ညီမရဲ့ ကိုယ်တွေ့ဖြစ်ရပ်



ညီမပြောပြမဲ့ အကြောင်းက ညီမ ရဲ့ တကယ့် ဖြစ်ရပ်ပါ။ ညီမတို့ မိသားစု က ငါးယောက်ရှိပါတယ် အမေရယ် ကိုကြီးရယ် အစ်မ နှစ်ယာက်ရယ် ညီမရယ်ပေါ့ ။ငယ်ငယ် လေးကတည်းက အဖွားတို့နဲ့ အတူနေပြီး ညီမ ၇ တန်း ပြီးတော့ ဆင်မလိုက် အဝေးပြေး က ဟိုင်းဝေး complex ကို ပြောင်းနေကျတယ်။
နည်းနည်း လေး လဲ အဆင်ပြေလာတာကြောင့် အဖွားတို့ ဆီ မှာ မနေဖြစ်တော့တာပါ။

ညီမ တို့ပြောင်းတဲ့ နေရာက အခန်းတွေ က အကျယ်ကြီးတွေ ကွန်ဒိုခန်းနီးပါးလောက် ရှိတယ်။ ဆောက်ပြီးခါစ သိပ်မကြာသေးတော့ လူလဲ သိပ်မရှိဘူး ။တိုက် တစ်တွဲ လုံးမှ ၆ခန်းလားပဲ လူရှိတယ် ။ညီမ တို့ မျက်နှာ စာဘက်ဆို ညီမတို့ အခန်းပဲ လူနေတာ ကျန်တဲ့ အခန်းတွေ ဆို အကြမ်းထည်သာသာပဲ ရှိသေးတယ် ။

ဒါနဲ့ အပေါ်ထပ် အမိုးက တခြားတိုက်တွေ လို မဟုတ်ဘူး တစ်တိုက်လုံးကို လျှောက်သွားလို့ရတယ် အပေါ်မှာ ကြက်တောင်ရိုက်လို့ရအောင်ကျယ်တယ်။ အော် ဒါနဲ့ ညီမတို့မှာ ခွေးမလေး တစ်ကောင်ရှိတယ်။ အာ့ အခန်းမှာနေကြတာ အားလုံးပေါင်း ၆ယောက်ပေါ့ ။

ဒီလိုပဲ နေ လာကြတာ ဘာမှ မဖြစ်ဘူး ထူးထူးဆန်းဆန်းတွေ အသံကြားတာတော့ရှိတယ်။ ဒါပေမဲ့ လဲ တစ်အိမ်လုံးက သိပ်ပြီးဂရုမစိုက်ဘူး။ တခြားအခန်းက တံခါးတွေ လေတိုက်လို့ ဖြစ်တာ လို့ပဲ ဆိုပြီ နေကျတာ။ အိမ်မှာ အမေက ဘုရားစင် ကို ဖုန်တင်ရင် ဆူတယ် မကြိုက်ဘူး ပြီးတော့ မနက်တိုင်း မေတ္တာပို့ ဖွင့်တယ် ညအိပ်ရင် ညီမ နဲ့ အမေက တရားနာပြီး အိပ်တယ်။

ညီမ ကျောင်းက မနက် ပိုင်းဆိုတော့ ၅ခွဲ လောက်ထပြီး သွားရတယ် ကျောင်းကို အစကတော့ အမေ က လိုက်မပို့ဘူး အောက်ကို ညီမတစ်ယောက်တည်း သွားရတာ။ နောက်ရက်တွေ ကျတော့ အမေ က ခွေးလေး ကို ခေါ်ပြီး လိုက်ပို့ တယ် သူက တော့ မနက်စောစော လမ်းဆင်းလျှောက်ချင်လို့ လို့ပြောပြီး အာ့ ဝန်းထဲ က ထွက်တဲ့ ထိ လိုက်ပို့တယ်။

တစ်ရက်ညီမ နေမကောင်းဖြစ်ချင်နေလို့ အမေစိတ်ပူမှာစိုး လို့ အပြင်မှာ မအိပ်ပဲ အခန်းထဲ ဝင် အိပ်နေတုန်း အိပ်မက်လိုလို အပြင်မှာ တကယ် လိုလို အဖြစ်မျိုး ကြုံလာတယ်။ ကောင်မလေးတစ်ယောက် ဆံပင် အတို ဂုတ်ဝဲလောက်ပဲ ရှိမယ် ဂါဝန် အပြာနုလေး နဲ့ အခန်းထဲ ဝင်လာတယ် ပြီးတော့ ကုတင်ဘေးမှာထိုင်ပြီး ညီမကို နင်ကလဲ ဟယ် ဒီ အချိန်နင် အိပ်နေရင် ထပ်ဖျားနေမယ် အဒေါ် အပြင်မှာ တစ်ယောက်တည်း နင် သွားနေ လိုက်ဦး ထတော့ ဖျားနေမယ် .....လို့ ပြောတယ်။

