ ပိုစ်တခုမှာတော့ ပြောဖူးပါတယ်။ ပအိုဝ့်တိုင်း၇င်းသား တွေဘဲ နေတဲ့ရွာပေါ့။ ဒို့ရွာဘေးကရွာလည်း ပအိုဝ့် ရွာပါဘဲ ။ပအိုဝ့်ဆိုတော့ သိတဲ့အတိုင်းဘဲ တောင်ယာတွေနဲ့ဘဲ အသက်မွေးကြတဲ့ သူတွေကြီးဘဲပေါ့။ အခုပြောပြမယ့်ဖြစ်၇ပ်က ဒို့ရွာရဲ့ မြောက်ဘက်ကပ်လျက်ရွာမှာ ဖြစ်ပျက်ခဲံတာတွေပါ။

အဲရွာက ရွာလို့သာပြောတာ အိမ်ခြေက နှစ်ဆယ်တောင်မပြည့်ပါဘူး။ ပီးတော့အဲရွာမှာ ဘုန်းကြီးကျောင်းလည်း မရှိဘူး။ စာသင်ကျောင်းလည်းမ၇ှိပါဘူး။ အဲတော့သူတို့က ဒို့ရွာရဲ့ ဘုန်းကြီးကျောင်းဘဲ တက်တယ်။ ကလေးတွေလည်း ဒို့ရွာရဲ့ စာသင်ကျောင်းဘဲ လာတက်ကြတယ်ပေါ့။ အဲလိုဆိုတော့ နောက်တော့ဒို့ရွာရဲ့ စာ၇င်းဝင် ဖြစ်လာတာပေါ့နော်။ အလှူလုပ်လည်းတူတူ ကုသိုလ်လုပ်လည်းတူတူ နှစ်ရွာပေါင်း တရွာဖြစ်သွားတာပေါ့နော်။ ထားပါတော့ အဲလိုပြောတာနဲ့ လို၇င်းကို မရောက်တော့ဘူး။

အဲရွာက လူတယောက်က တခြားရွာသူ သူ့ထက်အသက်ကြီးတဲ့သူ တယောက်ကို လက်ထပ်လိုက်တယ်။ အဲလူရဲ့နာမည်ကို ဦးပြုံးဘဲ ထားပါတော့။ ဘယ်ရွာကလည်းတော့ မသိဘူးပေါ့နော်။ ဘယ်သူမှတော့ စိတ်မဝင်စားကြပါဘူး။ အဲချိန်က တောသူ တောင်သားတွေ အလုပ်များတဲ့ အချိန်ဆိုတော့ ဘယ်သူမှလည်း ဂရုမစိုက်အားဘူး ဦးပြုံးလက်ထပ်လိုက်တဲ့သူကို။ ဦးပြုံးက အ၇က်သမားကိုး။ လက်ထပ်လိုက်တဲ့သူတော့ ဦးပြုံးရဲ့ဒဏ်ကို ခံ၇တော့မှာဘဲပေါ့။ ဒါပေမယ့်လည်း အခုပြော အခုမေ့ အလုပ်ရှုပ်တဲ့သူတွေဆိုတာက လူတိုင်းသိမှာပါ။ ဦးပြုံးလက်ထပ်တဲ့သူက ဒေါ်စွေပေါ့နော်။

သူပုံစံ မျက်လုံးနဲနဲစွေတယ်။ အ၇ပ်က ပုပျက်ပျက် နဲနဲ ဝတယ်ပေါ့နော်။ အဲဒီ ဦးပြုံးက နွားကျောင်းတဲ့ အလုပ်လုပ်တယ်။ သူက ဒို့ရွာရဲ့ လူတယောက်ရဲ့ နွားကို ကျောင်း၇တာပေါ့နော်။ နွားတွေက များတော့ တယောက်ထဲကျောင်းလို့ မ၇ဘူး။ နှစ်ယောက်ကျောင်း၇တာပေါ့နော်။ တယောက်က ဒီနေ့တယောက်က မနက်ဖြန်အဲလိုပေါ့နော်။ အဲဒီဦးပြုံးနဲ့ နွားကျောင်းတဲ့သူရဲ့မိန်းမ က ဒို့နဲ့ခင်တာပေါ့နော်။ သူယောက်ကျားနာမည်က ဦးသိန်းနဲ့ သူမိန်းမကတော့ ဒေါ်စိန်ပေါ့နော်။ သူတို့မှာ ကလေးတယောက်ရှိတယ်။ အ၇မ်းနဲံချစ်ဖို့ကောင်းတယ်။ ဖြူဖြူဖွေးဖွေးလေးနဲ့။ ဖအေက ဖြူ တော့လေ။ ၀၀ကစ်ကစ်လေး။ သူ့တို့ကဆင်းရဲပေမယ့် အ၇မ်းရိုးသားပီး သစ္စာလည်း၇ှိကြတယ်။ အဲဒါကြောင့် သူတို့လင်မယားကိုဆို လူတိုင်းက ဘာလိုလို ပေးချေး ပေးငှားတယ်။

