ပရလောကနယ်သို့



မှောင်ရီသန်းစ အချိန်မို့ ကိုထွန်းတင် နည်းနည်းတော့
ကြောက်စိတ်ဖြစ်မိသည်။ မိဘများက ညအိပ်သွားရန်ပြောသော်လည်း မိန်မဖြစ်သူက မပေါ့မပါးနှင့်မို့ ကိုထွန်းတင် ဇနီးဖြစ်သူရှိရာ ဇီးတောရွာသို့ အလျင်စလိုပြန်ခဲ့ခြင်းဖြစ်၏။

သူပြန်ရမည့် ခရီးမှာလည်း မလွယ်လှ အနည်းဆုံးည
၁၂နာရီလောက်မှ ရောက်မည် ထို့ကြောင့် ကိုထွန်းတင်ခြေ
လှမ်းများက ပုံမှန်ထက် လောနေခြင်းဖြစ်ပေ၏။
ပြန်ရမည့်လမ်းမှာလည်း ချောင်းဝတံတားနှင့်င်္သချိုင်းကို
ဖြတ်ရမည် ရွာနစ်ခုကြားခြားထားသော ချောင်းကို
တံတားထိုးထားခြင်းဖြစ်၏။

ချောင်ဝ တံတားဆိုလျှင် ညဘက်
ဖြတ်သွားသူတိုငိး သရဲ အခြောက်မခံဖူးသူမရှိသလောက်ပင်
ဇီးတောသို့ ကူးရမည့်လမ်းမှာလည်း ချောင်းဝရွာ င်္သချိုင်း
အနားကပင် ဖောက်ထားခြင်းကြောင့် ထွန်းတင်ပြန်ရမည်
ခရီးမှာမလွယ် လှ သူကိုယ်တိုင်ပင် ခြောက်ခြားနေသည်
တော့ အမှန်ပင်။

လမ်းလျှောက်လာရင်းဖြင့် အမှောင်ဟူသောအရောင်က
ဖုံးလွှမ်းခဲ့တော့သည်။အသင့္ပါလာေ သာ လက္နွိပ္မီးအား
ထုတ်ကာ ဖွင့်လိုက်၏

''တောက်!!!!ဟာကွာ ဓာတ်မီးအားနည်းနေတာ
ဒီ ခေါင်းကလည်း မေ့တက်လိုက်တာ''

ကိုထွန်းတင် အားနည်းနေသော မီးအားထိုးကြည့်မှ
သတိယခြင်းကြောင့် ဒေါသထွက်သွားလေသည်
ပြန်ရမည့် ခရီးနှင့် မီးက အားနည်းပုံနှင့်တော့
အကျပ်ရိုက်လေပြီး။

အနားသို့ ပတ်ကြည့်ကာ တုတ်တစ်ချောင်းအားရှာဖွေလိုက်၏
မြွေကင်းအန္တရာယ်က လည်း ရှိသေးသဖြင့် တုတ်ကလည်း
လိုအပ်ပေသည်။

ဖလူးးးဖလူးးးးးဖလူးးး

''ဟာ!!!!!!''

ကိုထွန်းတင် ဓာတိမီးအားအပေါ်သို့ မြင့်လိုက်သောအခါ

''တောက်!!!! ဒီဌက်ကလည်း ကွာ'''

ဟူးးးးးအခုမှပဲ သက်ပြင်းချနိုင်တော့သည်။
ကိုထွနိးတင် ဌက်ပျံသံကြောင့် လန့်ဖျန့်သွား၏
သူ့ကိုယ် သူ့လည်း အနည်းငယ် ရှက်သွားလေသည်။
ပတ်ဝန်းကျင် သို့ အနည်းငယ် လိုက်ကြည့်လိုက်သောအခါ
မီးရောင်ခပ်မှိန်မှိန် နှစ်လုံး သူရှိရာသို့ ဦးတည် လာနေလေ၏
ကို ထွန်းတင်မျက်နှာ ဝင်းပ သွားလေသည်
သူတို့နှင့် အတူကပ်လိုက် လျှင် ကြောက်စရာ
မလို မီးကလည်း အားနည်းနေသဖြင့်
နှစ်ခု စလုံးအဆင်ပြေမည် ထို့ကြောင့် ခဏရပ်စောင့်
နေလိုက်သည်။

တစ်ဖြည်းဖြည်း နှင့် မီးနှစ်လုံး သူရှိရာသို့ နီးကပ် လာလေသည်

''နှောင်ကြီး တို့ဘယ်ပြန်မှာလည်း ခင်ဗျ ကျွန်တော်
မီးအားနည်းလို့ အတူလိုက်ပါရစေ''

''ညီမတို့ က ဒီနားက ရွာက ပါ ကြုံသလောက် လိုက်ခဲ့ပေါ့'

''ဟင်!!!!!''

