သတ္တိခဲ ဦးမောင်ကြီးနှင့် မီးနေသည် သရဲမ



ဇီးတောရွာတွင် သူကြီးဦးမောင်ကြီးကို မသိသူမရှိပါ ဦးမောင်ကြီးဟေ့ဆိုလျှင် တရွာလုံး မီးသေသည်။ ဦးမောင်ကြီးက ဗလကောင်းကောင်းနှင့် အသံကလဲ ဟိန်းနေကာ လော်စပီကာမလိုပဲ တရွာလုံးကြားအောင်

အော်နိုင်သော အသံပါဝါကောင်းသူဖြစ်သည်။ငယ်စဉ်က ဘုန်းကြီးကျောင်းသားပီပီ ဘုရားစာများ ဘုရားလက်ထပ်က ပုံတိုပတ်စများ အကုန်ကျွမ်းကျင်စွာ တတ်လေသည်။ တော်ရုံဘုန်းကြီးလောက်တော့ သူ့ရွာတွင်ကျောင်းလာထိုင်ဘို့ မစဉ်းစားနှင့် သူကပင်ဘုန်းကြီးအား တရားပြန်ဟောနိုင်သောကြောင့်ဖြစ်သည်။ သူသည်ပျော်ပျော်နေတတ်ပြီး စိတ်ရင်းကောင်းသဖြင့် တရွာလုံးကချစ်ကြောက် ရိုသေကြသည် သိုပေမဲ့သူစိတ်ကြီးလာပါက ဘီလူးဝင်စီးနေသလား ထင်ရတာကြောင့် ရွာကလူများလန့်နေရသည်။

လန့်လဲလန့်ချင်စရာပါ သူကြီးဦးမောင်ကြီးသတ္တိက မခေပါ ဂျပန်ခေတ်တုန်းက သေမင်းတမန် ရထားလမ်းဖောက်ဖို့ ချွေးတပ်ဆွဲတဲ့အထဲ သူကြီးဦးမောင်ကြီးလဲ ပါသွားသည်။ ချွေးတပ်ဆွဲခံရသူများသည် ပင်ပန်းလွန်းလို့သေတဲ့သူကသေ လဲသူကလဲနှင့် ဒုက္ခရောက်နေချိန်တွင် ဦးမောင်ကြီးသည် ဂျပန်နှစ်ယောက်အားသတ်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ဦးမောင်ကြီးရွာပြန်ရောက်ကထဲက စပါးတို့ပဲတို့ ဝယ်ရောင်းလုပ်သည်။ ဦးမောင်ကြီး၏ ဗလကောဇကောသိထားသောကြောင့် ထိုနယ်တကြောမှာတော့ သူ့ကိုလိမ်ရဲသူမရှိပေ

ထိုကြောင့်စီးပွားရေးလုပ်ငန်း အောင်မြင်ကာ လယ်များယာများပိုင်သော ထိုရွာမှာတော့ သူဌေးတဦးဆိုလဲ မမှားပါ တနေ့တွင်ရွာထဲတွင်မိတုတ်ဆိုသော အမျိုးသမီးတယောက်သည် ကလေးမမွေးနိုင်ပဲ မီးတွင်းထဲ ဆုံးသွားလေသည်။ ထိုအလောင်းကို နေ့မကူးခင် ရွာင်္သချိုင်း၌ မြေမြုပ်လိုက်ကြသည်။ ထိုညတွင်တော့ အသုဘအိမ်တွင် ဖဲဝိုင်းက အတော်စည်ကားနေသည်။ ညသန်းခေါင်လောက်တွင်တော့ မီးနေသည်စနွင်းနံ့ကြီးအား အသုဘအိမ်က လူအများစူးစူးဝါးဝါးရကာ အသုဘအိမ်တွင် မွန်ထူ၍ သွားသည် ထိုအချိန်တွင်ခွေးကလဲ အူလိုက်တာကျက်သီးများပင် ထကုန်ကြသည်။

မရှေးမနှောင်းပင် ဖဲဝိုင်းနားတွင်ရပ်နေသော စနွင်းရောင်ဝါထိန်နေသော မီးနေသည် သရဲမမိတုတ်အား တွေ့ကြရလေသည်။

