သရဲအော်တဲ့ည
””အူ……..အူ………အူ……….အူ…….အူ….”””
အသံရှည်ဆွဲကာ အူးနေကြတဲ့ ခွေးသံက ကြားကြရသူတွေမှ နောက်ကျော့စိမ့်ပြီ ကြက်သီးတဖြန်းဖြန်းထစေတယ်။ တစ်ရွာလုံးမှရှိသမျှခွေးတွေက ရွာပြင်အူးနေကြတာ ကျက်သရေတုန်းသလို ကလေးတွေလည်လန့်ဖြန့်ပြီး ငိုကုန်တယ်။ ကလေးတွေကိုချော့မောရင် ကလေးလူကြီး အိပ်ရာဝင်ခဲကြတယ်။ ညအချိနိကတော10.00 နာရီရှိပါပြီ ခုနက ကလေးငိုသံတွေကြားနေရကြတဲ့ အိမ်တွေက အခုတော့လည်း ဘာသံမှမကြားရတော့ပါ။ အိမ်တိုင်းလိုလို မအိပ်သေးပဲ အိပ်ရာမှ တိတ်ဆိတ်ငြိမ်သက်စွာ ရှိကြပေမယ်လို့ ခွေးတွေလည် အဆက်မပြတ်အူးဆဲပါ။ နာရီဝက်အကြာအူးပြီ ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတာ ခုနက ခွေးအူးသံတွေ ရွာကပဲ မဟုတ်သလိုပါ။
ဘယ်လောက်ထိ တိတ်ဆိတ် သလဲဆိုရင် သစ်ရွက်ခြောက်ကြွေကျသံ နှင်းစက်ကျသံတွေသာ ကြားရပြီ အားလုံးတိတ်ဆိတ်ဆဲပါ။ အခုလိုအချိန်မှ ရွာခံမဟုတ်ပဲ ရပ်ဝေးက ဧည့်သည်ရောက်ခဲမယ်ဆိုလျှင် လန့်ဖြန့်ပြီပြေးလောက်တယ်။ ရွာနဲ့မတူပဲ သုဿန်နဲ့တူနေလို့ပါ။ အခုလို ရွာသားတွေ တိတ်ဆိတ်နေရတဲ့ အကြောင်းလေးရှိတာကို လတ်တလော သစ်ပင်ပေါ်က ပြုတ်ကြပြီ ခြံတိုင်ထိုးဖောက်ပြီ သေသွားတဲ့ နိုင်လင်းဖြိုးကြောင့်ပါ။
အပင်ပေါ်က ပြုတ်ကျပြီး သေတာဆိုတော့ အစိမ်းသေပေါ့။ သူရင်ဝမှ ခြံတိုင်ထိုးစိုက်နေတာ နုတ်မရလို့ ခြံတိုင်ကို လွှနဲ့ဖြတ်ပြီသြင်္ဂုလ်ထားရတယ်။ ရွာသားတွေ ကြောက်လန့်ပြီ တိတ်ဆိတ်မယ်ဆိုရင်လည် တိတ်ဆိတ်စရာပါ။ နိုင်လင်းဖြိုးသေပြီး (၈)ရက်အကြာမှ နိုင်လင်းဖြိုး သူငယ်ချင်းတွေ တစ်ဖက်ရွာက အလာမှာ ညတော်တော်နက်နေပါပြီ
“”””ဟူ……မောလိုက်တာကွာ မိုးချုပ်မှာကြောက်လို့ အမြန်လာတာ မိုးကချုပ်ဖြစ်အောင် ချုပ်သေးတယ်ကွာ”””
“”””ဘာလဲ… ဇော်ဇော် မင်းက ကြောက်လို့လား””
“”မဟုတ်ပါဘူး သက်လွင်ရာ အခုလို့မိုးချုပ်တော့ လက်မှာဓာတ်မီးမပါ ဘာမပါနဲ့ သွားရတာ စမ်းတဝါးဝါးဖြစ်လို့ကွာ”””
“”အဟမ်ဟမ်း….အဟမ်းဟမ်း”””
””ဇော်ဇော် မင်းချောင်းဆိုးတာလား””
“”ဘယ်ကလာ ချောင်းဆိုးရမှာလည်ကွာ မဆိုးပါဘူး””
ဇော်ဇော်နဲ သက်လွင်စကားပြောလာရင်း ရုတ်တရက် ထွက်ပေါ်လာတဲ့ ချောင်းဆိုးသံကြောင့် တစ်ယောက်ကို တစ်ယောက် မေးမိပေမယ့် သူတို့နှစ်ယောက် မဟုတ်ပါ။ ဒါဆိုရင် ဘယ်သူလဲ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်ပေမယ့် သူတို့နှစ်ယောက်ကလွဲလို့ လူဆိုတာ မပြောနဲ့ ခွေးတစ်ကောင်ကြောင်တမှီမှ မရှိပါ။ နိုင်လင်းဖြိုး သေတာလည်(၈)ရက်ပဲ ကြာသေးတယ်။ သက်လွင်နဲ့ ဇော်ဇော်ကြားမှာခဏမျှ တိတ်ဆိတ်နေပြီ နှစ်ယောက်သား အတွေးကိုယ်စီနဲ့ အမှောင်လမ်းမှ စမ်းတဝါးဝါးလျှောက်လာနေချိန်
“”””ရှပ်…….ရှပ်………ရှပ်……..ရှပ်…..”””
