ရွာပြင်ကွင်းမှာ အခြောက်ကြမ်းတဲ့ သရဲ
မိုးဦးကျခါစဖြစ်၍ ကျေးရွာများ၌ငါးရစ်ခုတ် ဖားဆန်ကွေးရိုက်တက်ကြလေသည်..
ချောင်းကြီးရွာသား ကိုသိုက်ညနေစောင်ချိန်ရောက် သဖြင့်ငါးရှာရန်ပြင်ဆင်နေလေသည် တို့အချိန်တွင်
ကိုသိုက်သူငယ်ချင်းများဖြင့်ကြသော စိုးကြီးနှင့် အောင်ဘတို့ ရောက်လာကြလေသည်
“ဟေ့ကောင် ကိုသိုက် မင်းပြင်လို့ဆင်လို့ပြီးပြီလား တို့ဒီ ညရွာပြင်ကွင်းမှာ ငါးသွားရှာကြမယ် မင်းလိုက်မှာလား”
“ဟာ ဟေ့ကောင်တေရွာပြင်ကွင်းက သချို င်္င်းကုန်းနဲ့နီးတယ်လေကွာမသွားချင်းပါဘူး ကြောက်တယ်ကွ”
“မင်းကလဲ တစ်ယောက်ထဲမှ မဟုတ်တာငါတို့လဲပါတာပဲကို”
“အေးလေ” စိုးကြီးရဲ့စကားကို အောင်ဘက ထောက်ခံလိုက်လေသည် အဲ့တော့လဲအဖော်ညီတော့ ကိုသိုက်က
“အေးဒါ ဆိုသွားမယ်ကွာ ဘယ်သူမှ မရှာတဲ့နေရာဆိုတော့ ငါးပိုရမှာကွ “”
စကားပြောရင်ညမှောင်လာလေသည် “ဟေ့ကောင် ကိုသိုက်မြန်မြန်လုပ်မှောင်လာပြီကွ တို့ကဒီညငါးမခုတ်တော့ဘူး ပိုက်တားမှာဆိုတော့ တအားညည့်နက် နေရင်မကောင်းဘူးကွ”
ကိုသိုက်ကလဲ”ငါက အစကငါးခုတ်မလို့ကွ မင်းတို့ကပိုက်တားမှာဆိုတော့ အဖော်ညီတော့ငါလဲ ပိုက်ပဲတားတော့မယ်ကွာ” ဟုဆိုကာ တန်း၌ချိတ်ထားသောပိုက်နှစ်ထည်အားယူပြီး ဓာတ်မီးအားလက်တဖက်က ကိုင်၍ သူငယ်ချင်းသုံးယောက် ရွာပြင်ကွင်းအားထွက်သွားကြလေသည်။
ရွာပြင်ကွင်းသို့ရောက်သောအခါ ပိုက်တားရန် ပြင်ဆင်ကြရင်း ကိုသိုက်က “ဟေ့ကောင်တေ သိပ်ဝေးဝေးသွားမတားကြနဲ့နော်”
“အေးပါကွမင်းကလဲကြောက်တက်လိုက်တာလွန်ရော ယောင်္ကျားကြီးဖြစ်ပြီးတော့”ဟုအောင်ဘကပြောလိုက်ရာ ကိုသိုက်က”ဟ ဟေ့ကောင်အောင်ဘက ယောင်္ကျားမှာလဲ ကြောက်တက်တဲ့ အသည်းနှလုံးပါတယ်ကွ မင်းသိလား”ဟုပြောလိုက်ရာ စိုးကြီးက ” ကိုသိုက်ရာ ရုပ်ကြမ်းကြီးနဲ့ကဗျာဆန်နေပြန်ပါပြီ”
“”ဟားးးးးးးးးး””
သူငယ်ချင်းသုံးယောက်ပိုက်တာရင်း ပွဲကြနေလေတော့သည် ။
ကိုသိုက်တို့သူငယ်ချင်းသုံးရောက် လဲပိုက်တားပြီး၍ တာပေါ်ပြန်တက်လာရင်း စိုးကြီးက “တို့မပြန်ပဲပိုက်တေတခါထဲပြန်ရုတ်သွားမယ်သက်လား ဟေ့ကောင်တေ”
ကိုသိုက်နဲ့အောင်ဘကလဲ
“အေး”
“အေး”
“တခါထဲပဲစောင့်ရုတ်သွားတာပေါ့ကွာ ရွာပြန်ပြီးနောက်တခါတော့ပြန်မလာချင်တော့ဘူး”
ဟုပြောရင်းတာပေါ်ကပေါက်နေတဲ့မြက်တေကိုဆွဲနှုတ်ပြီး ထိုင်စရာ လုပ်လိုက်ကြလေသည် မိုးဦးကျကာလဖြစ်၍ တာပေါ်၌ စိုစွတ်နေခြင်းကြောင့်ပေ
တာကသုံးခွဆိုင်ဖြစ်၍သူငယ်ချင်းသုံးယောက်သုံးပွင့်ဆိုင်ကြောချင်ကပ်၍ထိုင်နေရင်း စကားများပြောနေကြလေသည်။
ဖြစ်ချင်တော့ ကိုသိုက်မျက်နှာမူပြီ ထိုင်နေတာက သချိ င်္ုင်းကုန်းဘက် မိုးဦးကျဆိုပင်မဲ့ကောင်းကင်က တိမ်ကသိပ်မရှိ ကြယ်တောင် ပွင့်နေသည်။
အောင်ဘနှင့်စိုးကြီးကတော့ ငါးရရင် ဘယ်လိုချက်စားမယ် ပိုရင်သုံးဖို့ ရောင်းမယ်နှင့်ပြောပြီး ပီတိတေဖြစ်နေကြသည်။
ကိုသိုက်ကတော့ အောင်ဘနှင့်စိုးကြီးကို မှီနေရင်း သချိ င်္ုင်းကုန်းဘက်ကိုငေးနေမိ၏ စိတ်ထဲ၌လဲ
! သချိ င်္ုင်းကုန်းထဲက ကုက္ကိုပင်ကြီးကလဲ သရဲကြီးငုတ်တုတ်ထိုင်နေသလိုပဲကြောက်စရာကြီး!
