တစ္ဆေမကြောက်သော ကိုရင်ပဏ္ဍိ နဲ့သင်္ကန်း မကြောက်သော တစ္ဆေ တို့တွေ့သော အခါ



ကျွန်တော်ကိုရင်စဝတ်တဲ့ အရွယ်က အသက်၁၀နှစ်အရွယ် ဝတ်တဲ့ဘုန်းကြီးကျောင်းက ကျွန်တော်တို့နယ်တစ်ခွင်မှာ နာမည်ကြီး ဘာနာမည်ကြီးလဲဆိုတော့ သရဲအရမ်းခြောက်တယ် ဆိုပီး သတင်းမွှေးတယ် တကယ်လဲ ခြောက်တယ် ခြောက်တဲ့သရဲတွေက ကိုရင် ဦးဇင်းတွေတောင်မကြောက်ဘူး ဘုရားသားတော်တွေတောင် ခြောက်ခံထိတယ်

ဘုန်းကြီးကျောင်းက ပရိယတ္တိစာသင်ကျောင်းဆိုတော့ စာသင်သားတွေလဲ စုံတယ် နယ်ပေါင်းစုံက လာတဲ့ကိုရင်တွေ ဦးဇင်းတွေ များသောအားဖြင့် ပအိုဝ့်တိုင်းရင်းသားတွေပိုများတယ် ဘုန်းကြီးကျောင်းမှာ အဆောင်၃ဆောင်ရှိတယ်

အဆောင်၃ဆောင်လုံး သရဲခြောက်တယ် ကျွန်တော်ကလဲ ကိုရင်စဝတ်ခါစဆိုတော့ ညဖက်တွေဆို ရွယ်တူကိုရင်လေးတွေ ရှိတဲ့ အဆောင်မှာ သွားအိပ်တယ် အဲဒီထဲမှာ ကိုရင်ပဏ္ဍိ ကိုတော့ အခင်ဆုံးပဲ အသက်က ၁၁နှစ်လောက်ရှိပြီး သရဲတစ္ဆေလဲမကြောက်တတ်ဘူးတစ်ည ကျွန်တော်ကို

ကိုရင် သရဲကြောက်တတ်လား နည်းနည်းတော့ကြောက်တယ် သရဲတွေ့ဖူးလား မတွေ့ဖူးဖူး အဲဒါဆို ဒီညပြမယ် ကြည့်မလားတဲ့.ကျွန်တော်လဲ ကြည့်မယ်ဆိုပြီးပြောလိုက်တယ်အဲဒါဆို တပည့်တော် နှိုးတဲ့အခါထကြည့် အခုတော့ အိပ်တော့ဆိုပြီးပြောတယ်.နေ့လည်က ကစားထားတော့ မောမောနဲ့အိပ်ပျော်သွားတယ်

ဘယ်လောက်အိပ်ပျော်သွားလဲမသိဘူး ကိုရင်ထထထ ခဏနေဒီကောင်တွေ ထွက်လာတော့မယ်..ဆိုပီးနှိုးတော့မှ နိုးလာတယ်

ပဏ္ဍိ သရဲက ဘယ်ကထွက်လာမှာလဲ အခုက ဘုန်းကြီးကျောင်းထဲမှာလေ သရဲကအပြင်မှာရှိတာ မဟုတ်ဘူးလား

ဘယ်ကလာ သရဲက ဒီအဆောင်ထဲမှာရှိတာ.. အောက်ထပ်မှာ ခဏနေထွက်လာတော့မှာ လာလာ ဆိုပြီး နှစ်ယောက်သား လှေကားအဆင်းနားကနေ ချောင်းနေတ အောက်ထပ်မှာက ကိုရင်ကြီးတွေ အိပ်နေတဲ့ ကုတင်တွေရှိတယ်…လှေကားအောက်မှာတော့ လွတ်နေတာပေါ့ခဏနေ ပဏ္ဍိက ကိုရင် ဒီကောင်တွေလာပီ သေချာကြည့်.အဲလိုလဲပြောပြီးကော

လှေကားအောက်ကနေ ထွက်လာတာဗျာ အများကြီးပဲ ဒါပေမယ့် ထင်ထားသလို ကြောက်စရာပုံတွေမဟုတ်ဘူး