“”သက်လွင်ငါ….ငါ….ငါ…ခြေသံကြားသလိုပဲကွာ””””
“””အေး…ငါ….ငါလည်ကြားတယ်”””
နှစ်ယောက်သား နောက်ကိုလန့်လန့်နဲ့ လှည့်ကြည့်ပေမယ့် မှောင်တာကလွဲလို့ ဘာမှမမြင်ရပါ။ နောက်ကျော့တွေ စိမ့်တက်လာပြီ ဆံပင်တွေ ထောင်ကုန်လောက်အောင် ထနေတဲ့ ကြက်သီးမွှေးညင်းတွေကြောင့် သူတို့နောက်က တစ်ယောက်ယောက်လိုက်နေတာ သေချာနေပြီ။ ဒါပေမယ့် ဟန်ကိုယ်ဖိုဆိုသလို သက်လွှင်က ဇော်ဇော်ကို စလိုက်တယ်။
“””ဇော်ဇော် မင်းကြောက်နေတာလား”””
“””ဟားဟားဟား… ငါလားကြောက်မှဝေးသေးတယ်ကွာ ငါကိုလာခြောက်လို့ကတော့ ခြောက်တဲ့အကောင်နာပြီသာမှတ်”””
ဇော်ဇော်လည်း အောက်ကျမခံပြန်ပြီး သက်လွင်စကားကိုချေဖျက်လိုက်တယ် ပါးစပ်ကသာ မကြောက်တာ တကယ်လက်တွေ့မှတော့နှစ်ယောက်စလုံး ကြောက်စိတ်တွေ တအားဝင်နေတယ် အဲ့အချိန်မှာပဲ
“”””ဝုန်း…….အား…..”””
“””ဟေ့ကောင်ဘာသံလဲ”””
“”ဘယ်သိမလဲ ”””
”””ဟာရှေ့မှ ဘာကြီးလဲကွာ လှုပ်စီလှုပ်စီနဲ့””
“””လူပဲဖြစ်မှပါကွာ””
“””အဲလူက ဘာလုပ်နေတာလည် ကုန်းကုန်းကွကွနဲ့ ဒီလောက်အမှောင်ထဲမာ”””
“””မင်းမျက်လုံးကောင်းသေးတာပဲ လာအနီးရောက်မှ အဖြေသိရတာပေါ့”””
စကားအပြန်အလှန်ပြောရင်း လျှောက်လာခဲကြတာ အနီးလည်ရောက်ရော သူတို့ထင်ထားသလို လူမဟုတ်ပဲ
“””ဟာ…..နိုင်လင်းဖြိုး…နိုင်လင်းဖြိုး”””
“””အမယ်လေးဗျာ…သရဲ….သရဲ”””
သရဲမကြောက်ဘူး ခြောက်တဲ့အကောင် နာပြီလို့ပြောခဲတဲ့ ဇော်ဇော်တစ်ယောက် အော်ဟစ်ရင်း ပြေးသွားတာ တန်းနေတာပဲ သက်လွင်က ဘယ်အချိန်ကတည်းက ပြေးသွားတယ် မသိလိုက်ပါ။ အဲလိုပဲ ညမိုးချုပ်လို့ အပြင်ထွက်ရင် နိုင်လင်းဖြိုးတစ်ယောက် သွေးကွက်တွေနဲ့ ဇက်ကြိုးလိမ့်ပြီ ရင်ဝမှ ခြံတိုင်တန်းလန်းနဲ့ သွားနေတာ လူတိုင်လိုလို တွေ့လာကြတယ်။ ဒါကြောင့် ညမိုးချုပ်ရင် အိမ်တံခါးပိတ် ပြီး