ရွာလုံးကျွတ် သေသွားစေမည့် အလောင်းမြှုပ်နည်းအမှား



ကျွန်းလှရွာကြီးဟာ အိမ်ခြေ ၆၀၀ ကျော်ရှိပါတယ်… သူကြီးနာမည်က ဦးအုန်းမောင်တဲ့ ။ သူ့ရွာမှာ စည်းကမ်းရှိရှိ သမာသမတ်ကျကျအုပ်ချုပ်လို့ အမြဲစည်ကားနေဒါပေါ့ကျွန်းလှရွာမှာ ပန်းတောင်ကိုင်
မေနုဟာ လှလွန်းလို့ရွာအနီးအဝေး သတင်းကြီးတဲ့ရွှေမင်းသမီးလေးလေ။ ဒါပေမဲ့ သက်ဆိုးမရှည်ရှာပါဘူး လကွယ်ည 12 နာရီတိတိမှာ မိန်းမရောဂါနဲ့ ဆုံးပါးသွားပီလေသူဆုံးတော့ အမျိုးတွေကလဲငိုကြ ပိုးနေတဲ့သူတွေလဲ စိတ်မကောင်းဖြစ်နေကြရုံပဲလေ။ ဒါနဲ့ ၃ ရက်ထားပီး ကိစ္စချမယ့် ညနေမှာ

”ဒေါင် ဒေါင်ဒေါင် ဒေါင် ”

”ဟာ ဖြစ်တာတုန်းကွ ဗုံးသံ အချက်ပေးဒါပဲ”

” ပြေးကျဟေ”့

တောထဲပုန်းကျကောင်းကင်ပေါ်မှာလဲ ဗုံးကြဲ လေယာဉ်တွေ မည်းသွားဒါပဲ ညရောက်တဲ့အထိ မပြတ်တော့ အလောင်းမြေချဖို့ မလွယ်ကူတော့ဘူးလေ ဒီရွာဓလေ့အရ မိန်းခလေးဆို သုံးရက်ပဲ ထားရသတဲ့ ညဆယ်နာရီက ထိုးပီ မြေမချရသေးတော့ သူကြီးက

”ကဲ ဒို့ရွာကိုလဲမပြန်ရဲဘူး အလောင်းကလဲမြေချရသေးတော့ ဘယ်လိုလုပ်ကျမလဲ”

”ဟုတ်တယ်ဗျ ၁၂နာရီထိုးလို့မှမြေမချရသေးရင် ရွာခိုက်တော့မှာပဲအေး အဲဒါဆိုတော့ ဘယ်သူရွာပြန်မလဲ ”ဘယ်သူမှ မပြန်ရဲကြဘူးလေ အဲ့အချိန်မှာပဲ ဘိန်းစားငညိုက

”ကျုပ်တို့သွားမယ် ဒါပေမဲ့ငွေ ၁၀၀ ပေးရမယ်ဗျ”

”အေး ဟုတ်ပီပေးမယ် ၁၂ မထိုးခင်ပီးအောင်လုပ်နော်’ ”ဟုတ်ကဲ့ သူကြီး ”

ငညိုရယ် ဇော်ကြီးရယ် လှမောင်ရယ် အလောင်းမြေချလာခဲ့ဒါပေါ့ သုံးယောက်သားစကားတပြောပြောနဲ့ထမ်းလာခဲ့ဒါ သင်္ချိုင်းရောက်မှ ကြိုးပါမလာမှန်းသိသတဲ့

”ဟာ ကြိုးလဲပါမလာဘူးဟ”

”အေးဟုတ်တယ်ကွာ”

” ပြန်ယူမလား”

” အာ ယူမနေနဲ့တော့ကွာ ဒီတိုင်းချမယ် အချိန်မရှိဘူး

”အေးဟုတ်တယ် လှမောင် အခေါင်းကို ဝါးကတ်ပေါ်ကချကွာ”

”အေးးးးးး”

