ကတိမတည်လို့ ( ဖြစ်ရပ်မှန် )


မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာ ဖြစ်ပျက်ခဲ့တာလေးပါ။ ကျွန်တော့် ဦးလေးတို့ကိုယ်တိုင် ကမြင်းကြောထပြီး သရဲေး တွေ့ခဲ့တာလေးပါ။ ကျွန်တော့်ဦးလေး အပါအ၀င် သူငယ်ချင်း ငါးယောက်ရှိတယ်ဗျ။ သူတို့အုပ်စုက တော်တော်လေး ဗရုတ်ကျ ကြတယ်။

ဦးလေးပြောပြတာကတော့ သူတို့အုပ်စု သီတင်းကျွတ်မှာ သရဲခေါ်တာတဲ့ ငါးဇွန်ဘောလုံးကွင်းထဲမှာ။ ဘောလုံးကွင်းရဲ့ အလယ်မှာ စားပွဲဝိုင်းချတယ် ပြီးတော့ ကျပ်စေ့ပြားနဲ့သရဲခေါ်တယ်။ မရလို့ဆိုပြီး ညကြီးမိုးချုပ် အမဲသားဖျက်တဲ့ အိမ်သွားပြီး အမဲသားဝယ်တယ်၊ အမဲသားဝယ်လာပြီးတော့ လာစားကြပါ ပြီးရင် မင်းတို့ရှိတဲ့အကြောင်း ငါတို့ကို ကျပ်စေ့ပြားလေးကို လှည့်ပြပါလို့ပြောတယ်တဲ့ဗျ။

အမဲသားကို စားပွဲဝိုင်းပေါ်တင်လိုက်တယ် ပြီးတော့သူတို့စောင့်ကြည့်နေတယ် ပထမတစ်ခေါက် အမဲသားလေး နဲနဲတော့ လျော့သွားတယ်။ စားတာနေမှာဆိုပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်တဲ့။ ဒါနဲ့ အမဲသားတုန်းကို ပြန်ယူလိုက်တယ် လုပ်ပြလေကွာ မင်းတို့ကိုကျွေးပြီးပြီလို့ပြောတယ်။

ငါးမိနစ်လောက်နေတော့ ကျပ်စေ့ပြားလေး ကိုချွင်ခနဲနေအောင် လုပ်ပြလိုက်တယ်။ သူတို့လည်း ဟားဆိုပြီး အသံထွက်သွားတယ်။ ခိုင်းလို့ရပြီဆိုပြီး အတွေးနဲ့ တစ်ခေါက်လောက် ထပ်လှည့်ခိုင်းတယ်တဲ့ ဟိုကထပ်လှည့်ပြတယ်တဲ့ တစ်ယောက်က ထပ်ပြီးတော့ မင်းငါတို့ကို ဘောလုံးကြည့်စင်ပေါ်က သွပ်ပြားကို အကျယ်ကြီးခေါက်ပြရင် မင်းကိုရှိသမျှ အမဲသား အကုန်ကျွေးမယ်လို့ပြောတယ်။

ပြောပြီး တစ်မိနစ်လောက်ပဲ ကြာတယ်။ ၀ုန်းဒိုင်းဆိုပြီး သွပ်ပြားပေါ် လူပြေးတဲ့ အသံလုပ်ပြတယ်။ ပြီးလဲပြီးရော အမဲသား ကျွေးမယ်ဆိုပြီး မကျွေးပဲ ဘောလုံးကွင်းကနေ ထွက်ပြေးတယ်တဲ့ဗျ။ အပေါက်ဝ မရောက်ခင် ကျွေးမယ်ဆိုတဲ့လူ ပြေးရင်းမှောက်လဲပါရောတဲ့။ မှောက်နေရာကနေ ထလိုက်ရော နဖူးမှာ ဘုသီးကြီးတဲ့ဗျာ အကြီးကြီးပဲတဲ့။ မျက်လုံးကလဲ ရဲစုတ်လို့တဲ့ ပြီးတော့ အသံသြကြီးနဲ့ မင်းတို့ဘာလို့ ကတိမတိ မတည်တာလဲလို့ပြောတယ်တဲ့ဗျာ။

ကြောက်ပြီးတော့ သူတို့လဲ အမဲသား ထုတ်ကြီးရော သူငယ်ချင်းရော ထားပြီးပြေးကြတာတဲ့၊ပြီးမှ ငါန်းဇွန်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ကို ခေါ်လာပြီးတော့ သူငယ်ချင်းကို သွားခေါ်ကြတယ်။ ဟိုရောက်တော့ သရဲစီးတဲ့လူက မေ့နေပြီတဲ့ နဖူးကဘုသီးကြီးတော့ မပျောက်သေးဘူးတဲ့ဗျာ။

ဘုန်းကြီးက ဒကာတို့မင်းတို့ တောင်းပန်လိုက်ပါဆိုပြီး ဦးလေးတို့ အုပ်စုကိုပြောတယ်။ ဦးလေးတို့လဲ ကြောက်ပြီး တောင်းပန်ကြတယ်။ အာ့တော့မှ မေ့နေတဲ့ သူငယ်ချင်း နိုးလာပြီး ကယောင်ခြောက်ခြားနဲ့ ငိုပါလေရောတဲ့ဗျာ။ ဘုန်းကြီးက သူ့လက်နဲ့ခေါင်းကိုကိုင်ပြီး ဘုရားစာရွတ်လိုက်မှ နဖူးက ဘုအယောင် လျော့သွားတယ်။

ဘုန်းကြီးက ဒကာတို့ သရဲဆိုတာ တကယ်ရှိတယ် သူတို့ကို မလှည့်စားနဲ့လို့ မိန့်သွားပါတယ်.....။ ။ ။

Cerdit - Htut Htet
Powered by Blogger.