သူ့မိန်းမ ဒေါ်စိန်ကတော့ သူ၇င်းငှားလိုက်တယ်။ သူယောက်ကျားက နွားကျောင်းပေါ့နော်။ အဲလိုနဲ့ကလေးကို သူ့မိန်းမက သွားတဲ့နေရာတိုင်း ခေါ်သွားတယ် သူတို့နဲ့ ဦးပြုံးတို့လင်မယား တအိမ်တည်းနေတာ။ သူတို့ နွားကျောင်းပေးတဲ့ပိုင်၇ှင်က သူ့နွားတင်းကုတ်ရဲ့အပေါ်ကိုထရံအိမ်ဆောက်ပေးပြီး နှစ်ခြမ်းခြမ်းပီး တစ်မိသားစုကို တခြမ်းနေတာပေါ့နော်။ အဲလိုနှစ်အိမ်က အ၇မ်းခင် အ၇မ်း၇င်းနှီး သွားကြတာပေါ့နော်။

ဦးပြုံးမိန်းမကသူ၇င်းငှား ဆိုသူက သိပ်မလိုက်ဘူး။ သူတို့က လင်မယားနှစ်ယောက်တည်းဆိုတော့ ဦးပြုံးနွားကျောင်း၇တဲ့ စပါးနဲ့တင် သူတို့စားပီး ပိုတဲ့စပါးကို ရောင်း၇င်းသုံးနဲ့တင် လောက်တယ်ပေါ့နော်။ အဲတော့ဒေါ်စွေက ဒေါ်စိန်ကိုပြောတာပေါ့နော်။ နင်ကလေးနဲ့ သူ၇င်းငှားလိုက်၇တာ ပင်ပန်းတယ်။ကလေးကိုဆိုလည်း ကျောပိုးပြန်၇သေး။ အဲတော့ကလေးကိုသူ ထိန်းပေးမယ်ပေါ့နော်။ ဒေါ်စိန်ကလည်း အင်းအဲလိုဆို ပိုတောင်ကောင်းသေး ကလေးကို တောင်ယာခေါ်သွား၇င် ခြင်လည်းကိုက်သေး။ မိုးရွာလို့ တဲမ၇ှိတဲ့တောင်ယာဆို ကလေးနဲ့ဆို အ၇မ်းဒုက္ခရောက်တယ်ဆိုတော့ ထိန်းခိုင်းလိုက်တယ်ပေါ့နော်။

တခုပြော၇အုံးမယ် သူတို့နှစ်အိမ်လုံးက အမဲသားဆို အသေကြိုက်ကြတာနော်။ အဲကနေ ပြသနာစတော့တာဘဲ။

ကလေးက ဒေါ်စွေ နားထားခဲ့ပီးတာကစပီး ကလေးက ဘာရောဂေါမှ မ၇ှိဘဲ တဖြည်းဖြည်း ပိန်လာတယ်။ ပီးတော့ ကလေးကညညဆို တအားအော်ငိုတယ်။ နောက်ဘယ်နေရာပြပြ ရောဂါက မတွေ့ဘူးဖြစ်နေတယ်။ ကလေးကလေ အ၇မ်းကိုပိန်ပီးတော့ အရိုးပေါ် အရေတင်လေးဘဲ ကျန်တော့တယ်။ ကလေး အဲလိုဖြစ်တော့ ဒေါ်စိန်လည်း ကလေးနားဘဲ တချိန်လုံး စောင့်၇တာပေါ့နော်။ အဲမှာထူးခြားချက်က ကလေး လည်းနေမကောင်းဖြစ်ရော ဒေါ်စွေက ဒေါ်စိန်တို့အိမ်ကို မလာတော့ဘူး။