ဝက်တွေဗျာ ဝက်တွေ အရွယ်တွေစုံနေတာပဲ အကောင်သေးသေးကစ အကောင်ကြီးကြီးထိ မရှိဘူးဆို အကောင်၂၀လောက်ရှိမယ်

လှေကားအောက်ကနေ ပြေးထွက်ပြီး အဆောင်ဒေါင့်ဆုံးမှာ ရှိနေတဲ့ကုတင်အောက်ထဲကို ပြေးဝင်သွားကြတာ

ကျွန်တော်ဆို အံ့သြလွန်းလို့ စကားတောင်မပြော နိုင်ဘူး. နောက်တော့ ကိုရင်ပဏ္ဍိကို မေးတာ.အဲဒီဝက်တွေက ဘာတွေလဲ ပဏ္ဍိ.အဲဒါတွေက မကောင်းဆိုးဝါးတွေပုံစံပြောင်းထားတာ သူတို့က ညတိုင်းမထွက်ဘူး.လပြည့်နေ့မှ ထွက်တာငါတောင်အပေါ့ထသွားရင်းတွေ့လို့ သိရတာ ကျန်တဲ့ကိုယ်တော်တွေ မသိသေးဘူး

ပဏ္ဍိကလဲ အဲဒါက ကြောက်ဖို့မကောင်းဘူးအုလိုပြောတော့ ပဏ္ဍိကဒီအဆောင်မှာက ဒီလိုကောင်တွေပဲရှိတယ် အလယ်ဆောင်မှာဆိုပိုဆိုးတယ် နောက်နေ့ အဲဒီအဆောင်မှာ သွားအိပ်မယ် အဲဒီအခါကျမှ လန့်မအော်နဲ့ဘာဖြစ်လို့လဲ

ဘာလို့လဲဆိုတော့ အဲဒီအဆောင်မှာ သရဲတစ်ကောင်ရှိတယ်. ငါ့ကိုတောင် စရောက်တုန်းက ခြောက်သေးတယ်အိပ်နေရင် သင်္ကန်းကိုလာလာဆွဲတယ် နောက်ပီးခြေထောက်လဲ လာလာဆွဲတယ်. သူဒီမှာရှိကြောင်းပြတာဖြစ်မယ်ထင်တယ် နောက်ပိုင်းငါ့ကိုမခြောက်တော့ဘူး ကိုရင်အသစ်တွေဆိုရင် အဲဒီအဆောင်မှာ သွားမအိပ်ရဲဘူး ဟိုတစ်လောက ကိုရင်အဂ္ဂ အဲဒီအဆောင်မှာအိပ်နေရင်း တီဗီကြည့်နေတာ

သူခေါင်းအုံးထားတာက ဖက်ခေါင်းအုံး…နောက်တီဗီကြည့်နေရင်း ဖက်ခေါင်းကိုစမ်းမိတာ ဖက်ခေါင်းအုံး မဟုတ်တော့ပဲ လက်ပြတ်ကြီးပေါ်ကို ခေါင်းတင်ပြီး အိပ်နေတာ. အဂ္ဂတစ်ယောက်အော်ပြီးပြေးတာ.. နောက်နေ့ တွေ အဲဒီအဆောင်ကိုမသွားရဲတော့ဘူး

အော်အဲလိုလား ဒီညသွားအိပ်မယ်လေ ပဏ္ဍိ မင်းပါလိုက်ပေး

အေးပါကွာ ငါလိုက်အိပ်ပေးမယ် ခြောက်ခံထိရင် ထွက်မပြေးနဲ့နော် ဟဟဟဟအဲဒီည ကျွန်တော်ရယ် ပဏ္ဍိရယ်.. အဲဒီအဆောင်မှာနေတဲ့ ဦးဇင်းဆီမှာ တီဗီကြည့်မလို့ဆိုပြီး ခွင့်တောင်းပြီး နေကြကော အချိန်နည်းနည်းလင့်တော့ မပြနါတော့ဘူးဒီမှာပဲအိပ်တော့မယ်ဆိုပြီးပြောတော့ ဦးဇင်းက ကိုရင်လေးဖြစ်ပါ့မလား. နေရဲလို့လား..နေရဲတယ် ဦးဇင်း. ပဏ္ဍိလဲပါနေတာပဲ တပည့်တော်ဘာမှလုပ်တာမှမဟုတ်တာ

