ချီးစားစုန်းတွေ့ရင် ပြောပေးကြပါ
ရေးသားသူ - မသန္တာ
ငယ်ငယ်ကတည်း ကနေ အခုထိ သရဲတွေနဲ့ ခဏခဏ ကြုံခဲ့ ဖူးပါတယ် အဲဒါ ဘယ်ကနေ စပြောရမလဲ မသိဘူးဖြစ်နေတယ်။ ကျွန်မတို့ ရွာလေးမှာ နှစ်ချို့ သရဲစုန်း အထူးသဖြင်း ချီးစားစုန်း သိပ်ပေါပါတယ်။ ရေသူမလဲ ရှိပါသေးတယ်။ သိုက်တွေလဲ အရမ်းပေါ ပါတယ်။ ရွာ ရဲ တစ်ဝက်လောက်က ပညာသည်တွေသာဖြစ်ပါတယ်။ ဘာကြောင်းက စပြောရမလဲ မသိဘူး။ အဖေ အကြောင်း က စပြောရရင် ကောင်းမလား။ အဘွားအကြောင်းက စပြောရမလား။ ကိုယ့်အကြောင်း ကိုယ်ပြောရမလား...။ အင်း စာဖတ်သူတွေအတွက် ကိုယ်တွေ့လေးပဲ ပြောပြတော့မယ်...။
အစ်မတို့ ရွာက မြိတ်ကျွန်းစုက ရွာလေးတစ်ရွာပါ။ ဆလုံ လူမျိုး နဲ့ ဗမာလူမျိုး တွေ နေထိုင်ပါတယ်။ ကိုယ်ဟာကိုယ်တော့ ဘာလူမျိုးမှန်း မသိပါဘူး၊ရွာက အိမ်တွေဟာ ခြေတံရှည်အိမ်ဖြစ်ပြီး ကိုယ်ပိုင်တံတား ပါရှိပါတယ်။ တံတားပေါ်မှာ အိမ်သာဆောက်ထားပါတယ်။ အိမ်သာတက်ဖို့အတွက် တံတားကို ဖြတ်ရတယ်။ တစ်ညတော့ ည ကြီး အပေါ့သွားခြင်းတာနဲ့ ထလာတယ်။ အမေနဲ့အဖေကို မနိုးခြင်တာနဲ့ ကိုယ်ဟာကိုယ် ထ ပြီး အိမ်ကနေ တံတားပေါ်က တစ်ဆက် အိမ်သာ သွားတော့ တံတားဘေးနားက သစ်ပင်ပေါ်ကနေ နာမည် လမ်းခေါ်သံကြားရတယ်။
ပထမတော့ နည်းနည်းလန့်သွားတယ် "ဘယ်သူလဲ ငါနာမည် အော်တာ အားနေလားလို " ပြန်အော်လိုက်တယ်။
သူကပြန်ပြောတယ် သူ့ကိုကယ်ပါတဲ့...။
အနားတိုးပြီး ကြည့်လိုက်တော့ အတော်လေး လန့်သွားတယ်။ အဘွားအိုတစ်ဦး ဖြစ်နေတယ်။ အဘွားပုံက ခေါင်းပြတ်ကြီးနဲ့ အူးကလီဇာပဲပါတယ် လည်းပင်အောက်ပိုင်း မပါဘူး။ အဘွားက ပြောတယ် သူကချီစား စုန်းတဲ့ ညဘက် အိမ်သာတွေထဲမှာ လာစားတာတဲ့။ အခုသူကို ဖြုတ်ပေးပါတဲ့ သစ်ပင်ကိုင်းနဲ့ ကလီဇာတွေချိတ်နေလို့ ကူညီပါတဲ့။ သူ့အကြောင်းလဲ ဘယ်သူမှ မပြောပါနဲ့တဲ့။
အဲဒါနဲ့ ကြောက်ကြောက်နဲ့ ဖြုတ်ပေးပြီး ပြန်ပြေးပြီး အိမ်ထဲပြန်ဝင်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ လူကြီးတွေ မေးကြည့်တော့ ဒါမျိုး အကူအညီပေးပြီး ရင် ရွှေငွေ တောင်းလိုရတယ်တဲ့ အခုချိန်ထိ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ဘာမှ မတောင်းလိုက်ရလို့။ အဲဒါနဲ့ ဒီအရွယ်ရောက်တဲ့အထိ ညဆို ထထ ချောင်းပြီးတွေ့လို တွေငြား ရှာနေပါသေးတယ်။ တွေ့ရင် အကူညီပေးပြီး ရွှေတောင်းချင်လို့ အစ်မတို့ရွာမှာ ဒီအကြောင်းတွေပြောပြရင် ဒူးမေ့ ရင်မေ့ ခေါင်းမေ့လိုပြောရတယ်။ မပြောရင် လာတတ်တယ်တဲ့။
ဒီနေ့တော့ ဒီလောက်ပဲ ပြောတော့မယ်နော်။ ကျေးဇူးတင်ပါတယ်ရှင်။