နင် ဒီအခန်းကို ဘာလာ လုပ်တာလဲ ....လို့ သူ့ကို မေးတော့
ငါ က ဒီမှာနေတာ ကြာလှပြီ ဒါတွေတောင်မဆောက်ရသေးဘူး ဒီတစ်ဝန်းလုံး ငါ သွားချင်တဲ့ နေရာ သွားလို့ရတယ် ဆို ပြီး ပြောသွားတယ် ပြီးတော့ ငါပျင်းလို့ ပါ ပြီးတော့ နင်တို့နဲ့ နေရတာ အဆင်ပြေတယ် လို့ပြောပြီးပျောက်သွားတယ်။

ညီမ လဲ အိမ်ကို အမေ့ အသိ တွေ ထဲ က ဧည့်သည်လာလို့ ပါလာတယ် ပဲ ထင်လိုက်တာ ညီမ အပြင်ထွက်ပြီး အမေ့ဆီသွားတော့ အမေက အခွေကြည့်နေတယ်။ အမေ ခုဏက ကောင်မလေးက ဘယ်သူလဲ လို့ မေးတော့ အမေက ဘာလဲ တဲ့ မသိဘူးဆိုပြီးပြောတယ်။

ဒါနဲ့ ညီမလဲ အိပ်မက်နေမှာပါဆိုပြီး ထားလိုက်တယ် မေ့မေ့ ပျောက်ပျောက်ပဲ။ နောက်ရက်တွေ ကျောင်းသွားတော့ အမေက လိုက်ပို့နေတုန်းပဲ အောက်ကို။

နောက် ဒီဇင် ဘာ စာမေးပွဲ ဖြေရ ခါနီး ညီမ မနက် လေးနာရီလောက် စာကျက်နေတုန်း နားနား ကပ်ပြီး ဟဲ့ နင့်အမေ ကိုသွားနိုး သူဘီလူးစီးခံနေရတယ် ဆိုပြီး ပြောသံ ကြားလိုက်တယ် အသံ က လေသံလေးနဲ့ ပြောသလိုမျိုးလေး ပါ။

အာ့ ညီမ လဲ အမေ့ ကို သွားနိုးတော့ အမေ ချွေးတွေရွှဲ နစ်ပြီး အသက်ရှုတာ လဲ အရမ်းမြန်နေတယ် ညီမလဲ စိုးရိမ်ပြီး အမေ့ ကို အတင်းနိုးတာပေါ့ အမေ့ မှာ နှလုံးကြပ်တဲ့ ရောဂါရှိတယ် လေ။ အာ့တော့မှ အမေ နိုးလာတယ် လန့်ပြီး ဘုရားသောက်တော်ရေယူခိုင်းတယ်။ ဘာမှတော့ မပြောဘူး မျက်စိမျက်နှာတော့ ပျက်နေတယ် ပြန်လဲ မအိပ်တော့ဘူး ။

ညီမ လဲ ကျောင်းသွားဖို့တွေ ပြင်ပြီးတော့ အမေက သူလဲ လိုက်မယ်တဲ့ အဖွားတို့ ဘက်ကို ညီမ ကို လိုက်ပို့မယ် ပြောတယ်
ကျောင်းက ပြန်ရောက်တော့ အမေ က ညီမ ကို အိမ်မှာ ထူးထူးဆန်းဆန်းတွေ ဖြစ်ရင် လျှောက်ပြီး မပြောရဘူး ဆိုပြီး မှာတယ် အကိုတွေ ကိုကော အမ တွေ ကိုကော ။ပြီးတော့ ပြောပြတယ် ညီမ မနက် သွားရင် ညီမနောက်က ခြေသံ တစ်ခု အမြဲ ကြားကြားနေရလို့ လိုက်ပို့တာတဲ့ ပြီးတော့ စိတ်လဲ မသန့်သလို ဖြစ်နေတယ် ဆိုပြီးပြောပြတယ်။

