စုန်းမတစ်ယောက်ရဲ့ မကျေနပ်ချက်
ရေးသားသူ - Nang Bo Kham
Nang Bo Kham ရဲ့ကိုယ်တွေ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး
(ဒါကတော့ တကယ့် ကိုယ်တွေ့ဖြစ်၇ပ်ပါ။ စာမတင်ဖူးတော့ အမှားပါ၇င် ခွင့်လွတ်ပေးကြပါ၇န်.....)
ဒို့က ၇ှမ်းပြည်နယ်တောင်ပိုင်းက ၇ွာလေးတ၇ွာမှာ နေပါတယ်။ ဒို့နေတဲ့၇ွာက ပအိုဝ်းလူမျိုးတွေနေတဲ့ ၇ွာပေါ့။ ပအိုဝ့်ဆိုတော့ တောင်ယာဘဲ လုပ်စားကြတယ်ပေါ့ ဒို့တတွေလည်း ထုံးစံအတိုင်း တောင်ယာဘဲ လုပ်စားကြတာပေါ့။ ဘိုးဘွားဘောင်ဆက်ပေါ့။ ထားလိုက်ပါတော့ အင်ထ၇ိုဝင်နေတာနဲ့ ရှည်သွားပီ။ ဒို့ပြောချင်တာက စုန်းမတယောက် အကြောင်းပါ။
ဒို့တတွေက တောင်ယာလုပ်တော့ သူ၇င်းငှားတွေကို ၇ွာကလူတွေနဲ့ မလောက်၇င် တခြားအပြင်ရွာက လူတွေကို ခေါ်၇တာပေါ့နော် ဒို့၇ွာက လူတိုင်း အမြဲတမ်း သူ၇င်းငှားကို အဲတိုင်းခေါ်နေကျဆိုတော့ ဒို့လည်းအဲလိုခေါ်၇တာပေါ့။ ဒို့ခေါ်တဲ့သူ၇င်းငှားနေတဲ့ရွာက ဒို့ရွာနဲ့တော့ ၂ မိုင်လောက်ဝေးမယ်ထင်တယ်။အဲဒီ၇ွာက သူ၇င်းငှားတွေကို အဘိုးအဘွားတွေကခေါ်တော့ အမေတို့လည်း အဲ၇ွာကလူတွေကို လိုက်ခေါ်တယ်ပေါ့။ အဲ၇ွာမှာစုန်းမ ညီအမ လေးယောက်ရှိတယ်။
အဲ၇ွာတ၇ွာလုံးကလည်း သူတို့စုန်းမမှန်း သိတယ်။ သူတို့ညီအမ လေးယောက်လုံးက တအားကြမ်းတယ်။ ကြမ်းမှန်းလည်း သိတယ်။ ကြောက်လည်း ကြောက်ကြတယ် သူတို့တွေကို။ ကြောက်လည်း ဆက်ဆံကြ၇တယ်။ မဆက်ဆံ၇င် သူတို့ပညာနဲ့ လုပ်မှာစိုးလို့။ ကြောက်လျက်နဲ့ အောင့်ကာနမ်းဆိုတဲ့ အမျိုးပေါ့။
တခုအနေနဲ့ ပြောရအုံးမယ် စုန်းတွေက ချစ်၇င်လည်း ပညာနဲ့ပြုစားတတ်တယ်။ မုန်း၇င်လည်း ပညာနဲ့ပြုစားတတ်တယ်လို့ ပြောကြတယ်။ တခါတလေ သူတို့ချစ်တဲ့လူကို သူတို့ရဲ့ ပညာတွေ ထည့်ပေးတတ်ကြတယ်တဲ့ ။ အဘွားပြောပြလို့ သိ၇တာပါ။ ကဲထားပါတော့။
ဒို့တွေခေါ်တဲ့ သူ၇င်းငှားတွေထဲမှာ သူတို့ညီအမလေးယောက်လည်း ပါလာတယ်။ အစကတော့ သူတို့အဲလိုဆိုတာ ဒို့မိဘတွေ မသိဘူးပေါ့။ နောက်တော့မှ အဲ၇ွာကလူတွေ တိုးတိုးသိပ်သိပ် ပြောပြမှသိ၇တယ်။ သူတို့အကြောင်း ပြော၇င်လည်း သူတို့အဝေးမှာ ၇ှိနေ၇င်လည်း သူတို့ကြား၇တယ်။ သူတို့သိတယ်တဲ့နော်။ အဲဒါနဲံ အမေက သူတို့အဲလိုဆိုတာ သိေ၇ာ သူတို့ကိုလုံးဝ သူ၇င်းငှား အနေနဲ့ မခေါ်၇ဲတော့ဘူးပေါ့နော်။
ဒါပေမယ့် သူတို့က မခေါ်လည်းလာတယ်။ လာလည်းမလာနဲ့လို့ ဘယ်သူမှ မပြော၇ဲဘူးပေါ့နော်။ ကြောက်ကြောက်နဲ့ ဆက်ဆံ၇တာပေါ့နော်။ အဲကြောင့်အမေ က သူတို့တွေနဲ့ ထမင်းစား၇င် ဘု၇ားစာ ၇ွတ်ပီးမှစား။ အင်္ကျီလက်မောင်း တင်ပီးမှစားလို့ သတိပေးတယ်။ အဲဒါနဲ့ ဘာမှမဖြစ်သေးပါဘူး။ ဒို့တွေက တောင်ယာလုပ်တဲ့ လူတွေဆိုတော့ အလုပ်များ၇င် တောင်ယာမှာ ညအိပ်ပီးတော့ လုပ်တယ်။ အဲလိုညအိပ်ပီးမှလုပ်၇င် အလုပ်လည်း ပိုပီးလို့လေ။
