သွေးပျက်တဲ့ည
ရေးသားသူ - ကိုဇေယျာကိုကို
ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ လိုအပ်ချက်များရှိရင်လည်း ပြောပြပေးပါလို့ အကူအညီတောင်းပါတယ်ခဗျ။ ။
အချိန်အားဖြင့်၂၀၀၈ ခုနှစ် ၁၂ လပိုင်း ၃၁ ရက်နေ့ အားလုံးသိတဲ့အတိုင်း ဒီနေ့ဟာ နှစ်သစ်ကိုကြိုဆိုရမည့်နေ့လေ ဒါကြောင့်လည်းကျွန်တော်တို့လမ်းထဲက လူငယ်တွေစုဝေးပြီးတော့ တိုင်ပင်နေကြတာပေါ့ ဘယ်နေရာမှာ သွားကဲကြမလဲဆိုပြီး အားလုံးပေါင်း၇ယောက်ဗျ ကျွန်တော်တို့က နောက်ဆုံးသဘောတူကျတာက လူသူရှင်းတဲ့ကျောင်းဝင်းထဲကိုပေါ့ ကျောင်းဝင်းဆိုတာက ကျွန်တော်တို့ရပ်ကွက်က မူလတန်းကျောင်းလေးပါ ဒါနဲ့ည၁၀း၃၀လောက်မှာ လူစုပြီးသွားကြတာပေါ့စားစရာသောက်စရာတွေလည်းပါတာပေါ့ဗျာ ဂီတာတောင်ပါလိုက်သေးတယ်။
ထားပါတော့ ဒါနဲ့ပဲ ကျောင်းဝင်းထဲရောက်လို့ နာရီကြည့်တော့ ၁၁ နာရီထိုးတော့မယ် ဒါနဲ့ပဲအားလုံးအစားအသောက်တွေ ပြင်ဆင်ဝိုင်းဖွဲ့ကြတာပေါ့ ဂီတာလေးတီးသီချင်းလေးတကျော်ကျော်နဲ့ပေါ့ အဲ့မှာဘေးကတစ်ယောက်က အပေါ့သွားမယ်ဆိုပြီး ကျွန်တော့အဖော်လာစပ်ရော ကျွန်တော်လည်းသွားချင်နေတာနဲ့ အတူသွားကြတယ် ခပ်လှမ်းလှမ်းကအမှောင်ထဲမှာပေါ့ ၂ ယောက်သားအပေါ့သွားနေရင်းနဲ့ ကြားလိုက်ရတာက ညည်းညူသံကြီး အသံကြီး ကြက်သီးမွေးညင်းထစရာဗျ။
ဘေးကကောင်ကလက်တို့ပြီး မေးငေါ့ပြတယ် ဘာသံလဲပေါ့ ကျွန်တော်ကလည်း ဘာမှမဟုတ်ပါဘူး ခိုညည်းတာနေမှာပါ လို့ပြန်ပြောလိုက်တယ် အဲ့အချိန်မှာထပ်ကြားရပြန်ကော ဒီတစ်ခါကြားတာမှ လူမမာညည်းသံလိုလို ကျောချမ်းစရာကြီးဗျာ ဒါနဲ့ ၂ ယောက်သား ကိုယ့်လူတွေဆီပြေးသွားတာပေါ့ သတ္တိခဲတွေလေ ။ ဟိုကောင်တွေကတော့ဘယ်ကြားမှာတုံး သူတို့အသံနဲ့သူတို့ဆူနေတာ ဒါကို ဟိုကောင်ကထပြောတယ် ဟိုဘက်နားမှာ ညည်းသံကြားတယ်တဲ့ ကျန်တဲ့ကောင်တွေကဘယ်ယုံမလဲ မင်းဟာမင်းကြောက်နေတာပါကွာ တို့က ဒီလောက်လူများတာဘာသရဲ လာလာတီးလွှတ်လိုက်မှာပေါ့ကွ ဆိုပြီး ထစိန်ခေါ်ပါလေရော အားလုံးဝိုင်းထိန်းမှ ငြိမ်သွားတော့တယ်။