”’ ‘မိတုတ်သရဲ —— မီးနေသည်သရဲမိတုတ် ””’

””မိတုတ်သရဲခြောက်နေတယ်””’

ဟုအော်ကာ အားလုံးအလန့်တကြား ဝရုန်းသုန်းကားဖြင့် ထွက်ပြေးကြသည်မှာ အလဲလဲအကွဲကွဲဖြင့် ဖဲဝိုင်းလဲပွစာကျဲကာ ကျန်ခဲ့လေသည်။ထိုအခါအိမ်တွင် ကျန်ရစ်ခဲ့သူများက ကြောက်ကြောက်လန့်လန့်နှင့်

””မိတုတ်ရေ—–အမျှ—–အမျှ ””

အမျှပေးပေမဲ့မိတုတ်က ပျောက်မသွားပဲ အိမ်လှေကားတွင် ငုတ်တုတ်ထိုင်နေရာ အိမ်ရှိလူကုန်သည် နောက်ဖေးပေါက်မှခုန်ချကာ ထွက်ပြေးကြလေသည်။

””သူကြီးဦးမောင်ကြီးရေ ကယ်ပါအုံး—–မိတုတ်သရဲ အိမ်ရောက်နေလို့—””

ဦးမောင်ကြီး အိမ်ထဲအော်ဟစ်ကာပြေးလာသော အသုဘအိမ်ကလူများကြောင့် ဦးမောင်ကြီးလဲ ရေမန်းပုလင်းကိုင်ကာ အသုဘအိမ်အပြေးလိုက်လာတော့

သရဲမက မရှိတော့ပါ ဦးမောင်ကြီးပဲအသုဘအိမ် စောင့်ပေးလိုက်ရသည်။ နောက်တနေ့တွင် ရွာထဲကအလောင်းအစားသန်သူများက အလောင်းအစားတခုလုပ်ရန် တိုင်ပင်ကြသည်။ ထိုသည်မှာ အခြားမဟုတ်သရဲခြောက်သော မီးနေသည်မြေပုံပေါ်တွင် ဝါးတလုံးထောင်ကာ ထိုဝါးလုံးထိပ်တွင် ပိုက်ဆံချိတ်ထားပြီး သရဲမမြေပုံပေါ်က နာမည်ရေးထားသော ဆိုင်းဘုတ်တွင်ကြက်အရှင်တကောင် ချည်ထားမည်ဖြစ်သည်။ ည၁၂နာရီတွင် သွားယူရဲသူသည် တယောက်ထဲသွားကာ ပိုက်ဆံယူကာကြက်အရှင်ကိုဖြုတ်၍ ဖမ်းလာရန်ဖြစ်သည်။

ဒိအလောင်းအစားကြေးကလဲမနဲပေ။ ထိုသတင်းသည် နဘေးရွာများအထိ ပေါက်ကြားသွားကာ စိတ်ဝင်စားသူများ များလာသည်။အနီးအနားရွာက လူများပါအလောင်းအစားထဲ ဝင်ထည့်ကာ အပျော်အပျက်မှသည် တစတစငွေအမောင့်က များလာရာထိုခေတ်က အိမ်ခြံဝိုင်းတခုဝယ်နိုင်သည်အထိ ဖြစ်လာသည်။ ဒိလိုနဲ့ညဘက်ရောက်တော့ ပြိုင်ပွဲကစလေပြီ ရွာထဲကလူများ ကာလသားများ သတ္တိခဲများ လာရောက်လေ့လာသူများနှင့် အသုဘအိမ်တွင် လူတရုံးရုံးဖြစ်နေသည် လူအုပ်များနေသောကြောင့် မီးနေသည်သရဲမမိတုတ်အား အသုဘအိမ်တွင် အစအနပင် မမြင်ရပါ