ကလေးသတင်းလာမေး၇င်လည်း တံခါးပေါက်ဝ ကနေ၇ပ်ပီး ကလေးနေကောင်းသွားပီလား။ ကလေးပြန်ဝလာပီလားလို့ မတ်တပ်၇ပ်လိုက်မေးပီး ပြန်သွားတယ်။ အိမ်ထဲခေါ်ဝင်၇င်တောင် မဝင်ဘူး။ ကလေးကို သူမေးပီးတာနဲ့ ကလေးရဲ့အသက်၇ှူသံက မြန်မြန်လာတယ်။ ကလေးရဲ့ဗိုက်ဆို့ချိုင့်နေတာဘဲ။ အဲလိုသူလာမေးတယ် သုံး၇က်မြောက်နေ့မှာ သူအဲလိုပုံစံနဲ့မေးပီး သူလည်းပြန်ရော ကလေးအသက်လည်း ထွက်ရောဘဲ။

သေသွားတဲ့ ကလေးကိုဖျာနဲ့လိပ်ပီး သချိုင်းမှာသွားမြှုပ်ဖို့ သူ့အဖေနဲ့ရွားသားတွေကသွားတော့ ကလေးသေတာကို မသကာင်္တာနဲ့ ဗိုက်ကိုခွဲကြည့်တော့ အား လား ပြောကောင်းမလား ကလေးရဲ့အသဲနှလုံးက မ၇ှိတော့ဘူး။ အူတွေလည်း တပိုင်းတစစီ ပြတ်ထွက်နေတာပေါ့။ အဲဒါနဲ့သူအဖေက အသည်းအသန်ငိုတာပေါ့နော် သူသား သေချိန်မတန်သေးဘဲနဲ့ သူများသတ်လို့ သေ၇တာပေါ့နော်။ ပီးတော့ သူ့ယောက်ကျားကလည်း ရွာလူကြီးကိုပြောပြတော့ ရွာသူကြီးက ဒေါ်စွေအကြောင်းကို စုံစမ်းခိုင်းလိုက်တော့ အဲမှာ အကြောင်းစုံသိ၇ပါလေရော ။

ဒေါ်စွေက သူများအသားကိုစားတဲ့ စုန်းမတဲ့။ အ၇င်သူနေခဲ့တဲ့ တောင်ပေါ် ရွာတုန်းကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးကို သူစားခဲ့လို့ အဲလိုသေ၇တာဆိုတာ ရွာသားတွေသိတော့ သူ့ကိုရွာကနေ မောင်းထုတ်လိုက်တာတဲ့။ အဲဒါနဲ့ရွာသူကြီးနဲ့ ဦးသိန်းက ရွာသားတွေကိုခေါ်ပီး ဒေါ်စွေတို့နားကိုသွားတယ်။ ပီးတော့ဒေါ်စွေကို အိမ်ပေါ်ကနေ ဆွဲချပီး ဝိုင်းရိုက်ကြတယ်။ ပီးတော့ နင်ဒီရွာကနေ ထွက်သွားပေါ့နော်။ တကယ်လို့ မထွက်သွား၇င် နင်ကိုတရွာလုံးက ဝိုင်းသတ်ကြမယ်လို့ပြော လိုက်တယ်။ ပီတော့ ဒေါ်စွေတို့နေတဲ့ အိမ်ကိုမီးရှို့ အဝတ်အစားကိုလည်း ပစ်ထုတ်လိုက်တယ်။ဦးပြုံးကိုလည် နင်စုန်းမနဲ့ ပေါင်းမယ်ဆို ငါတို့ရွာကနေ ထွက်သွားလို့ပြောလိုက်တယ်။