သူထင်ထား သည်က ဒီလို အချိန် ယောကျာ်းသားများ
ထင် နေသည် အခုတော့ထင်သလို ယောကျာ် သားများမဟုတ် မိန်းကလေးငယ် နှစ် ဦးဖြစ်နေလေသည်။ လမ်းကြုံရသည့် သူအတွက်တော့ အဆင်ပြေလှပေ၏

''အော် ဒါနဲ့ညီမတို့က ချောင်းဝ ရွာ ကပဲ လား ''

''မဟုတ်ဘူးရှင့် ဖုန်းဆိုး ရွာကပါ'''

ဟင် !!ထွန်းတင် က ဒီနယ်မှာ နေလာတာ ကြာပြီး
ဖုန်းဆိုး ရွာ ဟူ၍ မကြားဖူးချေ။

''အကို ကရော ဘယ်ရွာ ပြန်မှာလည်း ဝေးလွန်းရင်လည်း
ညီမတို့ ရွာမှာ ဒီတစ်ည နားသွားလိုက်လေ''

''အားတော့ နာပါတယ် ညီမရယ် အကိုက ရှေ့တစ်ရွာ
ကျော်လေးမှာပါ မနားတော့ပါဘူ''

ဘာမှ ဆက်မပြောတော့ ပဲ ငြိမ်သက်စွာ လျှောက်လာကြလေသည်။

''ဒါ အခု ဘယ်သွားနေကြတာလည်း ဟင် ချောင်းဝ ရွာ
မရောက်သေးဘူးလာ''

''ဟင်ချောင်းဝ ရွာကျော်လာပြီးလေ အခုညီမတို့ရွာ
စပ်ရောက်နေတာ''

ဟာ တံတားလည်း ငါမကူးခဲ့ရဘူး လမ်းများမှားနေတာလား
ကိုထွန်းတင် ဇဝေဇဝါ ဖြစ်သွားသည် လရောင်အနည်းငယ်
ရှိရာမှ ရုတ်တရတ် မိုးသားများ တက်လာသဖြင့်
လမ်းအားကောင်းစွာ မမြင်ရ မီးအားကလည်း နည်းသဖြင့်
ပတ်လည် ထိုးကြည့်သော်လည်း သူရောက်ဖူးသည့်
နေရာနှင့်မတူချေ။

ဝေါးးးးးဝေါးးးး

''ဟော့ အကို မိုးရွာမယ်နဲ့ တူတယ် ဒီတစ်ည ရွာမှာအိပ်သွား
လိုက်ပါလား''

ညနေက ကိုထွန်းတင် ပြန်လာတော့ မိုးသား အရိပ်အယောင်
ပင်မတွေ့ရ အခုမှ ရွာမလိုလိုနဲ့ ညိုးလာတော့
လိုက်တညိးမှ ရတော့မည်ဟု ဆုံးဖြတ်လိုက်ရတော့သည်။
မီးကလည်း အားနည်း မိုးကလည်း ရွာ လမ်းကလည်း
သူမသိ သလို ဖြစ်နေ၍ မထူးတော့ မိန်းကလေးများ
ခေါ်ဆောင်ရာသို့ ကိုထွန်းတင် မငြင်းနိုင်တောပေ။