မမြင်ဆိုမီးနေသည်သရဲ မိတုတ်က င်္သချိုင်းကစောင့်ကာလာသမျှ လူအလွတ်မပေး ခြောက်လှန့်နေသည်။ ညသန်းခေါင်ဘုန်းကြီးကျောင်းက ၁၂ ချက်ခေါက်သံနှင့် မရှေးမနှောင်းပင်ရွာထဲက ခွေးများအူလိုက်သည်မှာ ကျောချမ်းချင်စရာကောင်းကာ င်္သချိုင်းသွားမည့်သူများ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်။ ညသန်းခေါင်င်္သချိုင်းထဲ တယောက်ထဲသွားရမှာက အပြောလွယ်သလောက် အလုပ်ခက်သည် မီးနေသည်မိတုတ်သရဲမကလဲ ရှိသေး သို့ပေမဲ့ငွေက မက်လောက်စရာဖြစ်နေတော့ အရဲစွန့်ကာ သွားကြသည်။ အလှည့်ကြသွားကြသူများက င်္သချိုင်းဝကပြန်ပြေးလာသူများ သရဲမမိတုတ်လိုက်၍ ပုဆိုးကျွတ်ကျန်ခဲ့သူများ

ဝါးလုံးပေါ်က ပိုက်စံယူနေတုန်း အောက်ကကြက်က အကြီးကြီးဖြစ်လာလို့ လန့်လာသူများ ပိုက်စံရပြီးကြက်အရှင်ကိုဖြုတ်နေတုန်း မိတုတ်ကပြန်ဆွဲထား၍ သေပြေးရှင်ပြေးပြေးလာသူနှင့် အရေးမလှကာ တပ်ဆုပ်ပြန်လာသူများအား သူကြီးဦးမောင်ကြီးက ရေမန်းတိုက်လိုက် ပုတီလည်ပင်းဆွဲပေးလိုက် နှင့် အတော်အလုပ်ရှုတ်နေသည် နောက်ဆုံးဘယ်သူမှ မအောင်မြင်တော့ သူကြီးဦးမောင်ကြီးက

”’ကဲငါ့လူတို့ရေ—- ဘယ်သူမှမအောင်မြင်ရင်တော့—– မောင်ကြီးအကြောင်းပြရသေးတာပေါ့—-””

သူ့သတ္တိကိုပြချင်တာကြောင့်င်္သချို င်းသို့အေးဆေးစွာသွားလေသည်။ ရွာသားအားလုံးကတော့ တယောက်တပေါက် ဝေဖန်ရေးနှင့်လေကန်ရေး လုပ်နေကြသည်

”’ဒီတခါသူကြီးလဲမိတုတ်နှင့်တွေ့မှသူကြီးအရှက်ကွဲမဲ့ကိန်းပဲဟေ့”’

””’သူကြီးဦးမောင်ကြီးရာဇဝင်စာတင်မဲ့အရေးပဲကွ””’

ဦးမောင်ကြီးကတော့ အသံဝါဝါကြီးနှင့်မေတ္တာသုတ်ရွတ်ကာ င်္သချိုင်းကုန်းထဲဝင်သွားလေသည်။ သချို င်းကုန်ထဲရောက်တော့ မိတုတ်မြေပုံပေါ်က ဝါးလုံးအားနုတ်ကာ

မြေပုံတိုင်တွင်ချည်ထားသော ကြက်အရှင်အားကြိုးဖြေလိုက်သည် ဒီအချိန်မှာပဲ ဦးမောင်ကြီးနှာခေါင်းထဲ မီးနေသည်စနွင်းနံ့ကြီး တိုးဝင်လာသည်။ ကြက်သည်ယူ၍မရ တစုံတခုကဆွဲထားသလို နေရာမကြွပဲအော်နေသည်။ ဒိအခါ ဦးမောင်ကြီးသည် သူ့အသံကျယ်ကြီးဖြင့်

””ကဲမိတုတ်ရေ—- နင်အစာစားချင်ရင် ငါ့အိမ်ကိုလိုက်ခဲ့—- ဟိုရောက်မှငါအဝကျွေးမယ်—- အခုတော့ဒီကြက်အရှင်ကိုငါ့ကိုပေးလိုက်—-ငါပိုက်စံတွေရတဲ့အခါ နင့်အတွက်တရွာလုံး မီးခိုးတိတ်အလူုလုပ်ပြီးအမျှဝေပေးမယ်—– ဒါဟာငါ့အလုမဟုတ်ဘူး နင့်အလုဖြစ်သွားပြီ—– နင်ကအလုအမပေါ့ဟာ— အဲဒီအခါကျမှနင်သာဓုခေါ်ပါ ဒါမှနင်ကောင်းရာသွားနိုင်မှာ မဟုတ်လား”””’