အဲဒါနဲ့မေ့မေ့ပျောက်ပျောက် သီချင်းဆိုလိုက် အရက်လေးသောက်လိုက်နဲ့ တစ်ယောက်ကနာရီကြည့်ပြီး ထပြောတယ် ဟေ့ကောင်တွေ ၁၁း၄၅ ရှိပြီတဲ့ အဲ့ဒါနဲ့ အားလုံး သောက်စားတာတွေ ရပ်လိုက်ပြီးတော့ စကားဝိုင်းဖွဲ့နေကြတာပေါ့ ကျန်တဲ့အမြည်းလက်ကျန်တွေကို တစ်ယောက်ကထလွှင့်ပြစ်တာပေါ့ အဲ့ဒီမှာစတာပဲဗျ ထသွားတဲ့ကောင် ကြောက်လန့်တကြား အော်ဟစ်ပြီးပြေးလာတာ အားလုံးကဘာဖြစ်တာလည်းပေါ့ ၀ိုင်းမေးတာ ဘာမှမပြောနိုင်ဘူး မောနေတာ။
ပြီးလက်ညိုးထိုးပြတာက ကျောင်းဆောင်တွေဘက်ကို အားလုံးကြည့်လိုက်တော့ အားလားလား ဘာကောင်ကြီးတွေမှန်းကိုမသိတာ မည်းနက်ပြီး အမွှေးတွေနဲ့ဗျာ အားလုံးလည်း အသံတောင်မထွက်ဘူး ငြိမ်ပြီးတော့ကြည့်နေတာ ကျွန်တော်တို့ကို လှမ်းကြည့်မှ မျက်လုံးတွေက နီရဲနေတာပဲ အမှောင်ထဲကနီနီကြီး ဆိုတော့ စဉ်းစားသာကြည့်တော့ ကြက်သီးမွေးညင်းထစရာ ဘယ်လောက်ကောင်းလဲလို့ ပြေးလဲမပြေးရဲဘူးဗျ ပြေးရင် ဒီကောင်တွေနားကဖျက်ပြေးရမှာဗျ။ ထွက်ပေါက်ကစားရသည့်ဂျင် အဲ့ဘက်မှာလေ ဆရာသမားတွေက ၄ ကောင်ဗျ ခုနက ဟိုကောင်းသွားပြစ်တဲ့ အမြည်းအကျန်တွေကိုထိုင်ဆွဲနေတာ အငမ်းမရပဲဗျာ အဲ့အချိန်မှာ အသံနက်ကြီး နက်တာထက် အောအောကြီးဗျ ဘယ်ကောင်လည်းတဲ့ ခုနကစိန်ခေါ်တာ ဘယ်သူလဲတဲ့ ဟိုကောင့်ခမျာ လူကြားထဲကိုအတင်းတိုးဝင်တာကြောက်လို့တဲ့ ကျွန်တော်တို့လည်းတုန်တုန်ယင်ယင်နဲ့ ပြန်ပြောရတာပေါ့ တောင်းပန်ပါတယ်မုးလို့ပြောမိတာပါ ပေါ့ဗျာ အေးဒါဆိုရင် အနောက်လှည့်ကြည့်လိုက်စမ်း လို့ပြောတော့ အကုန်လုံးယောင်ပြီး လှည့်ကြည့်မိတာပေါ့ အဲ့မှာပဲဘေးကတစ်ယောက် ဘုတ်ခနဲ လဲကျပြီး တက်နေတာတွန့်တွန့်ုပြီးတော့ ကျန်တဲ့ကောင်တွေလည်းပြေးတာမှ တန်းနေတာပဲ။
ဟိုစားနေတဲ့ ၄ ကောင်နားကကိုဖြတ်ပြေးတာ ဘာကိုတွေ့လို့လည်းဆိုတော့ ပြောရင်ယုံချင်မှယုံမယ် အရှည်ကြီးဗျာ နည်းတဲ့အကောင်ကြီး ထန်းပင်ထက်တောင်ရှည်ဦးမယ် အမွှေးတွေနဲ့မည်းတူးနေတာပဲ အဲ့နေရာမှာကျန်ခဲ့တာဆိုလို့ ကျွန်တော်နဲ့အပေါ့သွားတဲ့ကောင်ရယ် ကျွန်တော်ရယ် တက်နေတဲ့ကောင်ရယ်ပေါ့ အဲ့ကောင်ကိုလည်းချေမတွေချိုး နှိပ်ပေး အပေါ်ကိုလည်းမော့မကြည့်ရဲ ဘေးကိုလည်းမကြည့်ရဲ ဖြစ်နေတဲ့အချိန် နားထဲမှာ အသံတစ်ခုကိုပီပီပြင်ပြင်ကြီး ကိုကြားရတာ ချလွင် ချလွင် နဲ့ ချလူသံလားမသိဘူး ကျွန်တော်လည်းအမှတ်တမဲ့ အသံလာတဲ့ဘက်ကို ကြည့်မိတာပေါ့။