ဒါဆိုလဲ အိပ်ကွာ ခြင်ထောင်တော့မရှိဘူး.ခြင်ဆေးထွန်းအိပ်ဆိုပြီး ပေးအိပ်တော့ ကျွန်တော်နဲ့ပဏ္ဍိလဲ ဖျာခင်းပြီး အိပ်ကော

ကျွန်တော်ကတော့ မအိပ်ခင် စိတ်ထဲကနေ ဒီအဆောင်မှာရှိတဲ့သူက ဘယ်လိုပုံစံလဲမသိဘူး. မြင်ရရင်ကောင်းမယ်အဲလိုတွေးပီး.မအိပ်ခင်ဘုရားရှိခိုး. ပဏ္ဍိဘေးမှာဝင်တိုးအိပ်တာပဲအိပ်မပျော်ခင် ပဏ္ဍိကို..ပဏ္ဍိငါလက်တို့ရင် ထနော် အိပ်ပုတ်ကြီးမနေနဲ့

အေးပါကွာ ငါမအိပ်ပါဘူး တစ်ခုခုထူးခြားရင် ခက်ကုတ်လိုက် မင်းဘေးမှာငါရှိနေတာပဲအဲဒါဆိုလဲပြီးရောဆိုပီးအိပ်လိုက်တာ

မှေးခနဲဖြစ်တဲ့အချိန် သင်္ကန်းကိုလာဆွဲသလိုခံစားလိုက်ရတယ် မျက်လုံးကမဖွင့်ကြည့်ရဲဘူး. အဲဒါနဲ့ဘေးက ပဏ္ဍိကို လက်ကုတ်လိုက်တယ် ခဏနေတော့ ပဏ္ဍိက သူသိကြောင်းလက်ပြန်ကုတ်တယ်ခဏနေတော့ သင်္ကန်းလာပြန်ဆွဲပြန်ရော သင်္ကန်းကလေထဲမှာလွှင့်နေသလို ခံစားမိတော့.. မျက်လုံးအသာလေးဖွင့်ကြည့်တာ တကယ်အဟုတ်ပဲ. သင်္ကန်းက လေထဲမြောက်နေတာ တစ်ယောက်ယောက်ဆွဲနေသလိုပဲ အကောင်အထည်တော့မမြင်ရဘူး ပဏ္ဍိလဲတွေ့တယ်. အဲဒီအချိန် ဝုနးဆို ပဏ္ဍိ မတ်တပ်ထရပ်ပြီး အဲဒီသင်္ကန်းဘေးကို ပြေးသွားပြီး လက်သီးနဲ့ထိုးနေတာ ကျွန်တော်မြင်တာကတော့ ပဏ္ဍိတစ်ယောက်ထဲ ..ကြမ်းပေါ်မှာလိမ့်နေတာ ပါးစပ်ကလဲ အော်နေတာမင်းလားကွ ..ဆိုပြီး လေထဲကိုထိုးနေတာ… ခဏကြာတော့ အသံတွေကြားလို့ အပေါ်ထပ်မှာ အိပ်နေတဲ့စာချဆရာတော်ဆင်းလာမ.ပဏ္ဍိလဲ အထိုးရပ်လိုက်တယ်. တစ်ကိုယ်လုံးလဲ ချွေးတွေ ရွှဲနစ်နေတာပဲ

