မီးဖွားရင်း မီးတွင်းထဲမှာ ဆုံးသွားတာတဲ့လေ
ဒီနေ့ကျမှ အိမ်မှာ ရှုပ်ပွနေတာ နဲ့ ရှင်းလင်းစရာတွေ ကို တခါတည်း ရှင်းလင်းပြီး ညနေ စာ ကိုလည်း ချက် အင်း ။။ အလုပ်တွေ ပြီးလို့နာရီကြည့်မိလိုက်တော့ အော် 8 နာရီ တောင် ခွဲ ပြီပဲ။ သမီးလေးကို ကျုရှင်က နေ သွားကြို ဖို့နောက်တောင် ကျတော့မယ် (ကျုရှင်ဆိုပေမဲ့ ကျောင်းကဆရာမ က သင်တာပါ) လုပ်စရာလေးတွေ လက်စသပ်ပြီးကျုရှင်ကြို ဖို့လုပ်ဦးမှ….
” ကိုယ့်ဘာသာကို တစ်ကိုယ်တည်း ရေရွတ်ပြီး ” လုပ်လက် စအလုပ်တွေ ကို ဖြတ်ပြီး သမီးလေး ကျူရှင် ရှိရာ သို့ထွက်လာခဲ့ပါတယ်…မီးများ ပြတ်နေ၍ ဓါတ်မီးကိုလည်း ယူလာခဲ့ပါတယ်။
နွေရာသီ ဆိုပေမဲ့လည်း ဒီနေ့မှ လေတအားတိုက်ပြီး စိမ့်ပြီး အေးသလို ခံစားနေရသည် …သမီးလေးကျုရှင် တက်သော အိမ် ကကျမတို့ ရွာ ရဲ့ ထိပ်ဆုံးမှာပါ သမီးလေးကတော့ (၃)တန်းပဲ ရှိပါသေးတယ်.. သွက်သွက်လက်လက် စပ်စပ်စုစုလေး နေတတ်လို့ သမီးလေးကို ရွာ က လူတော်တော်များများ က ချစ်ကြပါတယ်။ ဒီလိုနဲ့ ရွာ ထိပ်ရောက်ဖို့ ၅ အိမ်လောက်အလို မှာ ဖယောင်းတိုင် မီးလေး မှိတ်တုပ်မှိတ်တုပ် နဲ့ အိမ်ရှေ့တွင် ဆိုင်းဘုတ် တစ်ခုထောင်ထားပါလား ….
” ဟင် “
“မ....... “
” အသက် (၂၈) နှစ် “
အော် …. မထင်မှတ်ထားသော အသုဘ ပါလား .. ဒီအိမ် က ကောင်မလေး က အိမ်ထောင်ပြုတာ (၂)နှစ်လောက်ပဲရှိသေးတာ ပြီးတော့ လက်ထပ်ပြီးပြီးချင်း ဒီရွာကိုပြောင်းလာတာ။ သူ့ယောင်္ကျားက ဒီရွာ ဇာတိလေ။ အခုတော့ ဆုံးပြီတဲ့.. ပြီးခဲ့သော ရက်ပိုင်း ကပဲ သမီးလေးကို ကျူရှင်ကြိုရင်း ကိုယ်ဝန်ကြီးနဲ့သူ့အိမ် ရှေ့မှာ လမ်းလျှောက်နေတာ တွေ့လိုက်မိပါတယ်။ ဘယ်လို ဖြစ်… အင်း ...... လူဆိုတာလည်း ပြောလို့မရပါဘူးလေ…..သေတစ်နေ့မွေးတစ်နေ့ဆိုတာ..။
ဒီလိုနဲ့သမီးလေးကို ကျူရှင် ကနေ ကြို ပြီးပြန်လာတော့ သမီးလေးက မေးတယ်.. ” မေမေ… ဟို အိမ်မှာလူတွေ အများကြီးပဲ ဘာတွေလုပ်နေကြတာလဲတဲ့…”
ကျမလည်း .. "သမီး… အဲဒီအိမ်ကိုကျော်သွားရင် နောက်ကို ပြန်လှည့် မကြည့်ရဘူးနော်"
ပြောလို့ပင် မဆုံးသေး…………
“အားးးးးးးးးးးးးးးးးးး မေမေ ” ဟူသော အော်သံကို သမီးလေးဆီမှ ကြားရပြီး တခြား ဘာထူးသံမှ မကြားရတော့ “သမီးလေး… သမီးလေး..”
နောက်နေ့မနက်မိုးလင်း (၈)နာရီလောက်မှ သမီးလေး သတိရလာတယ်။ အဲတော့မှ ကျမ လည်း ရင်ထဲမှာ ဆို့နစ်နေတာ တွေ ပျောက်ပြီး သက်ပြင်းချနိုင်တော့တယ်။ သမီးလေးမျက်နှာကို ကြည့်ရတာ တခုခုကို ကြောက်နေပုံရတယ်။
” မေမေ ...... သမီး ညကလေ … ဟို ဆိုင်းဘုတ် ထောင်ထားတဲ့ အိမ်ကို ကျော်လာတော့ မေမေ က နောက်လှည့် မကြည့်နဲ့လို့သမီးကိုပြောတယ်လေ .. ဒါပေမဲ့သမီးနောက်က နေ ကလေးငိုသံ ၊ လူတွေ လမ်းလျှောက်သံတွေ ကြားလိုက်ရလို့ နောက်လှည့်ကြည်လိုက်တော့ ယောင်္ကျားလေးယောက်က အခေါင်းကို ထမ်း လာပြီး အခေါင်းပေါ်မှာ မိန်းမ တယောက် က ဆံပင်ဖားလားချပြီး ကလေးလေး တယောက်ကို နို့တိုက်နေတာကို တွေ့လိုက်ရတယ် မေမေ"
အော် .... ကျမ စုံစမ်းကြည့်တော့ သေသွားတဲ့ ကောင်မလေးက သူ့အိမ်မှာ ကလေး မီးဖွားရင်း မီးတွင်းထဲမှာ ဆုံးသွားတာတဲ့လေ။
Credit : မူရင်းရေးသားသူ