အဲလိုနဲ့ဒို့တွေလည်း အလုပ်များတော့ တောင်ယာမှာ အိပ်ဖို့စီစဉ်တယ်။ သူ၇င်းငှားတွေလည်း လိုက်အိပ်တယ်ပေါ့။ သူတို့တွေကို ဒို့တွေက ထမင်းချက်ကျွေး၇တယ်ပေါ့ သူတို့လိုက်အိပ်၇င်ပေါ့။ အဲဒီမှာ သူတို့တွေထဲက ဒုတိယတယောက်ပေါ့ ဒို့၇ဲ့မိဘ မခေါ်ဘဲနဲ့သူက လိုက်အိပ်တယ်။ သူလည်း လိုက်အိပ်မယ်လို့ပြောတယ် မပေးအိပ်ဘူးလို့လည်း မပြော၇ဲဘူးပေါ့နော်။ အဲဒီမှာ အိပ်တော့ သူနဲ့ဘယ်သူမှကပ်ပီး မအိပ်၇ဲကြဘူးပေါ့နော်။ ခွာပီးအိပ်ကြတယ်။ သူဘေး နားကို ဒို့၇ွာက သူ၇င်းငှားကောင်မလေးတယောက် အိပ်တယ်လေ။ သူနာမည်ကိုတော့ မနီဘဲဆိုပါတော့ပေါ့နော်။လေးငါးခြောက်ည မှာဘာမှမဖြစ်သေးဘူး။
ဒါပေမယ့် နောက်ဆုံးညမှာပေါ့နော် ဒို့တွေအလုပ်တွေ အကုန်လုံးပီးတဲ့ ညပေါ့နော်။ အဲညမှာ ဒို့အမေက သူ၇င်းငှားတွေကို ၀က်သားဟင်း ချက်ကြွေးတယ်။ အဲမှာ ထမင်းစားကြတော့ သူ့ဘေးမှာအိပ်တဲ့ တယောက်က ဟင်းနှိုက်လိုက်တယ်။ သူနဲ့တ၀ိုင်းတည်း အကုန်လုံးတူတူ စားကြပါတယ်။ အဲဒါသူဘေးမှာ အိပ်တဲ့ကောင်မလေး မနီ နှိုက်တဲ့ဟင်းက ၀က်သားတုံး အကြီးကြီးပေါ့နော်။ အဲမှာသူကလည်း ဟင်းနှို်က်မလို့လုပ်တုန်း ကောင်မလေးက ခူးသွားတော့ သူကမျက်တောင့်နီကြီးနဲ့ ကြည့်နေတယ်။
ကောင်မလေးကလည်း သတိမထားမိဘူးပေါ့နော် မနီလဘေးက အဒေါ်ကြီး တယောက်က တွေ့တယ် အဲဒါကို။
စားပီးတော့ ခဏလောက် စကားထိုင်ပြောကြ၇င်းနဲ့ ပင်ပန်းကြတာနဲ့ အစောကြီး အိပ်၇ာဝင်ကြတယ်။ အဲမှာည တစ်နာ၇ီလောက်မှာ သူဘေးနား အိပ်နေတဲ့ ကောင်မလေးက အသက်၇ှူကြပ်တယ် လည်ပင်းနား ဘာခံနေလဲမသိဘူး ဆိုပီတော့ ထပီးငိုနေ၇င်းနဲ့ အာခေါင်ကို ကလော်၇င်းနဲ့ ထိုးထိုးအန်တာ အလုံးကြီးတလုံး ခံနေသလိုဘဲတဲ့။ အန်လည်း မတက်သာဘူးပေါ့နော်။ အဲဒါနဲ့အမေက ဘု၇ားစင်ပေါ်တင်ထားတဲ့ ပ၇ိတ်ေ၇ကိုတိုက်ပီးတော့ သူ့ကို ဘု၇ား၇ှိခိုးခိုင်းလိုက်မှ လုံးဝကို သက်သာသွားတာ။
အဲဒီမိန်းမကတော့ သူမဟုတ်သလိုဘဲ ကောင်မလေးကိုတောင် သက်သာပီလား ဘာလား မေးနေသေးတယ်။ ပီးတော့ သူအကြောင်းကိုသိတဲ့ အဒေါ်တယောက်က သူကိုကြည့်လိုက်တော့ မျက်ထောင့်ကြီးနီပီး မထီမဲ့ပြုံးနေသလို ထင်၇တာပေါ့နော်။ အဲဒီကောင်မလေးဖြစ်ပီးေ၇ာ ဘယ်သူမှဆက်ပီး မအိပ်၇ဲကြတော့ဘူးပေါ့။ အကုန်လုံးဘဲ မသိသလိုနဲ့ လန့်လန့်နဲ့ဘဲ မိုးလင်းတဲ့အထိ မီးဖိုပီး ဘု၇ားစာ၇ွတ်၇င်းနဲ့ ထိုင်နေကြတော့တယ်။ မနက်ေ၇ာက်မှ ဒို့တွေအကုန်လုံး အကြောက်သက်သာကြတော့တယ်ပေါ့နော်။
(အဲဒါကတော့ တကယ် ကိုယ်တွေ့ဖြစ်၇ပ်ပါ။ စာမတင်ဖူးတော့အမှားပါ၇င် ခွင့်လွတ်ပေးကြပါ၇န်.....)