အိမ်တွင်းမှာ ကုတ်နေကြတယ်။ ဒါတောင်တစ်ခါတစ်ရံ အိမ်တွေကိုလိုက်ပြီ ကျောက်ခဲတွေနဲ့ ပစ်သေးတာ။ နောက်ဆုံးတော့ ရွာကနေ သုဿန်လို့ ဖြစ်လာပြီး တိတ်ဆိတ် ခြောက်ကပ်လာတယ်။ ကြာလျှင်ရွာပြိုတော့မယ် လူတွေလည်း အော်အော်ပြီး သေသွားရတာ များလာတယ်။ သေသွားတဲ့သူတိုင်း မျက်လုံးပြူး လျှာထွက်ပြီး သေနေတာ။ တစ်ချို့ဆိုရင်ကြည့်မရလောက်အောင် ရုပ်ပျက်ဆင်းပျက်ပြီး ကြောက်စရာအသွင်းမျိုး ဖြစ်ပြီး သေရတယ်။ နောက်ဆုံးတော့ လူကြီးတွေ တိုင်ပင်ပြီး ရွာကို ပရိတ်နာကြရတော့တယ်။ ပရိတ်နာတဲ့ ညမှာပေါ့
“”””ဟီးဟီးဟီး…ငါကိုဝင်ခွင့်ပေး”””
“””အဟင့်ဟင့် ငါကိုမနှင်ကြပါနဲ့”””
ရွာထဲကို ဝင်ခွင့်ရအောင် အော်ဟစ်နေတဲ့ နိုင်လင်းဖြိုး အသံကိုပရိတ်နာနေတဲ့ လူတိုင်း ကြားရသလို ဆရာတော် ဦးဇင်းများလည်ကြားရပါတယ်။ ပရိတ်နာပြီဆိုကတည်းက ရွာကို စည်းတားပြီ အပြင်လူ အတွင်းမဝင်ရ အတွင်းလူ အပြင်မထွက်ရ ပရိတ်နာမပြီးမချင်း ဆိုပါတော့။ ပရိတ်နာလို့လည်းပြီးရော့ အိမ်တိုင်လိုလို စကောတီးကြ ပရိတ်နာရာတွင် ဆားနဲ့ဆန်တွေနဲ့ ကိုယ်အိမ်ကိုပစ်ကြပြီး
“””သွားကြ…မကောင်းတဲ့ အကောင်တွေသွားကြ”””
“””ဝေ……ဒုန်း… သွားမကောင်းနဲ့ အကောင်တွေရွာထဲက ထွက်ကြ….”””
“””အောင်မယ်လေးဗျာ….ပူတယ်….ပူတယ်…..ဝူး….ဝူး…..ဝူး….အား”””
သရဲလေ ပူတယ်ဆိုပြီ တဝူးဝူး တအားအားအော်တာ ညလုံးပေါက်ပါပဲ။ မနက်အာရုံလင်းမှ အသံတိတ်သွားသလို နောက်ညတွေမှာ နိုင်လင်းဖြိုးကို လုံးဝမတွေ့ရတော့ပါဘူး။ ပရိတ်နာလိုက်လို့ ရွာထဲကို ဝင်မရတော့တာလား ဒါမှမဟုတ် ကျွတ်သွားတာလားဆိုတာ လူတိုင်း အသေချာရေရာတဲ့ အဖြေကို တိကျမှန်ကန်စွာ မထုတ်နိုင်ပါ။ ဒါပေမယ့် ရွာလေးက အရင်လို ပြန်ပြီး စည်းကားလှတာ ဝမ်းသာစရာလေးပါ။
Credit : မုန်း
