မမြင်ရတဲ့ ပရလောကသားများ



ရေးသားသူ - ကို Chan Lay

ကျွန်တော်ဟာ စစ်တက္ကသိုလ် တက်ခဲ့ဘူးသူ တစ်ယောက်ပါ... ပထမနှစ်ပဲပြီးလိုက်တယ်...second year မှာ ဆေးကျလို့ ထွက်လိုက်ရတာ... ဆေးကျတာကလည်း နှလုံးသွေးကြောကျဉ်းတာပါ.... ပြန်ဖို့ အမိန့်ကျတော့ အဖေ နဲ့  အမေက လာခေါ်ပါတယ်... မေမြို့ ထိတက်လာကျပါတယ်.... အဲဒီတုန်းက ဗိုလ်ချူပ်အုန်းမြင့်က ကျောင်းအုပ်ကြီးပါ... ကျွန်တော်ပြန်ရမယ့် နေ့ မှာ ဗိုလ်ချုပ်လက်မှတ် စောင့်နေတာနဲ့ နည်းနည်းကြာသွားတယ်....

စစ်တက္ကသိုလ်ကနေ ထွက်လာပြီး မြို့ ထဲရောက်တော့ မှောင်ရီပျိုးသွားပြီ.... တောင်ပေါ်ရာသီ ဆောင်းဝင်ကာစဆိုတော့ နည်းနည်းတော့ အေးနေတယ်..... မှောင်တာက ၆ နာရီလောက်ဆို စမှောင်ပြီလေ....ကျွတ်တော်တို့ လည်း မန္တလေးဆင်းပြီး ရထားစီးဖို့လုပ်ရင် မိုးစုန်းစုန်းချုပ်နိုင်တာမို့ မဆင်းပဲ ပြင်ဦးလွင်မြို့ထဲက ဟော်တယ် တစ်ခုမှာပဲ အိပ်လိုက်ဖို့လုပ်တယ်.. အဖေနဲ့ အမေက တစ်ခန်း .. ကျွန်တော်ကတစ်ခန်းပေါ့.....

ကျွန်တော်လည်း ပင်ပန်းနေတာနဲ့ စောစောအိပ်ဖို့ လုပ်လိုက်တယ်... ခုတင်တက်ပြီး ခဏမှာပဲ အိပ်ပျော်သွားတယ်..... ခဏပဲရှိသေးတယ် ပြတင်းက ၀ုန်းကနဲပွင့်သွားပြီး.. လေတွေတိုက်လာတယ်..... တိုက်တဲ့လေတွေက တဖြည်းဖြည်းကြမ်းလာတယ်... ကြမ်းလာတာနဲ့အမျှ သဲကြမ်းတွေလည်း ပါလာသလိုပဲ.. မျက်နှာတွေလည်း စပ်ဖြင်းဖြင်း ဖြစ်လာတယ်.... ပတ်ဝန်းကျင်တောင် ကောင်းကောင်း မမြင်ရတော့ဘူး... အဲဒီအချိန်မှာ ကျွန်တော်လက်ကို လာဆွဲတဲ့ မည်းမည်းအရိပ်ကြီး... အမွှေးတွေနဲ့ .... ကျွန်တော်ရသမျှ ဂါထာတွေတောင် အကုန်ကုန်သွားလား မသိဘူး....အဖေ အမေ ခေါ်ကြည့်တယ် ခေါ်လို့ မရဘူး.... လက်အုပ်ချီတာတောင် မနည်း ချီယူနေရတယ်....

လက်အုပ်ချီပြီး ဘုရားစာရွတ်နေတုန်း အသံ တစ်သံကြားလိုက်ရတယ်.... "မင်းကိုငါလာတားတာ မင်းမသွားနဲ့ဦး တားမရသွားချင်ရင် ၃ ဂဏန်းတွေကို ရှောင်သွား"....... ဆိုပြီး အားလုံးပျောက်သွားတယ်... အခန်းလည်းငြိမ်သွားတယ်... ကျွန်တော်လည်း ခုတင်ပေါ်မှာပဲ.... ခုတင်အောက်ကို ယောင်ယမ်းပြီး စမ်းကြည့်လိုက်သေးတယ်.. ဘာသဲမှ မရှိဘူး..... အိမ်မက်ပဲလေဆိုပြီး.. ဆက်အိပ်ပေမယ့် အိပ်လို့မရတော့ဘူး... အိမ်မက်လား တကယ်လား ရောထွေးရင်းနဲ့ ရင်တွေတုန်နေတာ....

မနက်မိုးလင်းတော့ တောင်အောက်ဆင်းတဲ့ ဟိုင်းလတ်ကားလေးတွေ စီးဖို့နေရာယူလိုက်တယ်... အဖေက ကားခေါင်းနားကပ်ရပ် ပြီးတော့ အမေ။ အမေပြီးမှ ကျွန်တော်... တစ်ခြမ်းတည်းမှာ... အတူတူ ထိုင်စီးလာကြတာ... ပျော်ရွှင်စွာ စကားတွေ ပြောရင်းနဲ့ ပေါ့.... မနက် 4:30 ကားတက်စီးလာတာ..... ကားစထွက်ပြီး ၁၀ မိနစ်အကြာမှာ ကျွန်တော်နေရင်ထိုင်ရင်း မောလာတယ်.....

အဲလို ကျွန်တော်မောနေတုန်းပဲ ကားက လမ်းဘေးက မုပေါ်ထိုးတက်သွားတယ်... လူတွေလည်း ပြာပြာသလဲ ဖြစ်ကုန်တယ်.... စပယ်ယာက ဒရိုင်ဘာကို လှမ်းမေးတော့ မျက်စိစပ်သွားတာ....... ချမ်းလို့ တံခါးပိတ်မောင်းတာတောင် လေတိုးပြီး မျက်စိထဲ သဲတွေဝင်သွားလို့ ဆိုပြီး ပြန်ဖြေသံမှာ ကျွန်တော်ခေါင်းကြီးသွားတယ်... ညတုန်းအဖြစ်အပျက်တွေ ပြန်သတိရလာပြီး ချွေးစေးတွေပြန်လာတယ်...

မယုံချင်ပေမယ့် ၃ ယောက်မြောက် ဖြစ်နေတဲ့ ကျွန်တော့်နေရာကို အဖေနဲ့ လဲလိုက်တယ်... အဲနေ့ တစ်ရက်လုံး ၃ ဂဏန်းကို သတိထားပြီး နေလိုက်တယ်... အရာရာ အဆင်ပြေသွားတယ်... တော်သေးတာက ကားကအဲလို ဖြစ်နေတုန်းက လမ်းကပြေနေပေလို့သာပေါ့... လုံးဝကွေ့ ကောက်ဆင်းနေတဲ့ အချိန်ဆိုသေပြီ.......

အဲလို လူတွေကို လိုက်ကယ်တင်နေတဲ့ ပရလောကသမားများ ရှိနေပါသည် ဆိုတာကို ကျွန်တော့်ကိုယ်တွေ့နှင့် ရေးသား ဖေါ်ပြပေးလိုက်ပါသည်။
Powered by Blogger.