မေတ္တာခြုံ၍ လုံခဲ့သည်



မကြာသေးခင်အချိန်ရဲ့ အဖြစ်အပျက်လေး တစ်ခုပါ။ ကျွန်တော် တို့ရဲ့ စီနီယာ တစ်ယောက် အဖြစ်ပျက်လေးပါ။ ဧရာဝတီတိုင်း ရဲ့ ရွာလေးတစ်ရွာပါ နာမည်တော့ ထည့်မရေးတော့ပါဘူး ။

အစ်ကိုကြီးက ဘုရားတရားသမား သူက သက်ဝင်ယုံကြည့်လို့ လုပ်တာပါ ။ ကိုယ်ကျင့်တရားတော့ အတော်ကောင်းတယ်။ သူက ပအို့ဝ်လူမျိုးပါ။ ကျွန်တော်တို့ တပ်ရင်း ပင်လယ်ပြင် စိုးမိုးရေးအနေနဲ့ ၇ွာတွေဘက်ကို လုံခြုံရေး ထွက်ရတယ် ။ တပ်ခွဲလိုက် စခန်းတွေ ယူရတယ်။ အစ်ကိုကြီး ယူရတဲ့ စခန်းက ပြသနာစတာဘဲ ။ အကိုကြီးက စကားပြောပြတ်တယ်။ မဟုတ်မခံ တုတ်ထိုးအိုးပေါက် စကားပြောတတ်လို့ တည့်တဲ့သူက ရှားတယ်။ ဘုရားတရားတော့ အတော်ကိုလုပ်တယ်.။ စခန်းတွေကို ရောက်ရောက်ချင်း နဂိုရှိတဲ့ တပ်ရင်းတွေနဲ့ ချိန်းတော့ စခန်းမှာ ဘယ်သူမှမနေဘူး။

အဲဒါနဲ့ သူကမေးတယ်။ ဘာဖြစ်လို့မနေတာလဲလို့ ရှိနေတဲ့ တပ်ရင်းကိုမေးတော့ နောက်တစ်ရက်ဆိုရင် သိမှာပေါ့ဆိုပြီး ချိန်းသွားတယ်။ သူကလည်း ရောက်တော့ စခန်းမှာ မြတ်တွေချည်းဆိုတော့ အားလုံးကို လုပ်အားပေးဆိုပြီး ကျွန်တော်တို့ပါ ကူလုပ်ရတယ်။ ကျွန်တော်က သူစခန်းကနေပြီး တဆင့်သွားရတာကိုး။ သူစခန်းမှာ တစ်ညအိပ် သူနဲ့အတူတူ ၀ိုင်းပြီး မြတ်ရှင်းရတယ်။ ပြီးတော့ သူနေမဲ့ အခန်းကလည်း ပင်ကူမျှင်တွေ ချည်းဘဲ။ ဘုရားဆောင် (စင်လို့ မသုံးရပါဘူး ဆောင်လို့သုံးတာ ပို့သင်လျော်သည်.နတ်စင် ရေစင် တန်းတူ မသုံးရပါဘူး ဘုရားဆောင်လို့ သုံးရပါသည်) ကလည်း ပန်းတွေခြောက်ကပ်ပြီး ပင်ကူမျှင်တွေနဲ့မို့ သူကလည်း ဘုရားဆောင်ကိုသန့်ရှင်းလုပ်ပါတယ်။ ဘုရားပန်းကပ် ဆီမီးပူဇော် ပြီးတော့ အိပ်ယာတွေဘာတွေ ခင်းနဲ့ တစ်နေကုန်သွားတယ် ။
အဲဒီအချိန်မှာ ကံကောင်းတာလား တိုက်ဆိုင်တာလားတော့မသိဘူး။ ညနေစောင်းတော့ လိုင်း ပြေးဆွဲနေတဲ့ သင်္ဘော နဲ့ ကျွန်တော် စခန်ကိုသွားရပါတယ် ။ ညမအိပ်ဖြစ်ပါဘူး ။အဲဒါနဲ့ ကျွန်တော်လည်း အကိုကြီးကို နှုတ်ဆက်ပြီးတော့ ဆက်သွားခဲ့ပါတယ်.. ။ အကိုကြီးစခန်းနဲ့ရွာနဲ့က အတော်လှမ်းပါတယ်။ ..အဲဒီလိုနဲ့ အုပ်ချုပ်မှုတွေလုပ်ပြီးတော့ ဒီလိုဘဲ ညအိပ်လိုက်ကြတယ် ။ မနက်တော့ ရွာက အကြီးအကဲတွေက မေးတယ်။ ဗိုလ်ကြီးတို့ညက ဘာမှမဖြစ်ဘူးလားတဲ့။ သူကဘာမှဖြစ်ပါဘူး။ အေးချမ်းပါတယ် ဘာဖြစ်လို့လဲမေးတော့ ဘာမှမဟုတ်ပါဘူးတဲ့ စခန်းထဲမှာ အသောက်အစား မလုပ်ပါနဲဆိုပြီး ပြောပြီး ပြန်သွားတယ်တဲ့။