” မြေချမဲ့ကျင်းက တောင်နဲ့မြောက်အလျားတူးထား ဒါပေါ့ ခေါင်းကိုမြောက်ဘက်ကထားပီး ချမယ်ဟေ့အေး ငညိုဘယ်လိုချမလဲ မလွယ်ဘူးဟ”

”အေးကွာမထူးပါဘူး ဘယ်သူမြင်ဒါမှတ်လို့

”ပစ်ချမယ် ၁ ၂ ၃ “ဝုန်း””

” ကဲမြေဖို့ကွာ သွားမှိန်းကျမယ် ငွေတစ်ရာဆိုတော့ အမုန်းဆွဲမယ်ဟေ့ ဟားးဟားးဟားးးး”

သူတို့မသိလိုက်တဲ့အချက်က ၃ ရက်နေ့ည ၁၂နာရီတိတိမှာ အလောင်းရဲ့ခေါင်းဟာ ပစ်ချတဲ့အရှိန်နဲ့ ရွာဘက်ကို မျက်နာလှည့်သွားခဲ့တယ်လေ ။ မနက်ရွာပြန်ရောက်တော့. . .

”ဟေ့ ဒေါ်အေးလှဆုံးပီတဲ့ကွ ”

”ဟာ ဟိုတစ်လောင်းက မနေ့ကမှမြေချထား ရသေးတယ် လာပြန်ပီ ”

”အေးကွာသွားကူရအောင်”

နွေဆိုတော့ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ဝိုင်းဖွဲ့ပီး မနေ့က လေယာဉ်တွေ ဘယ်လောက်များကြောင်း စပ်မိစပ်ရာပြောကြရင်းနဲ့

”ဟေ့ ငညိုမင်းတို့မနေ့က ၁၂ မထိုးခင်ပီးသလား ”

” ပီးပါတယ်ဗျ ”

”ကျုပ်တို့ပြန်ရောက်တာ ခင်ဗျားတို့လဲမြင်ဒါပဲ”

”အေးပါကွ မေးကြည့်ဒါပါ”

”အော် ဟုတ်ဟုတ’်’ဆိုပီးပြန်မှိန်းလေနေရဲ့ ညနေအလုပ်ပီးတော့ အိမ်ကိုယ်စီပြန်ရောက်တော့ ပုံမှန်ပဲ ပြော ဆို စားသောက်နေကြဒါပေါ့ဗျာ

နောက်နေ့မနက်ရောက်တော့

”ဗျို့သူကြီး သူကြီး ”

”ဘာလဲဟေ့စောစောစီးစီး ”

” အရီးမြရဲ့သား ဖိုးခွေးဆုံးပီဗျ”

”ဘာ ”

”ဟုတ်တယ်သူကြီးဒီကောင်မနေ့ကတောင် အကောင်းသား ကျုပ်တို့ကိုတောင် အရက်တိုက်သွားသေးတယ်”

” ဟာ ထူးတော့ထူးဆန်နေသလိုပဲ သာဒင်ရ

”အဲဒါပြောမလို့ တိုက်ဆိုင်ဒါဖြစ်ဖို့ပဲ ဆုတောင်းရမှာ’

‘အေးအေး သာဒင်ငါလိုက်လာခဲ့မယ်”

 ဟိုရောက်တော့ ဖိုးခွေးဟာ အိပ်ပျော်နေသလိုပြုံးပြုံးလေးသေနေဒါတွေ့တော့သူ့အမေကို

”ဟေ့ မိမြဘယ်လိုဖြစ်တာတုန်းဟ”

”’ဟီးး ဟီး မသိပါဘူးသူကြီးရယ် မနက်ကျုပ်နိုးတော့မှ အဖြစ်ဆိုးတဲ့သားလေးကိုတွေ့ ရဒါပါ ဟီးးဟီး အဖြစ်ဆိုးလှချည်လားသားရဲ့ မင်းအစား အမေသေလိုက်ချင်ပါတော့တယ် အမေ သေလိုက်ချင်ပါတော့တယ် သေလိုက်ချင်ပါတော့တယ် သေ လိုက် ချင် ပါ တော့ တယ်”

