အင်ဒိုနီးရှား ကလေးစား စုန်းသရဲ
ရေးသားသူ - ကာရံငယ်
ဒီဇာတ်လမ်းလေးကတော့ တကယ်ကို ကြောက်စရာ ကောင်းပါတယ် ။ ဇာတ်လမ်းထဲက သရုပ်ဆောင်နာမည်တွေကိုတော့ မြန်မာနာမည် ပြန်ပြောင်းထားပါတယ်။
အစ...... ကိုယ်ဝန်သည် မေသူဟာ သူဇာတိကို လင်သားဖြစ်သူ တေဇနဲ့ ပြန်ပါတယ် ကျေးရွှာငယ်လေးဖြစ်ပါတယ်၊ အိမ်အပြင်အဆင်ကတော့ သစ်သားအိမ် ၁ ထပ်တိုက် ခြေတိုင်ရှည် အိမ်ပါ အခန်း၂ ခန်း၊ နဲ့  စတိုခန်းအသေးလေး ၁ ခန်းပါဝင်ပါတယ်။ ဒီလောက်ဆို အိမ်ပုံသိလောက်ပြီးပေါ့နော် ။ အိမ်သာနဲ့ ရေချိုးခန်းကတော့ တော်တော်ကိုဝေးပါတယ်။ ဒါပေမယ့်မီးရှိတာကြောင့် လှမ်းမြင်ရပါတယ်။ တနေ့  မြို့ ကအလုပ်ကိစ္စနဲ့ ဖုန်းဝင်လာတာနဲ့ ဇနီးဖြစ်သူအတွက် ရွာက ညီမ ၁ ဝမ်းကွဲကို အိမ်ခေါ်ထားပါတယ် ကိုယ်ဝန်က လရင့်လာပါတယ်။ တေဇကလဲ အလုပ်တွေမပြတ်သေးတာနဲ့ ဖုန်းနဲ့ ဘဲ အဆက်သွယ်ဖြစ်ပါတယ်
တနေ့ မှာတော့ မေသူဟာ ဈေးကို ၁ ယောက်တည်းသွားရင် အပြန် bus stop မှာ bus ကားစောင့်နေပါတယ်။ သူအနားကို အသက် ၅၀ အရွယ် အဒေါ်ကြီး ၁ ယောက်ရောက်လာပြီး သူကို စကားစပြောပါတယ်။
''သမီး ကိုယ်ဝန်လရင့်လာပြီ သမီး သတိထားပါ ဒီရွာမှာကိုယ်ဝန်သည်တွေအားလုံး လရင့်လာရင်မြို့ ကိုပြောင်းတယ်၊ မဟုတ်ရင် '' ပြောနေတုန်း ယမင်းရောက်လာပါတယ်။ ညီမ တစ်ဝမ်းကွဲပေါ့။
သူက '' အန်တီ ကျွန်မအစ်မကို ကိုယ်ဝန်ကြီးနဲ့ မဟုတ်တာမပြောပါနဲ့ '' ဆိုပြီး မေသူအိမ်ပြန်ခေါ်လာပါတယ် မေသူလဲရိုးရိုးအေးအေးနေသူပီပီ မေ့ထားလိုက်ပါတယ်။
ဇာတ်လမ်းကကိုယ်ဝန် ၇ လမှာစပါတယ် မေသူအိပ်နေတဲ့ ကုတင်ခြေရင်းက သစ်သား ၁ ချပ်လှုပ်လာပါတယ်။ အရမ်းကိုဆိုးဆိုးဝါးဝါး အသံကြီးနဲ့ အတူ သစ်သားကွဲမတတ်ပါဘဲ။ ယမင်း ချက်ချင်းေ၇ာက်လာပြီး အသင့်ကိုင်ထားတဲ့ သံချောင်းနဲ့ တူနဲ့ ရိုက်ပါတော့တယ်၊ ရုတ်တရုတ် ပြတင်းပေါာက်တံခါး ဖွင့်လာပါတယ်။ မေသူလဲပြေးပိတ်ပါတယ်။ မပိတ်ခင် ဘေးဘယ်ညာ အပေါ် အောက် ကြည့်တယ်။ အဲဒီမှာ ဆံပင်အရှည်နဲ့ သရဲက သူဝမ်းဗိုက်ကနေ အူတွေရှည်ထွက်လာပြီး မေသူလက်ကို ချည်လိုက်ချိန် ယမင်းကသံကို ချည်ထားတဲ့ အူပေါ်စိုက်လိုက်ပါတယ်။
သရဲမဟာ အသံအကျယ်ကြီးအော်ပြီး လွှတ်လိုက်ချိန် ယမင်း တံခါးကိုပိတ်လိုက်ပါတယ်။ ကြောင်ပြီးစကားမပြောနိုင်တဲ့ မေသူကို အသားလေးဖက်လိုက်ပါတယ်။ အစ်မ မကြောက်နဲ့ ညီမရှိတယ်