ဦးမောင်ကြီးကမိတုတ်အား ထိုသို့ပြောကာ ဂူတလုံးပေါ်တွင် ကျကျနနထိုင်ကာင်္သချိုင်းကုန်ထဲတွင်

သူသိသမျှတတ်သမျှ တရားများအား မျက်စိမှိတ်ကာ ဟောလေသည် ထိုအခါရွာထဲက လူများလဲ င်္သချိုင်းကဦးမောင်ကြီး အသံကိုကြားနေရကာ ဘာတွေဖြစ်နေလဲ အလွန်သိချင်နေကြသည်။ မကြာခင်မနက်အာရုံရောက်တော့မည် ဒီအချိန်မှာပဲ ဦးမောင်ကြီးသည် သချိုင်းကုန်းထဲမှ ထွက်လာသည်။ ဦးမောင်ကြီးမျက်နှာသည်ပြုံးနေကာ ပိုက်စံချိတ်ထားသော ဝါးလုံးကြီးထမ်းကာ ကြက်အရှင်ကြီးပိုက်၍ လာသည်မှာ အောင်ပွဲရစစ်သူကြီးပမာ ရင်ကိုကော့၍ရှောက်လာရင်း

”’ဟေး ရွာထဲကလူတွေ—- မောင်ကြီးပြန်လာပြီကွ ကြက်သားကာလသားဟင်း ချက်ဘို့အဆင်သင့်ပြင်ထား—-””

””မောင်ကြီးကွ— ဘယ်ကောင်မှဗိုလ်မထားဘူး—– မောင်ကြီးကိုလာမစမ်းနဲ့—– ယောင်ကြီးဗွေပြုတ်သွားမယ် ””’

ဦးမောင်ကြီးရဲ့အောင်မြင်သော အသံကြီးက ရွာသားများအားလုံးကြားရကာ ဦးမောင်ကြီးလာရာလမ်းသို့ စုရုံးကာ ထွက်ကြည့်ကြလေသည်။ ထိုအခါဦးမောင်ကြီးနောက်တွင် ပါလာသော သရဲမမိတုတ်အား မြင်ကြရသောကြောင့် ဆူဆူညံညံနှင့်ပြန်ပြေးကြလေသည်။ ဦးမောင်ကြီးကတော့ ခပ်အေးအေးပင် သူ့အိမ်သို့ သရဲမအားခေါ်သွား လင်ဗန်းထဲထမင်းကျန်ဟင်းကျန်များပုံကာ အိမ်ရှေ့တွင်ချကြွေးလိုက်သည်။

ဆင်းရဲရှာသော မိတုတ်ရက်လည်မှာတော့ ဦးမောင်ကြီးက သူရလာသောပိုက်စံများဖြင့် ဘုန်းကြီးအားလျူ ဖွယ်ပစ္စည်းအစုံအလင်နှင့် တရွာလုံးမီခိုးတိတ်အလျူ ပေးကာ ဘုန်းကြီးကျောင်း ပြင်ရန်ကျန် ငွေများအား မိတုတ်နံမည်နှင့်လျူ၍ရေစက်ချ အမျှဝေပွဲမှာတော့

”” မိတုတ်ရေ—-အမျှ—အမျှ—-”’

ဦးမောင်ကြီး၏အသံသည် အကျယ်ဆုံးဖြစ်ကာ ဇီးတောရွာတရွာလုံး ပဲ့တင်ထပ်သွားလေသည်။
အဲဒီကထဲက မီနေသည်သရဲမိတုတ် ခြောက်သံမကြားရတော့ပါ။

မီးနေသည် မိတုတ်အသုဘနှင့် ဗိုလ်မောင်ကြီးအကြောင်းကတော့ ထိုရွာတွင်ပြောစမှတ် တင်ကျန်ခဲ့လေသည်။
Powered by Blogger.