နောက်နေ့ကျတော့ ရွာက လူကထပ်မေးတယ် ဘာမှဖြစ်ဘူးလားတဲ့ ။ သူကစိတ်ဆိုးပြီး ဘာဖြစ်ရမှာလဲတဲ့ ပြန်မေးတော့ ဘာမှမပြောဘဲပြန်သွားတယ်တဲ့ ။ သူတို့စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာတယ်တဲ့ ။ သူက သူကိုယ်သူယုံကြည်ပြီးသား သူဆိုတော့ အေးဆေးပါဘဲ ။ စခန်းထဲမှာ ဇီးပင်တစ်ပင်ရှိတယ်။ ဇီးပင်အောက်မှာလဲ ပုလင်းကွဲ တွေ ဇီးပင်ရဲ့ အကိုင်းတွေနဲ့ ၇ှုပ်ပွနေတာဘဲ။ အဲဒါနဲ့သူက ဒါလေးကိုရှင်းပြီး ညခင်းထိုင်လို့ရအောင် ခုံရိုက်ကြမယ်ဆိုပြီး သူကိုယ်တိုင်ဦးဆောင်ပြီး ပုလင်းကွဲတွေရှင်း ..ခုံတွေရိုက် အပင်တွေရှင်းထုတ်ပြီး တော့ အားလုံးထိုင်ပီး စကာပြောကြတယ်။ တစ်ခုရှိတယ် သူကေ၇ာက်ကတည်းက စခန်းထဲကို မိန်းကလေးပေးမ၀င်ပါဘူး .. အခြားကိစ္စတော့မဟုတ်ပါဘူး စခန်းထဲပေးဝင်ရင် အများအမြင် မတင့်တယ်တာရယ်.. အပြောအဆိုခံ၇မှာရယ် ဒါကြောင့် ကိစ္စကြီးငယ်ကို စခန်းစည်းရိုးရဲ့ အပြင်မှာ တဲလေးတစ်ခုရှိတယ်။ အဲဒီမှာဘဲပြောဆိုလေ့ရှိပါတယ်။

မိန်းကလေးတွေနဲ့ပတ်သတ်တဲ့ ကိစ္စဆိုရင် လုံးဝလုံးဝပေးမ၀င်ပါဘူး..။ ။ ညခင်းဆိုရင် စခန်းထဲမှာသူက မေတ္တာပို့တယ်။ လမ်းလျောက်ပြီးရင် ဇီးပင်အောက်မှာ လက်ဖတ်ရည် ထိုင်သောက်တယ်။ ပြီးရင် ဘုရားရှိခိုးပြီး အိပ်တယ် တစ်ပတ်လောက်ကြာတော့ ပြဿ နာ စဖြစ်တာဘဲ .. ။

သူအခန်းထဲကို နေခင်းကြီးမိန်းမတစ်ယောက် ၀င်လာလို့ သူအရမ်းစိတ်ဆိုးသွားတယ်။ ဘာဖြစ်လို့ ပေးဝင်တာလဲဆိုပြီး .ပြီးတော့ပိုဆိုးတာ သူအခန်းထဲထိအောင်ရောက်တယ်။ ၀င်လာတော့ သူအရမ်းစိတ်ဆိုးပြီး ဘယ်သူပေးဝင်တာလဲ ဆိုပြီးအော်ခေါ်တယ် ..။ အဲဒီအချိန်မှာ သူကိုတောင်းပန်တယ်။ မဟုတ်ပါဘူး သူ ၀င်လာတာ ဘယ်သူမှ မသိပါဘူးတဲံ။ အဲဒီလိုအမိန်ကြီး မထုတ်ထားပါနဲ့ နေလို့မရလို့ပါတဲ့။ ..ပုဆစ်တုပ်လေးထိုင်ပြီးတော့ သူကိုပြောတယ်တဲ့။