ဟဲ့ ပဏ္ဍိ ဘာဖြစ်တာလဲ.ဘုရား ဘယိကကောင်လဲမသိဘူး တပည့်တော့သင်္ကန်းလာဆွဲလို့ ကြည့်လိုက်တာ.. မဲမဲပုပု အကောင်တစ်ကောင် ဖြစ်နေတာ တစ်ခါမဟုတ်နှစ်ခါမဟုတ်ဘူး လာလာဆွဲနေတာ..အဲဒါအဲဒီကောင်က တပည့်တော်ကို ထိုးမလားဆိုပြီး စိန်ခေါ်တာ တပည့်တော်လဲ ဒေါသထွက်ပြီး ထိုးနေတာ သူကိုထိုးရတာ ဖွဲအိတ်ကိုထိုးနေရသလိုပဲ ကြာလာတော့ မောလာတယ်သူကတော့ဘာမှမဖြစ်ဘူးဦးဇင်းနိုးလာမှ ဒီကောင် တံခါးဟထားတဲ့ ကြားကနေ ပြေးဆင်းသွားတယ်

ကျွန်တော်လဲ ပဏ္ဍိပြောတာကို ပါးစပ်အဟောာင်း သားနဲ့နားထောင်နေတာ.. ကျွန်တော်က ဘာမှကို မတွေ့တာ. အဲတော့မှ ဦးဇင်းက ဒီကောင် ဘာလာလုပ်ပြန်ပီလဲမသိဘူးဦးဇင်း ဒီကောင် အဲလိုလိုက်စနေလို့ မောင်းထုတ်ထားတာ. အဲဒီကောင်က စနောက်ရတာသဘောကျတယ် ထင်တယ် ဒီကျောင်းကို ဘယ်သူမှမလာရဲအောင် ကိုစနောက်တော့တာပဲ.ကဲကဲ ပြန်အိပ်တော့ ဦးဇင်းလာအိပ်ပေးမယ်ဆိုပီး ဦးဇင်းက ကျွန်တော့်ကိုအလယ်မှာထားပြီး လာအိပ်ပေးတယ်

မနက် အာရုဏ်တက်တော့ ပဏ္ဍိက ကိုရင်ထထထအာရုဏ်ဆွမ်းကြွရမယ်မျက်နှာသစ် .သင်္ကန်းရုံဆိုပြီးလာနှိုးတော့မှာ ကောက်ထပြီး မျက်နှာသစ်.. သင်္ကန်းရုံပြီး အာရုဏ်ဆွမ်းကြွ လိုက်သွားတာ.. ကိုရင်တွေအားလုံးတန်းစီပြီးကြွရတယ် ကျွန်တော်က ဝါစဉ်အနည်းဆုံးဆိုတော့ နောက်ဆုံး.. ကျွန်တော်ရှေ့မှာကတော့ ပဏ္ဍိ

အဲလိုကြွလာတာ အပြန်ကျတော့ အိမ်သာတက်ချင်လာကေ. ကျောင်းကလဲ လမါးတစ်ကွေ့ကျန်သေးတယ်… ဒါပေမယ့် ဘုရားပေါ်ကဖြတ်သွားရင် နီးနီးလေး အဲဒါနဲ့ ပဏ္ဍိကို ခေါ်ပြီး ဘုရားပေါ်ကနေ ဖြတ်တာ အချိန်က အလင်းရောင် မှုန်မှုန်လေးပဲမြင်နေရသေးတာဘုရားပေါ်မှာလဲ မှောင်နေတာ ဘုရားပေါ်ကနေဖြတ်လာတော့. ဘုန်းကြီးကျောင်းထဲအဝင်နားက သရက်ပင်အောက် ရောက်ကောဒီတစ်ခါကျွန်တော်မြင်လိုက်တာ ပဏ္ဍိ ဟိုမှာ ဘာကောင်လဲ တွေ့လားသရက်ပင် အောက်မှာငုတ်တုတ်ထိုင်နေတာ မျောက်လားမသိဘူး.

မှောင်လဲမှောင်နေတော့ သိပ်မသဲကွဲဘူးပဏ္ဍိက သေချာကြည့်ပြီး ဟာဟိုကောင် ညကကောင်ငါ့ကိုစောင့်နေတာဖြစ်မယ်

ရော့ သပိတ်ကိုင်ထား.. ဒီမှာရပ်နေဆိုပြီး ခါးပန်းကြိုးကိုဖြုတ်ပြီး အဲဒီမဲမဲကောင်ကို လိုက်ရိုက်တာ. မဲမဲကောင်က ပထမေတော့ ပဏ္ဍိကို ပြန်လုံးတယ်… ဒါပေမယ့် အနားမရောက်ဘူး… ပဏ္ဍိကနေပြီး ခါးပန်းကြိုးနဲ့ ဆီးရိုက်တ. ဖြန်းဖြန်းဖြန်း