ဟုတွေးနေမိသည် သူငယ်ချင်းတေစကားများပြောနေကြရင်းကိုသိုက်မှေးကနဲးဖြစ်သွား၍ လူကယိုင်းသွားသည် အောင်ဘနှင့်စိုးကြီးကတော့စကားပြောကောင်နေသည် စိုးကြီးက
” ဟေ့ကောင်ကိုသိုက်မှီရင်လဲကောင်းကောင်းမှီကွာ လှုပ်စိလှုပ်စိ လုပ်မနေနဲ့”
“အေးပါကွာ ငါလဲမင်းတို့ပြောတာနားထောင်ရင်းအိပ်ငိုက်သလို ဖြစ်သွားလို့ပါကွ” ဟုကိုသိုက်ကပြန်ပြောလိုက်လေသည်။
ပြောပြီး ကိုသိုက်တယောက် သချိ င်္ုင်းဘက်သို့လှမ်းကြည့်လိုက်သော အခါမှာတော့ သချိ င်္ုင်းထဲကနေမဲမဲအရာတခုကလှုပ်ရှားလာရင် သူတို့ရှိရာဘက်သို့လှမ်းလာလေသည် လှမ်းသောအရာသည် တလှမ်းလှမ်းတခါအရပ်ကရှည်လာလေသည် ကိုသိုက်ကြည့်နေရင်းမျက်လုံးတေပါပြူးကျယ်လာလေသည်
ကိုသိုက်လဲဘာမှမပြောပဲ သူဝတ်ထားသောလုံချည်အား ချွတ်ပြီးအောင်ဘနှင့် စိုးကြီးကိုလှမ်းစွတ်လိုက်လေသည် ဤသို့လုပ်လိုက်သောအခါ လုံချည်တကွင်းထဲ သုံးယောက်ဖြစ်သွားလေသည် အောင်ဘက
” ဟေ့ကောင်ကိုသိုက်ဘာလုပ်တာလဲကွ”
“ဘာလုပ်လဲမမေးနဲ့ ဟိုမှာ မင်းအမေလင်လာနေတာတွေ့လား” ဟု ပြောကာသချိ င်္ုင်းဘက်သို့ လက်ညိုထိုးပြလိုက်လေသည်
“ဟာ ဟို ဟိုမှာအရပ်ကြီးအရှည်ကြီးပဲ သရဲ သရဲ ပြေး ပြေးးးးး”
ဟုပြောကာ ထပြေးလေသည် ကိုသိုက်စွတ်ထားသော ပုဆိုးကိုမဖယ်အား ကြောက်လန့်၍ ထပြေးရာ
အောင်ဘက သူတို့ရွာဖြစ်တဲ့ချောင်းကြီးရွာဘက်
စိုးကြီးက တဖက်ရွာဘက်
ကိုသိုက်က လယ်ကွင်းပြင်ဘက်
သုံးယောက်သားပါးစပ်ကလဲ
“”သ သရဲ အားးးးး ကယ်ကယ်ကြပါအုံးဗျို့””
ဟုအော်ရင်း ပုဆိုးတကွင်းထဲလူသုံးယောက် ကိုယ်မျက်နှာမူတဲ့ဘက်ကိုယ်ပြေးနေရာ ရှေ့သို့မရောက်ပဲ အဲ့နားမှာပင် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြစ်နေတော့သည်
မဲမဲရရှည်ရှည်အကောင်ကြီးအနားရောက်အလာနှင့်မဲမဲကောင်ကြီးကငုတ်အကြည့် ကိုသိုက်ကလဲမော့အကြည့်နှင့် မျက်နှာတခုလုံးမီးလောင်ထာသောမီးလောင်ကွက်တေနှင့် မျက်လုံးဟောင်းလောင်နဲ့တွေ့လိုက်သောအခါမှာတော့
“”‘သသသသ သ”
အော်ရင်း ပုဆိုးကွင်းထဲ၌သတိလစ်သွားလေတော့သည် ။
…………………………………………………
အောင်ဘက စိုးကြီးကို လက်ဖမ်းဆွဲရင်း
” ……သားရဲ့ ဘယ်ဘက်ပြေးနေတာလဲ”
ဟုဆိုကားရွာဘက်မျက်နှာမူပေးလိုက်တော့မှ နှစ်ယောက်သားရွာသို့ပြေးကြလေတော့သည်
ကြောက်ကြောက်နှင့်ပြေးလာလိုက်ကြတာရွာ်ထိပ်ကိုရောက်မှန်မသိရောက်လာကြသည်
အဲ့တော့မှ စိုးကြီးက
“ဟာ အောင် အောင်ဘ ကို ကို ကိုသိုက်ကျန်ခဲ့ပြီ ”
ဟုပြောကာ နှစ်ယောက်သာ နောက်သို့ လှည့်ကြည့်လိုက်သောအခါ……….
သူတို့နှစ်ယောက်ကို စွတ်ထားသောပုဆိုးကွင်းထဲမှာပဲ မျက်လုံးအပြူးသားနှင့်သတိလစ်နေသော ကိုသိုက်အားတွေ့လိုက်ရလေတော့သည်…….
Credit: Pyae Sone