”သူကြီး သူကြီး ဟောဟဲ ဟောဟဲ”

ဲ ”ဘာဖြစ်တာတုန်းဟ အလန့်တကြား အရီးးးရီး မြ မြ ဟောဟဲ ဟောဟဲ ဘာဖြစ်လို့လဲမြန်မြန်ပြောစမ်း သူ သူသူ ဆုံးပီ”

”ဘာ””””””

သူကြီးဖင်ထိုင်ရက် လဲသွားသတဲ့ မနေ့ကသူ့သား ဒီနေ့ကအမေ

”ဟားရူးချင်တယ်ကွာ”

” ဟုတ်တယ်ဗျ မရိုးတော့ဘူး

”အေး အခုမောင်းတီးစမ်း သာဒင်”

” ဟုတ်ကဲ့ သူကြီး”

”ဒူ ဟူ ဒူဟူ ဒူဟူ ”

ခဏကြာတော့သူကြီးအိမ်မှာ လူတွေပြည့်သွားဒါပေါ့ ကဲသိကြတဲ့အတိုင်းပဲ အခုကိစ္စတွေဟာမရိုးတော့ဘူး

”ဟုတ်တယ်ဗျို့ ဟုတ်တယ် ”

” ဒီတော့ ရွာဦးကျောင်းမှာဘုန်းကြီးပင့်ပီး တရားနာရအောင်ကလဲ ဆရာတော်က သူ့နေရပ်ကိုပြန်သွားတယ်ဇီးဖြူကုန်းရွာ ကိုယ်တော်ကလဲငယ်သေးတော့ဖြစ်မှာမဟုတ်ဘူး ကြို့ကုန်း ဆရာတော်ကို အခု သာဒင်ရယ် လှဖေရယ် သွားပင့်ချေ”

” ဟုတ့်ကဲ့ပါသူကြီး” သာဒင်တို့လှည်းကပီးထွက်သွားတော့

”ကဲ လူပျိုခေါင်း စောမြ ”

”ရှိပါတယ် သူကြီး ”

”မင်းက လူငယ်တွေ မကြောက်တတ်တဲ့ယောင်္ကျားတွေခေါ်ပီး ရွာတပတ် ကင်းလှည့်နေပါ ”

” ဟုတ်ကဲ့သူကြီး”

လူငယ်တွေက ဓါးတွေဒုတ်တွေကိုင်ပီးထွက်သွားတော့မှ ”ဟေ့ စိန်ခင် မင်းတို့ကမိန်းမတွေ ကလေးတွေကိုတစ်ဖွဲ့စီစုပီး စောင့်ရှောက်ကျ”

”အေးပါတော် ကဲအကုန်ငါ့နောက်လိုက်ခဲ့ကြဟေ့”

တစ်အိမ်စီ စုပီးစောင့်ကြတော့ဒါပေါ့ ည ၉ နာရီလောက်မှ သာဒင်တို့ဘုန်းကြီးပင့်ပီး ရောက်လာသတဲ့ ဆရာတော်ကို နေရာချထားပေးပီးတော့

”ကဲ ငါ့တူသာဒင် ရေမိုးချိုးထမင်းစားပီး အိပ်တော့ ပင်ပန်းသွားပီ”

လူငယ်တွေက လဲတစ်ညလုံးမအိပ်ပဲကင်းစောင့်ကြဒါ မိုးဒါလင်းသွားတယ်ဘာထူးခြားမှုမှမရှိဘူးတဲ့ မနက်ရောက်တော့။

”့ သမီး မိနွေးနင့်အကိုသာဒင်ကိုသွားနိုးစမ်း”

”တရားနာသွားမယ်လို့”

”ဟုတ်အဖေ ”

”အား အားး”

”ဟဲ့သမီးဘာဖြစ်တာလဲ”