အဲဒီကလေးစားစုန်းက အရမ်းကြောက်ဖို့ ကောင်းပါတယ် မိခင်ဗိုက်ထဲက ကလေးကို အစိမ်းလိုက် စားပါတယ်။ မနက်မိုးလင်းတော့ နတ်ဆရာကို ယမင်းခေါ်လာပါတယ် နတ်ဆရာက တအိမ်လုံးကို နှင်းဆီး အဆူးပါတဲ့ နှင်းဆီအရိုးတွေ ချိတ်ခိုင်းထားပါတယ်။ အဲဒီနောက်ပိုင်း သရဲမလဲမလာတော့ပါဘူး။
တေဇပြန်ရောက်လာပြီး ၂ ရက်မှာ ကလေးမွေးပါတယ်။ သူတို့ သတိမထားမိတာက နှင်းဆီရိုးတွေ ခြောက်ရင်ပြန်လဲဖို့ ပါ။ ယမင်း ဆရာဝန်သွားခေါ်ချိန် စတိုခန်းတံခါး ဖွင့်လာပါတယ်။ အူတွေတွဲလောင်းနဲ့ သရဲမကို တေဇတွေ့ လိုက်ပါတယ်။ မိန်းမကိုခေါ်ပြီး ပြေးမယ်အလုပ် သရဲမက မေသူလက်ကိုအူတွေနဲ့ ရစ်ထားလိုက်ပါတယ်။ ခြေထောက်တွေကိုလဲ ရစ်နေဆဲ ပါ။ တေဇမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိနဲ့ နောက်ဆုံးယမင်းကို ပြေးခေါ်ပါတယ်။
ယမင်းနဲ့ အတူနတ်ဆရာလဲပါလာပြီး သရဲမကို ပရိတ်ရေနဲ့ ပတ်ပါတယ် ဒါပေ့မယ်သရဲမဟာ ဘယ်လိုမှထိန်းလို့ မရတော့ပါဘူး ယမင်းရဲ့ ကိုယ်တစ်ဝတ်ကို ရစ်ပြီးပါပြီး။ နောက်ဆုံးမှာတော့ အိမ်သာတွင်းထဲက မစင်ကိုတေဇကို ယူခိုင်းပါတယ်။ တေဇလဲ သားသမီး၊ မိန်းမဇောနဲ့ ပုံးကြီး အပြည့်ယူလာပါတယ်။ ပြီးတော့နတ်ဆရာက မေသူကို လှမ်းပတ်လိုက်ပါတယ်။ အူတွေက ချက်ချင်းကို လှုပ်လာပြီး လွတ်ပေးလိုက်ပါတယ် ပြီးတော့သရဲမလဲ ပျောက်သွားတယ်။ တေဇလဲမိန်းမကို ကားပေါ်ခေါ်ပြီး ပြေးမောင်းပါတော့တယ်။ နောက်ဆုံးကလေးကိုမွေးပြီး မေသူဟာ အိပ်ပျော်သွားပါတယ်။
တေဇကတော့ သူနာပြု ညစောင့်ကိုရှာမယ်ဆိုပြီး အပြင်ထွက်သွားပါတယ်။ တေဇမရောက်ခင် နတ်ဆရာနဲ့ ယမင်းေ၇ာက်နှင့်နေပါပြီ။ နတ်ဆရာက အာရုံထဲမှာ သရဲမ ကလေးဆီလာတာကို သူမြင်လိုက်လို့ ပါဘဲ။ နတ်ဆရာလဲ အခန်းအရောက် သရဲမက ကလေးကိုချီထားတာ တွေ့ ရပါတယ်။ မေသူကတော့ ကြက်သေသေတလို ကြည့်နေတယ်။ ယမင်းက မေသူကို ချက်ချင်းဆွဲပြီး အနားကိုခေါ်ထားလိုက်ပါတယ်။ နတ်ဆရာလဲ ဘာမှမလုပ်ဘဲ တစ်ခုခုကိုစောင့်နေပုံရပါတယ်။
ဘုန်းကြီး ၁ ပါး ကြွလာပါတယ်။ ဘုန်းဘုန်းက အသင့်ပါလာတဲ့ ပရိတ်ရည် ပရိတ်ကြိုးနဲ့ သရဲမအနားကို သွားပါတယ်။ ပြီးတော့ သရဲမကို ပရိတ်ရည်နဲ့ ပတ်ပြီး ကလေးကိုပြန်ယူပါတယ်။ သရဲမမှာ ဘုန်းဘုန်းနဲ့ တန်းခိုးကြောင့် ဘာမှမခုခံနိုင်ဘဲ ကလေးကို ပြန်ပေးလိုက်ရပါတယ်။ ကလေးကို ပရိတ်ကြိုးနဲ့ ပတ်လိုက်ပြီး မေသူလက်ထဲကို ပြန်ပေးပြီး မေတ္တာသုတ် စတင်ရွက်ဆိုပါတယ်။ မေတ္တာသုတ်အပြီးမှာ သရဲမဟာ ပြာအသွင် ပြောင်းသွားပါတယ်။ ကလေးကိုတော့ မွေးနေ့ တိုင်း ပရိတ်ကြိုး လဲပေးဖို့ ပြောပြီး ဘုန်းဘုန်းဟာ ပျောက်ကွယ်သွားပါတယ်။