အဲမှာ ဒေါ်စွေပြန်ပြောလိုက်တဲ့ စကားက ရွာသူကြီးနဲ့ ရွာသားတွေကို တုန်လှုပ်ချောက်ခြားစေတယ်။ သူပြောလိုက်တာက ရွာသူကြီးတဲ့ နင်တနေ့ ငါ့အကြောင်းသိစေ၇မယ်။ နင်နဲ့ တရွာလုံးကို ငါမကျေနပ်ဘူးပေါ့နော်။ နင်တို့ရွာလုံးဝ ပျက်စီးစေ၇မယ်ပေါ့နော်။ တရွာလုံး ဒုက္ခရောက်စေ၇မယ် ဆိုပီးပေါ့.။ သူ့ယောက်ကျား ဦးပြုံးကလည်း သူမ အဲဒီလိုဆိုတာ သူလုံးဝ မသိဘူးပေါ့နော် အခုမှသိတာ။ ကျွန်တော်သူနောက် မလိုက်ပါဘူးပေါ့နော်။ အဲမှာသူံမိန်းမက သူ့ကို မျက်ထောင့်နဲ့ကြည့်လိုက်တော့ ဦးပြုံးလန့်သွားတယ်။ သူလူအုပ်ကြားထဲကို ကြောက်လို့ တိုးဝင်လိုက်၇တယ်။

အဲတာနဲ့ အဲမိန်းမဒေါ်စွေလည်း သူ့အထုပ်ကိုင်ပီး နာကျည်းပီး မကျေနပ်တဲ့မျက်နှာနဲ့ ပါးစပ်က ဘာတွေရွတ်ပီးလဲ မသိဘူး ရွာကနေ ထွက်သွားတယ်။ သူထွက်သွားပီး တပတ်မှာ သူ့ယောက်ကျား ဦးပြုံးက မိုးအ၇မ်းကြီးတဲ့ညမှာ အရက်မူးပီး မိုးရေထဲမှာ သေနေတာကို မနက်မှ ရွာကလူတွေ တွေ၇တယ်။ ပီးတော့ ဗိုက်ကလည်း ဖောင်းကားနေတာဘဲ ပေါက်ထွက်တော့မယ့် အတိုင်းဘဲ ဦးပြုံးသေပီး တလလောက် အကြာမှာ ရွာသူကြီးကလည်း ဗိုက်အောင့်တယ် ဗိုက်အောင့်တယ်ဆိုပီး အိမ်သားတွေက ဆေးဆရာသွားခေါ်တဲ့အချိန်မှာ သေသွားပြန်ပါတယ်။ ဆေးဆရာစစ်ကြည့်တော့ ဘာရောဂါမှမတွေ့ဘူးတဲ့။ အဲဒါနဲ့ တရွားလုံးက အဲလိုဆက်တိုက်ဖြစ်နေတော့ လန့်သွားကြတာပေါ့နော်။

အဲဒီစုန်းမကို သွားတောင်းပန် မယ်ဆို လိုက်၇ှာတာ ၇ှာလို့မတွေ့တော့ဘူးတဲ့။ ဘယ်နေရာရောက်နေမှန်းကို မသိဘူးတဲ့။ ရွားသားတွေ အဲဒီတုန်းကဆို ရွာပြောင်းတဲ့ လူတွေပြောင်း။ခြံတွေ တောင်ယာတွေ၇ှိတဲ့ သူတွေ တချို့လူတွေခါကျတော့ ကိုယ့်ရွာကိုယ်မခွဲ နိုင်တဲ့သူတွေကတော့ မပြောင်းဘဲ ကျီးလန့်စာ စားနေ၇တာပေါ့။ နောက်ပိုင်းတော့ ဘာမှမဖြစ်တော့ခါကျတော့ အားလုံးက မေ့မေ့ပျောက်ပျောက်ဘဲ ၇ှိကြတော့တယ်။

(အော်ပြော၇အုံးမယ် စုန်းမတွေက လူတွေနဲ့စကားပြောရင် လူတွေရဲ့မျက်လုံး တည့်တည့်ကြည့်ပီး ဘယ်တော့မှ မပြောဘူးတဲ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့မျက်လုံးကို လူတွေမြင်မှာစိုးလို့။ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့မျက်လုံးထဲကို ကြည့်လိုက်၇င် လူတွေက်ဇောက်ထိုးပုံ ပေါ်နေတာတဲ့နော်။

နောက်လည်း ဒီလိုဇာတ်လမ်းကောင်းတွေကို တင်ပေးပါဦးမည်..။ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
Powered by Blogger.