သူ မျက်နှာကိုကြည့်တော့ ဘာမှမပေါ်ဘူးတဲ့။ ပြီးတော့ အဖြူအစိမ်းနဲ့ တဲ့။ သူဝင်ဖို့ကြိုးစားတာ ခဏခဏရှိပြီး ၀င်လို့မရဘူး။ အခု အတတ်နိုင်ဆုံးကြိုးးစားပြီး ၀င်တာပါတဲ့။ သူနေရာလေးကို ရှင်းပေးထားလို့ ကျေးဇူးတင်ပါတယ်တဲ့ ။ အရင်တုန်းက ဒီမှာအရက်တွေသောက်တယ် သူ့နေရာကိုလည်း သေးတွေနဲပန်းတယ်တဲ့။ ပြီးတော့ ဘုရားတရားလည်း မရှိကြဘူးတဲ့ ။ အဲဒီတုန်းက လုပ်လို့ရတယ်တဲ့ ။ ဗိုလ်ကြီးကျတော့ လုပ်လို့ကိုမရတာ ဆိုပြိးပြောတယ်။ ဟာမရဘူး ဒါက သင့်လျော်တဲ့ အမိန့်ဆိုပြီးပြောလိုက်တဲ့အခါမှာ ဘာမှမပြောဘဲပြန်သွားတယ်တဲ့ ..။ အဲဒိအချိန်မှာ သူ အိပ်ယာက လန့်နိုးလာတယ်တဲ့။ နေခင်းဘက်ကြီး သူအိမ်မက်မက်နေတာ ..။

သူဘယ်သူကိုမှမပြောပြဘဲနေတယ်.။ နောက်နေ့ကျတော့ သူမေတ္တာကို ပိုပိးပို့လာတယ် ။ စခန်းတွင်းစခန်းပြင်မှာ ပိုပြီး မေတ္တာပို့တယ်တဲ့။ နောက်နေ့ကျတော့ ရွာကအကြီးအကဲ တစ်ယောက် လာပြီးတော့ ။

"ကျွန်တော်စောင့်နေတာ တပတ်ပြည့်ပြီးတဲ့ သေနတ်သံကြားရမလားဆိုပြီးတော့ အခုထိမကြားရသေးတော့ အံသြလို့လာပြီးမေးတာ ဗိုလ်ကြီးမှာ ဘာအဆောင်ရှိလဲ .."တဲ့ ..။ သူကမရှိပါဘူး ဘာဖြစ်လို့လဲ မေးတော့ မဟုတ်ဘူး။ အရင်တုန်းက တပ်တွေဆိုရင်ေ၇ာက်တာနဲ့ သေနတ်သံကြားရတာဘဲ တဲ့။ နေလည်း ဘယ်သူမှမနေကြဘူး။ ရွာထဲဘုန်းကြီးကျောင်းမှာဘဲ တည်းကြတာတဲ့။ ဒီစခန်းက အရမ်းသရဲချောက်တာ ။မိန်းကလေးချောက်တာ ဆိုတော့မှ သူစဉ်းစားမိသွားတယ်။ အဖြူအစိမ်းနဲ့မဟုတ်လားလို့ မေးလိုက်တော့မှ ရွာရဲ့ အကြီးအကဲက အံသြသွားတယ် ။ ဟုတ်တယ် အချောက်ခံရတယ် မဟုတ်လား ပြောတယ်။

မဟုတ်ဘူး အိပ်နေတုန်း အိမ်မက်ပေးတာ ဆိုတော့ အာ ဗိုလ်ကြီးကျတော့ မချောက်ဘူး အရင်တုန်းက အသေချောက်တာတဲ့ ။ အဲဒီမှသူလဲလန်သွားပြီး ဘုန်းကြီးတွေပင့်ပြီး ပရိတ်ရွတ်တော့တာဘဲ။ ပြီးတော့ အမျှအတန်းတွေ ဝေတယ်တဲ့။ တစ်ခုသူလုပ်ရပ်က ထူးခြားတာက ပရိတ်ရွတ်တော့ မင်္ဂလာသုတ်ရယ် မေတ္တာသုတ်ရယ်ဘဲရွတ်တယ်။ ကျန်တာတွေမရွတ်ဘူး။ ဘာဖြစ်လို့လဲမေးတော့ တကယ်လို့ အမျှဝေလို့မကျွတ်ရင် နေစရာ မရှိမှာစိုးလို့တဲ့။ ပရိတ်ရွတ်ရင် သူဒီအထဲမှာ နေလို့မရတော့ဘူးလေတဲ့။ အဲဒါမို့တဲ့ ..နောက်နေ့ကျတော့ သူအခန်းထဲကို ၀င်လာတယ်တဲ့။ အဲဒါက ညခင်း သူကိုရှိခိုးပြီးတော့ သူအရင်တုန်းက မှားခဲ့တာရှိရင် ခွင့်ွလွတ်ပေးဖို့ တောင်းပန်တာပါတဲ့..ဆိုပြီး ပြန်သွားတယ်..။ အဲဒီနောက်ပိုင်း အဲဒီစခန်းက လုံးဝ သရဲမချောက်တော့ဘူး .။နောက်တပ်ရင်းတွေလာလည်း မချောက်တော့ဘူး.. သူလဲအရင်ကထက်ပိုပြီး ဘုရားတရားကို ပိုပြီးလုပ်လာတယ်.....။

Creditး ကွင်းပိုင်ကြီး
Powered by Blogger.