အောင်မလေးဗျ အိမ်သာတွေရှေ့ကနေလာနေတာ ခုန်ဆွ ခုန်ဆွနှဲ့ဗျာ ခြေကလိမ်မဆိုတာ ဒါလားမသိဘူး ကြားဘူးကြမှာပါ ခြေကလိမ်မသရဲ ဆိုတာကိုပေါ့ အဲ့အချိန်မှာလေ ကြောက်လွန်းလို့သတိတောင် လွတ်ချင်နေတာ တကယ်ပါ ဟို၂ယောက်ကတော့ မျက်စိစုံမှိတ်ပြီးတော့ ကိုထိုင်နေတာ ကျွန်တော့်မှာတော့ ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်နဲ့ကို ရူးချင်နေပြီ အတွေးထဲမှာလည်း မြတ်စွာဘုရား တို့ကို သရဲတွေ ၀ိုင်းထားကျပါလားပေါ့။
အဲ့အချိန်မှာ ကြားလိုက်ရတဲ့ အသံတွေက happy newyear တဲ့ ဘယ်လောက်ရင်နာစရာကောင်းသလဲဗျာ သူများတွေ ပျော်နေတဲ့အချိန် ဒီမှာတော့ သရဲတွေကြားထဲက ဘယ်လိုပြေးရမှန်းမသိ ဖြစ်နေတာ အခုရေးရင်းနဲ့တောင် စိတ်နာတယ် ၂၀၀၈ ကိုအဲ့ဗျာ အဲ့ဒီအချိန်မှာပဲ အဝေးက ဓာတ်မီးရောင်တွေမြင်ရတယ် အသံတွေလည်းကြားနေရတယ် ဆူညံနေတာပဲ တဖြည်းဖြည်းနဲ့အသံတွေက နီးလာတယ်ဗျ ကျောင်းရှေ့နားလောက်ကပဲ မကြာပါဘူး လူတွေ ၁၄ ယောက် ၁၅ ယောက်လောက်ရှိမယ်ဗျ ကျောင်းဝင်းထဲ ပြေးလာနေကြတာ ဟာ…၀မ်းသာလိုက်တာများဗျာ ထီပေါက်သလိုပဲ။
ဒါနဲ့ကျွန်တော်လည်းပျော်ပြီး ဟေး…လို့အအော် ကျွန်တော့်ကိုနောက်ကနေ ဒုတ်ဆိုပြီး ကန်လိုတာလား ထိုးလိုက်တာလားတော့မသိဘူးဗျာ မျက်လုံးကို ပြာသွားတာပဲ ပါးစပ်ကလည်း အသံတစ်ခုထွက်သွားတယ်ဗျ အင့်…ဆိုပြီး နောက်ပိုင်းကျွန်တော်မသိတော့ဘူး မသိဆို မေ့သွားပြီကိုးဗျ သတိပြန်ရလို့ကြည့်လိုက် တောပုန်း ကျွန်တော့်ဘေးမှာလူတွေဝိုင်းလို့ မျက်နာပေါ်ရေစက်လေးတွေ လို့မော့ကြည့်လိုက်တော့ ဘုန်းကြီးတစ်ပါး ကျွန်တော်လည်း ဘုန်းကြီးကိုတွေ့မှပဲ အတင်းထပြီး အရှင်ဘုရား ကယ်ပါအုံး ဘုရားရှိခိုးဦး သရဲတွေဘုရားဆိုပြီး ဘုန်းကြီးခြေထောက်ကို ဖက်ပြီးပြောနေတာ လူတွေမနည်းဝိုင်းဆွဲရတယ်။
ပြီးမှ ဆရာတော်က ဒကာလေး ဘာမှကြောက်နဲ့တော့ဆိုပြီး စိတ်ပုတီး ကိုလည်ပင်းဆွဲပေးမှပဲ ငြိမ်သွားတော့တယ်ဗျာ နောက်နေ့ကျတော့ ကြားရတာတွေက ကျွန်တော်တို့ ၇ ယောက်ထဲမှာ ကျွန်တော်အပါအ၀င် ၄ ယောက်ပေါ့ ဒီ ၄ ယောက်ပဲဖျားကုန်တာ ကျန်တဲ့ ၃ ယောက်က ဆေးရုံပါပို့ရတယ် အကြောက်လွန်သွားတာတဲ့ အမဲရောင်မြင်တာနဲ့ ထထအော်တော့တာ သရဲသရဲနဲ့တဲ့ ဒီကောင်တွေဆေးရုံ ၇ ရက်လောက်တက်လိုက်ရတာ။ ။
ဒီလောက်ပါပဲဗျာ ရေးတာလည်း နည်းနည်းများသွားပြီဗျ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အတွေ့အကြုံပါ။ ။