အဲလို၃ချက်လောက်ထိကော ဟိုကောင် ဝင်မလုံး တော့ပဲ မြေကြီးမှာလိမ့်နေအောင်အော်နေတာပဏ္ဍိကလဲ ဘာမှတ်နေလဲ မှတ်ထား .အဲဒါဆရာတော် ခါးပန်းကြိုးကွ ဆိုပြီး ပြောလဲပြော ရိုက်လဲရိုက် ခဏနေတော့ဟိုမဲမဲကောင်က ထပြေးတာ. ဘုရားဘေးက ဇရပ်ပျက်အနောက် ထဲကိုဝင်ပြေးသွားတာ ခဏနေတော့ ပဏ္ဍိ သပိတ်လာပြန်ယူတော့ ပဏ္ဍိ မင်းဆရာတော်ခါးပန်းကြိုးဘယ်လိုရလာတာလဲ..ဟဲဟဲ ဒီကောင် ဒီညထပ်လာရင် ရိုက်မလို့ ဆရာတော် လှမ်းထားတဲ့ ခါးပန်းကြိုးခဏဖြုတ်လာတာ ဒီကောင်က ညထိမစောင့်ပဲ ပေါ်လာတော့ ခါးပနါးကြိုးစာ ကျွေးလိုက်တာပေါ့

အဲဒါနဲ့ သပိတ်ကိုယ်စီလွယ်ပြီး ဆွမ်းစားဆောင်ထဲ ဝင်တော့ ဆရာတော် ကြိမ်လုံးကိုင်ပြီးစောင်နေ့တယ် လာခဲ့ ၂ကောင်လုံးဆိုပြီး …ပဏ္ဍိကိုတော့ ခါးပန်းကြိုးကို ပိုင်ရှင်မသိပဲ ယူတာ ခိုးတာပဲဆိုပြီး တရွှမ်းရွှမ်းနဲ့ ဗျင်းတော့တာပဲ. ကျွန်တော်ကိုတော့ ဒုလ္လဘ မို့လို့ မရိုက်တော့ဘူး ခေါင်းကိုပဲ ဒေါက်ကနဲ မြည်အောင် ခေါက်ပြီး သွား ဆွမ်းသွားစားတော့..နောက်နေ့ကစပြီး ကျွန်တော်လဲ ကျောင်းပြန်ဖွင့်တော့မှာမို့လို့ လူဝတ်ထွက်လိုက်ရတယ် ပဏ္ဍိကတော့ ဘုန်းကြီးကျောင်းမှာ ကျန်ခဲ့တယ်. ကျွန်တော်လဲ အချိန်ရရင် ရသလို ပဏ္ဍိနဲ့သွားတွေ့ပါတယ်

ပဏ္ဍိလဲ ဓမ္မာစရိယတန်းအထိရောက်ခဲ့တယ်.. နောက်ပိုင်း အဆက်အသွယ်ပြတ်သွားခဲ့တယ် အခုသတင်းကြားတာက လူထွက်ပြီး မိန်းမရနေပီလို့ ကြားတယ်. ခုထိ ပြန်မတွေ့ရတော့ဘူး ဆရာတော်ကတော့ ကျွန်တော် ဘုန်းကြီးကျောင်းရောက်ဖြစ်တဲ့အခါတိုင်းမင်းသူငယ်ချင်း ပဏ္ဍိတော့ မိန်းမရသွားပီကွ မင်းပဲကျန်တော့တယ်လို့ အမြဲပြောတယ်အခုရေးတဲ့စာကို တိုက်ဆိုင်လို့ ပဏ္ဍိ ဖတ်ဖြစ်ခဲ့ရင် ငါ့ဆီကို ဆက်သွယ်ပေးပါ သတိရတယ်ကွာ ငယ်ငယ်တုန်းက အချိန်တွေကို။

Credit: ဇယန ( ရာမည )
Powered by Blogger.