ရွာစပ်ရောက်လာသည် နှင့်ကိုထွန်းတင်တစ်ယောက်
ခန္ဓာကိုယ်မှ မွှေးညုင်းများထောင်လာပြီး အေးစက်စက်
လေများကြောင့် ကြက်သီး ထသွားလေသည်။
ဖုန်းဆိုးရွာ ဆိုသည်ကလည်း သူတစ်ခါမှ မကြားဖူး
သော ရွာတစ်ခု ဖြစ်၏။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံသို့ ဝင်ရောက် ကျူးကျော်စဉ်က ချောင်းဝ သချိုင်းက ရွာတစ်ရွာ ဖြစ်ခဲ့ဖူးသည် နောက်ပိုင်း တော်လှန်ရေးဖြစ်သောအခါ
ချောင်ဝ ရွာ၌ တိုက်ပွဲဖြစ်ကာ အတုံးအရုန်းသေကြပြီး
ရွာပျတ်သွားလေသည် ရွာထဲတွင် မကျွတ်လွတ်သူများ
ရှိနေ၍ နောက်ပိုင်း င်္သချိုင် လုပ်လိုက်ခြင်းဖြစ်သည်ဟု
ကိုထွန်းတင် ကြားဖူးလေသည် ထိုရွာနာမည်ကိုတော့
ကိုထွန်းတင် မသိပေ။သူသိသည်က ချောင်ဝ
င်္သချိုင်ဟုသာ သိသည် ထိုအကြောင်းများကိုလည်း
ဇနီး ဖြစ်သူ ပြောပြ၍ အနည်းအကျဉ်း သိထားခြင်းဖြစ်၏။

''အကို လာအိမ်ရောက်ပြီ ဒါညီမ တို့အိမ်ပဲ''

''အော် ဟုတ်ကဲ့ ''

ကိုထွန်းတင် စဉ်းစားရင် လျှောက်လာ၍ ပတ်ဝန်းကျင်အား
မကြည့်မိ အိမ်ရှေ့ရောက်ပြီးဟူသော အသံကြားမှသာ
အသိပြန်ဝင်လာခဲ့သည်။

အိမ်ပုံစံမှာ ရှေ့ဆန်လှသည့် ခြေတန်ရှည်အိမ်ဖြစ်၏။
အိမ်ကြီးမှာ အတော်ပင်ကြီးလှသည် ထွန်းတင် ယခု
လိုအိမ်မျိုးပင် တစ်ခါမှမမြင်ဘူးချေ။

''လာအကို တက်လေ ''

''အော်ဟုတ်ကဲ့ ''

အိမ်ပေါ်တွင် လက်ဆွဲ မီးအိမ်ထွန်းထားသဖြင့်
တစ်အိမ်လုံးမြင်သာလှပေသည်။
ရှေ့ဟောင်းအသုံးအဆောင်များ ပန်ချီကားများ
စသည်တို့နှင့် အိမ်နေရာလွတ်များ နံရံများတွင်
နေရာ အသီးသီး နေရာယူထားကြလေသည်။

''ညီမရေ အကိုစားဖို့ တစ်ခုခု ပြင်လိုက်ပါကွယ်''

''ဟာ မစားတော့ပါဘူး ညနေက စားပြီးလာခဲ့ပြီး
အိပ်ချိန်နီးနေတော့မစားတော့ပါဘူး
ဒါနဲ့ ညီမတို့ နှစ်ယောက်ထဲနေတာလား''

''မဟုတ်ပါဘူး အကိုတွေ ဦးလေးတွေရှိပါတယ် သူတို့
ကပြန်မလာသေးတာ''

ကိုထွန်းတင် အံသြသွားသည် ဒီအချိန်အထိ ဘယ်တွေ
သွားလို့ ပြန်မလာသေးပါလိမ့် သူတို့ညီအမကရော
ဘယ်က ပြန်လာတာလည်း စဉ်းစားရခတ်နေလေသည်။

''အကို ဒီအခန်းထဲမှာ အိပ်ချင်ရင် အိပ်နော် ညီမတို့
လုပ်စရာလေးရှိလို့ လုပ်လိုက်ဦးမယ်''

ညီအမ နှစ်ယောက် ပြောရင်း ကိုထွန်းတင်းအနားက
ထွက်သွားလေသည်။
ကိုထွန်းတင်လည်း အထွေအထူး စဉ်းစားမနေတော့ပဲ
အိပ်ခန်းအတွင်းသို့ ဝင်ခဲ့တော့သည်။

ဒေါက်းးးဒေါက်းးးးဒုန်းးးးဒုန်းးးးး

ကိုထွန်းတင် အိပ်မရဖြစ်နေသည် မည်သည့်အရာများ
ကို ထုရိုက်နေသည် မသိ တစ်အိမ်လုံး သိမ့်သိမ့်ခါနေ၏
ခဏမျှအကြာ အိမ်ရှေ့၌ လူသံများကြားလိုက်သည်။
အိမ်ပေါ်တွင် လမ်းလျှောက်သံများ ဗလုံးဗထွေး
စကားသံများဖြင့် ကို ထွန်းတင် အိပ်မရချေ။