သူကြီးက သေနပ်တိုက်နေတဲ့နေရာကနေ နှစ်လုံးပြူးကိုဆွဲပီး သာဒင်အခန်းကို ပြေးဝင်လိုက်တယ် သာဒင်က ပြုံးပြုံးလေးသေနေပီလေ

”ဟာ မဖြစ်တော့ဘူး တရက်တစ်ယောက်နဲ့ အားလုံး ကုန်တော့မှာပဲ သူ့အလောင်းကို လူတချို့နဲ့စီစဉ်ခိုင်းထားခဲ့ပီး တရားနာထွက်ခဲ့တော့ သူကြီး သူကြီး ရွာထဲကလူငါးဆယ်လောက်ပြောင်း
သွားပီဗျ”

”အော် အေးး ပြောင်းပါစေကွာကဲကဲ တရားနာဖို့ပြင်ဟေ့ ”

တစ်နေ့လုံးတရားနာ ပရိတ်ရွတ်ပီးမှဆရာတော်ကိုပြန်ပို့ လိုက်သတဲ့နောက်နေ့မနက်ကို ဘယ်သူဖြစ်မလဲငါများလားဆိုတဲ့အတွေးတွေနဲ့ မအိပ်နိုင်ကြဘူးမနက်ရောက်တော့ဘယ်သူမှမသေဘူးတဲ့ တစ်ရွာလုံးပျော်ကြဒါပေါ့နေ့လယ်ရောက်တော့ ကြို့ကုန်းကမောင်ပိန် မြင်းကိုစိုင်းပီးရောက်ချလာ တော့တယ်

 ”သူကြီး ကျွန်တော်တို့ရွာကိုပြောင်းခဲ့တဲ့ စောနွယ် မနက်ကဆုံးပီ”

”ဟာ ဒုက္ခပဲ ရွာပြောင်းလဲမလွတ်ပါလား”

”ကျွန်းလှရွာဟာ လူပေါင်း ၁၅၀၀ကျော်ရှိပါတယ်ဒီလိုနဲ့ ရွာမှာမသေရင်ပြောင်းသွားတဲ့ထဲကသေတော့ဒါပဲ တရွာလုံးစိတ်ဓာတ်တွေကျပီးသေမဲ့နေ့ကိုစောင့်နေကြရတယ်လေနေ့တိုင်း တစ်ယောက်တစ်ယောက်နဲ့ အချိန်နှစ်လကျော်ခဲ့ပီလေ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ရက်မြောက်မှာ ဆရာတော်ပြန်ကြွလာတယ်။ ဆရာတော်ကိုတွေ့တော့ ငိုကျ ပျော်ကြနဲ့ပေါ့ ကျောင်းရောက်တော့ သူကြီး က

”ဆရာတော်ဘုရား တပည့်တော်တို့ရွာအကြောင်း”

”နေ နေ ငါသိပီးပီ”

”အရင်က ဒီရွာမှာဘယ်သူအရင်သေဒါလဲဟေ့”

”ဖိုးခွေးပါဘုရား အေး အဲဒါဆိုခုသင်္ချိုင်းကိုသွားမယ်’

သင်္ချိုင်းကိုသွားရင်း ဆရာတော်က

” အုန်းမောင် ”

” ဘုရား ”

”ငါကြို့ကုန်းမှာကြားကတည်းနဲ့ ညတွင်းချင်း မနားပဲပြန်ခဲ့ဒါကွဲ့ ”

”တင့်ပါ့ဘုရား ”

”ခုမနက်ရောဆုံးသေးလား”

”တင်ပါ့ မိနီရဲ့သားလေး မျောက်ငို ဆုံးသွားပါတယ်ဘုရား ”

”အော် သတ္တဝါတစ်ခု ကံတစ်ခုပဲလေ”

”တင်ပါ့ ၆၈ ယောက်မြောက်ပါဘုရား ”

”အေး ဘယ်တတ်နိုင်မလဲကွယ် ”

သင်္ချိုင်းရောက်တော့ . . .

