စိတ်ရယ်က ခြောက်ခြားလေသလား



ရေးသားသူ - ကိုထွန်းထွန်းနိုင်

ကိုယ်တွေ့ သရဲဇာတ်လမ်းတွေများထဲက တစ်ခုကို ပြောပြ ပါ့မယ်။ လမ်းမှာဖုန်းနဲ့ ဇာတ်လမ်းရေးရတာမို့ စာတော့ သိပ်မချောဘူးနော်......

ရေဆင်းမှာ ကျောင်းသားဘဝ ပထမနှစ်တုန်းက ဖြစ်ပါတယ်။ စာမေးပွဲနီးပြီဆို ကျောင်းသားအများ စုက စာသင်ဆောင်တွေဘက် ညမိုးချုပ်သန်းခေါင်ကျော်အထိ စာကျက်ကြ တယ်။ အ ဆောင် မှာ က ဆူညံပြီး စိတ်အနှောင့်အယှက် အဖြစ်မခံချင်တဲ့သူ တွေထဲက တစ်ယောက် အပါအဝင်မို့ ကျွန်တော်လည်း တိတ်ဆိတ်ငြိမ်သက်တဲ့ စာသင်ဆောင်ဘက်ကို စာသွားကျက်တယ်။ စီနီယာ အစ် ကိုတွေက သတိပေးတယ်

"စာသင်ဆောင်ဘက် လူပြတ်တယ် တစ်ယောက်တည်း မသွားကြ နဲ့ " လို့ပြောပါတယ်...။

ကျွန်တော်ကလည်း ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ အရေးသိပ်မထားမလိုက်ဘူး..။ဒီ နေရာမှာ ရေဆင်းစာသင်ဆောင်တွေ အကြောင်းပြောရရင် စာသင်ဆောင်ကလွဲပြီး ပတ်ဝန်းကျင်မှာ လူနေအိမ် မရှိကြဘူး...။ ဘေးပတ်ပတ်လည်မှာလဲ တောတွေပဲ ရှိတယ်။ ရေ ဆင်း မှာ သစ်တောစိုက်ပျိုးရေး နဲ့ မွေး/ကု တက္ကသိုလ် သုံးခုရှိပြီး စာသင်ဆောင် တစ်ချို့က မီးချောင်းပျက် တံခါးချပ်တစ်ချို့က ပေါက်ဆိုတော့... သော့ခေတ်ထားပေမယ့် ပေါက်နေတဲ့ ပြတင်းတံခါးထဲ လက်နှိုက်ပြီး ဂျက်ကျော်ဖွင့်ဝင်ပြီး အထဲကနေ ဂျက်ခ မီးခလုတ်ဖွင့်ပြီး..တစ်ကိုယ်တော် စာလုပ်ကြပါတယ်..။

ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်က စာသင်ဆောင် တစ်ခုစီမှာခွဲပြီးတော့ နေရာယူလိုက်ကြပါတယ်..။ ကျွန်တော်က ထိုင်လိုက် လမ်းလျှောက်လိုက်နဲ့ စာကျက်ပြီး စာရတော့ ပြန်ခါနီး စာတွေကို စာရေးစားပွဲပေါ် တင်ပျဉ်ခွေထိုင် ...ပြတင်ပေါက်နဲ့ တစ်ပေကျော်လောက်မှာ မျက်နှာမူ မျက်စိမှိတ်ပြီး ကျက်ထားတဲ့စာ တွေ အားလုံးကို အစအဆုံး ခြုံငုံသုံးသပ်နေပါတယ်.. လူကတော့ တရားထိုင်နေသလိုပဲ..။

နည်းနည်းကြာလာတော့ ခန္ဓာကိုယ်က ယိမ်းနေတာပေါ့..။ အားလုံးခြုံငုံပြီးသွားတဲ့အခါမှာ စိတ်ကျေနပ်သွားပြီး မျက်လုံးကို ဖွင့်လိုက်ပါတယ်.. မျက်လုံးနှစ်လုံးလဲ ဖွင့်လိုက်ရော....."အားပါးပါး........အင်မတန်နဲ့မှ အိုဇာလှတဲ့ မျက်နှာကြီးတစ်ခု က ကျွန်တော့်မျက်နှာနဲ့ကပ်လျှက် တစ်ပေလောက်ပဲခွာတဲ့ ပြတင်းတံခါးမှန်ကနေ ကပ်ကြည့်နေတာကို တွေ့လိုက်ရတယ်..။ သူ့ပုံကြီးက ရေခဲသေတ္တာထဲမှာ ဘာစားစရာရှိလဲလို့ ကြည့်တဲ့ပုံမျိုးကြီး..။ ၀မ်းသာအယ်လဲ မျက်နှာကြီးနဲ့............။

"အား........းးးးးးး!!!!! " တစ်အောင့်လောက်ကြာတေ့ စာသင်ခန်းတံခါးမသော့ကို ဖွင့်ပြီး အဖိုးကြီးတစ်ယောက်ဝင်လာတယ်...။ "မင်းဘယ်လို အထဲဝင်လာတာလဲ...မင်းကိုမြင်တော့ ငါအတော် လန့်သွားတယ်ကွ" တဲ့...။ ပြီးမှသိတာ သူကစာသင်ဆောင်တွေကို ညစောင့်တာဝန်ယူထားပြီး ရံဖန်ရံခါမှ လာအိပ်တယ်တဲ့....။ အဲ့ဒီနေ့က အဆောင်ဘက် ခဏလာရင်း မီးရောင်မြင်လို့ သူကလဲ မှန်အပြင်ကနေအချောင်း ကိုယ်ကလဲ မျက်လုံးအဖွင့် တိုက်ဆိုင်သွားတော့ နှစ်ယောက်စလုံးလန့်သွားရတဲ့ အဖြစ်မျိုး...။ ကြုံဖူးကြပါသလားဗျာ...????? ဒါပေမယ့် ခုနက အဘိုးကြီးရဲ့ မျက်နှာကို ကျွန်တော်မြင်ရတုန်းကတော့ ကြောက်တဲ့ပုံစံမမြင်ရပဲ စပ်ဖြီးဖြီး စားစရာရှာတဲ့ပုံကြီးရယ်ဗျ...။ အဖိုးကြီးကလဲ ကျွန်တော့်မျက်နှာကြီးဟာ ထမင်းချိုင့်လာပို့တာစောင့်နေတဲ့ ဗိုက်ဆာနေတဲ့ သူတစ်ယောက်နဲ့ တူတယ်လို့ပြောပါတယ်...။

ဒီအဖြစ်အပျက်ဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါခင်ဗျာ...ရယ်မောပျော်ရွှင်နိုင်ကြပါစေ.....
Powered by Blogger.