မကြာခင် အချိန်အတွင်းလေးမှာပင် မွှေးပျံ့သော
သင်းရနှံ့ တစ်ချို့က ကိုထွန်းတင် နှာခေါင်း ဝစီသို့
ဝင်လေနှင့်အတူ စီမျှောလာကြလေသည်။
ရနှံ့ကိုပင် ဝအောင်မရူရိုက်လိုက်ရ မျက်လုံးများမှေးစင်းသွား
ခဲ့တော့သည်။

သူနှင့်တွေ့ခဲ့သော ညီမ နှစ်ယောက် မျက်နှာမှာ
အလွန်ပင် ချေမောလှပ လှ၏။အိမ်တစ်အိမ် ပေါ်တွင်
ထိုညီအမ အပါအဝင် လူခြောက်ယောက် တစ်ခုခုအား
တီးတိုးတိုင်နေကြလေသည်။တစ်ဆက်ထဲမှာပင်
အင်္ဂလိပ်အရာရှိတစ်ယောက်နှင့်စကာပြန် တစ်ယောက် အစောင့် သုံးယောက် အိမ်အဝသို့ရောက်ရှိလာ၏။

ကျန်လူများအသီးသီး ပျောက်ရှ ကုန်ပြီး မိန်းကလေးတစ်ဦး
သာ အိမ်ရှေ့ဧည့်ခန်းတွင် ကျန်ခဲ့လေသည်။
အင်္ဂလိပ်အရာရှိနှင့် စကားခဏပြောပြီးသောအခါ
စကာပြန်နှင့် အစောင့်၃ယောက် အိမ်အပြင်သို့ ပြန်ထွက်သွား
ကြလေသည်။

မိန်ကလေးနှင့် အင်္ဂလိပ်အရာရှိတစ်ယောက် အခန်းထဲသို့
ဝင်လာကြလေသည်။
ထိုအခန်းက အခြားအခန်းမဟုတ် ကိုထွန်းတင်အိပ်နေ
သောအခန်းပင် အိပ်ယာပေါ်သို့ ပစ်လှဲချလိုက်ချိန်တွင်
စောစောက မိန်းကလေးနှင့် စကားထိုင်ပြောနေသော
လူများပြန်ရောက်လာကာ အင်္ဂလိပ်အရာရှိရာ
သတ်ပြီးလက်စ ဖျောက်လိုက်ကြလေသည်။

ကိုထွန်းတင် သူတို့ကိုမြင်နေရသောလည်း သူကို မြင်ကြပုံမရပေ။
ချက်ချင်းဆိုသလို အသံများကြား၍ အိမ်အပြင်ဘက်မှ
စကားပြန်နှင့် အစောင့်သုံးယောက် အပြေးဝင်လာကြလေသည်။
သူတို့သည်လည်း လက်ထဲမှ သေနတ်ကို ချိန်ရွယ်
ယုံမျှသာ ကြိုတင်စီစဉ်ထားသည့် ဓားချက်များအား
ဟန်မတားနိုင်ခဲ့ပေ။

''ဒီမှာ တစ်ယောက် ''

''ဟင်!!! ဒီတစ်ခါတော့ ကိုထွန်းတင်ကို ကြည့်၍
ပြောနေခြင်းဖြစ်၏။

''ကျုပ်ဘာမှ မလုပ်ဘူးးး နော်'''

''အားးးးး''

ဒီတစ်ခါကတော့ အမြင့်တစ်ခုမှ ပြုတ်ကျခြင်းဖြစ်လေ၏။
ကိုထွန်းတင် မျက်စိအား ဖွင့်ကြည့်လိုက်သောအခါ
သစ်ပင် သစ်ရွက်နှင့် မိုးသားမှ အပ မည်သည့် အရာမှ
မတွေ့ ဘေးပတ်လှည် ကြည့်လိုက်သောအခါ

''ဗုဒ္ဓေါးးးးးး''

ထုံးအဖွေးသား နှင့် အုတ်ဂူများ ကြားတွင်ဖြစ်လေသည်။

ဟာ!!!!"ငါဘယ်ရောက်နေတာလည်း ထရပ်ကာ
ပတ်ဝန်းကျင် ကြည့်လိုက်သောအခါ ချောင်းဝ
င်္သချိုင်း ဖြစ်နေလေတော့သည်။

Credit - Yargamin
Powered by Blogger.