”ကဲ လှဖေ ဖိုးခွေးရဲ့အလောင်းကိုတူးစမ်း”

”တင်ပါ့ဘုရား”

တူးရင်းတူးရင်း ပေါ်ခါနီးကြတော့ အပုတ်နံ့ထွက်လာ တယ

်” ဟေ့ တော်ပီမတူးနဲ့တော့”

” ပြန်ဖို့လိုက် ”

”တင်ပါ့ဘုရား ”

”အုန်းမောင် ဖိုးခွေးအရင်သေဒါ သေချာလား”

”တင်ပါ့ ဘုရား”

”ဟာမဟုတ်ဘူး မေနု မေ နုပါဘုရား”

” ကဲ မေနုအလောင်းကိုတူးစမ်းဟေ့ ”

တဖြည်းဖြည်းနဲ့ အခေါင်းပေါ်တဲ့အထိ အနံ့မထွက်ဘူး ထူးဆန်းနေပီ ဆရာတော်က ခေါင်းတညိမ့်ညိမ့်နဲ့ပေါ့”

” ဟေ့ အခေါင်းဖုံးဖွင့်စမ်း”

”တင်ပါ့ ”

”ဒုန်း ဒုန်း ကျွီးးးး”’

အခေါင်းပွင့်သွားတော့ ။

”ဟာ အမလေး မေနုအလောင်းက တကိုယ်လုံးဝါထိန်ပီး ဆံပင်ကလဲေ သတုန်းကထက် ပိုရှည်နေတာ တွေ့ရတယ်။ မျက်နာကတော့ ရွာဘက်လှည့်လျက်ပြုံးနေဒါပေါ့ အသားတွေကလဲ ပကတိပုံမှန်အတိုင်းပဲ မရိ မပုတ်ဘူးတဲ့။ ။

” အုန်းမောင် မေနုကိုမြေချတော့ မင်းပါသလား”

”မပါ ပါဘူးဘုရား ဗုံးဒဏ်ကြောင့် ပြေးနေရင်း ငညိုတို့ငွေတစ်ရာပေးပီး ချခိုင်းလိုက်တာပါ ဘုရား ”

”ဇော်ကြီးနဲ့လှမောင်တို့ကဆုံးသွားပါပီဘုရား”

”ကဲ ညိုကြီးကိုခေါ်စမ်း ”

ခဏကြာတော့ ညိုကြီးမျက်နှာငယ်လေးနဲ့ပေါ်လာတော့ ဆရာတော်က ငညိုကို ညိုကြီးလို့ခေါ်တယ် ကဲပြောပြစမ်း ညိုကြီးလည်း အစအဆုံးပြောပြတော့ ရွာသားတွေ သတ်မယ်လုပ်တော့ ဆရာတော်က တားတယ်။

”ကဲဖြစ်ခဲ့ဒါတွေဖြစ်ပီးပီပဲ မမိုက်မဲကြနဲ့တော့” ဆိုပီး

မေနုခေါင်းရင်းကနေ ပရိတ်တရား ဟောပီးခေါင်းကိုပြန်တည့်ပေးမယ်လုပ်တော့ မေနုကဖျက်ကလဲ မျက်လုံးဖွင့်ကြည့်တယ်

ဆရာတော်က”ကဲမေနု နင့်ဘဝနင့်လမ်း ဖြောင့်တန်းအောင် လျောက်ပေတော့” လို့မိန့်တဲ့အခါမှ မေနု မျက်လုံးပြန်မှိတ်သွားတယ်

ဆရာတော်က ခေါင်းတည့်ပေးလိုက်တော့ နှစ်လကျော် အလောင်းပုံစံအတိုင်း တဖြည်းဖြည်း ပုတ်ပီး ရိကျသွားတော့တယ် အဲဒီတော့မှ ကျွန်းလှရွာဟာ အရင်တိုင်းပြန်ဖြစ် သွားပါတော့တယ်။ ။

Credit : မူရင်းရေးသားသူ
Powered by Blogger.