ညီမ က အပြင်ရောက်တာ နဲ့ နားကြပ်တပ်ပြီး သွားတော့ အသံ တွေ ကို သတိမထားမိဘူး လေ။ အမေတို့ကို လဲ ညီမ ကြုံတဲ့ ဟာတွေ ပြောပြလိုက်တယ် ။သူလဲ အန္တရာယ် မပေးပါဘူး ဆိုပြီး ထားလိုက်ကျတယ်။ ကြားထဲမှာတော့ ဘာမှ သိပ်မဖြစ်တော့ဘူး။

နောက် နာဂစ် ဖြစ်တဲ့ နေ့ က အမေ့ ကို အရမ်းချစ်တဲ့ သူ့မောင် တစ်ယောက် ဆုံးသွားတယ် မုန်တိုင်းထဲ မှာပဲ ဆုံးသွားတာ
အာ့ ချိန်က ဖုန်းလိုင်းတွေ ကော အဆက်အသွယ်တွေ ကော ပြတ်နေတော့ ဘာမှ မသိရဘူး။ ရက်မလည်ခင်တစ်ရက်ကျတော့ အမေ့ ကို အာ့ဦးလေးက အိပ်မက်လာပေးတယ်။ အစ်မ ငါ သွားရတော့မယ် ဆိုပြီးပြောတယ်။

ပြီးတော့ သူ့ကို ရက်လည် ရက်အတွင်းမှာ ဘယ်သူက ဘာလုပ်တယ် ဘယ်သူက ဘယ်လို လုပ်တယ် ဆိုပြီး လာတိုင်သွားတယ်။ နောက် ထပ်ပြောသွားတယ်။ နင် စိတ်ပူနေသလို မျိုးအန္တယ်ရယ် ပေးမဲ့ သူမဟုတ်ဘူး ပိစိကွေး (အာ့ ညီမ အိမ်ခေါ်နာမည်ပါ) ကို ချစ်လို့ လာနေနေတာ ဆိုပြီးပြောသွားတယ်။ မနက်မိုးလင်း သူနိုးလာတာနဲ့ ချက်ချင်း ရွှေပြည်သာသွားမယ် ဆိုပြီး ညီမ ကို ခေါ်ပြီး လိုက်သွားတာ ဟိုရောက်တော့ ရက်လည်လုပ်နေပြီ အမေ့ ကို လာတိုင်သွားတဲ့ အတိုင်း အမေလဲ ပြန်ရန်တွေ့ တော့တာပဲ အာ့ကျမှ အကုန်လုံးက ငိုကျရော။

ညီမ တို့ ပြန်လာတော့ ၆နာရီလောက်ရှိပြီ မီးတွေ ကလဲ ပြန်မလာသေးဘူး။ ပူလို့ဆိုပြီး အမေရယ် အမကြီးရယ် ညီမရယ် ၃ယောက် ဝရံတာမှာ ထွက်ထိုင်နေတုန်း အိမ်ထဲ ကနေ ပိစိကွေးရေ ဆို ပြီး အသံ အကျယ်ကြီး ထွက်လာတယ်။ တစ်အိမ်လုံးမှာလဲ ၃ယောက်ပဲ ရှိတာ အိမ်အောက်မှာလဲ ဖြတ်သွားဖြတ်လာ လူက မရှိဘူး။ အိမ်ကို လာမဲ့ သူလဲ မရှိဘူးလေ။

အမေ က ကြောက်မှာ စိုးလို့ နားကြားမှားတာ ဆိုပြီးပြောတယ်။ အစ်မကလဲ မကြားချင်ယောင်ဆောင်နေတယ်။ နောက်ကျတော့ အာ့လိုမျိုး အသံပေးတာတွေ ဘာတွေ မလုပ်တော့ ပါဘူး။ တစ်ခါတစ်လေ ညီမ အန္တရယ် ဖြစ် ခါနီး ဆို အိပ်မက်ပေးတယ်။ နင် ဒီနေ့ ဘယ်မသွားနဲ့ ဘာမလုပ်နဲ့ ဘာကို ဂရုစိုက်ဆိုပြီး ပြောပြတယ်။ အာ့လို ရက်တွေ ဆို ရင် ညီမ ခါးက မှဲ့ က အပ်နဲ့ ထိုးသလိုပဲ စူးကနဲ စူးကနဲ ဖြစ်တယ်။

တစ်နှစ်ခွဲလောက် အာ့ အိမ်မှာနေပြီးတော့ ညီမတို့ အိမ်ထပ်ပြောင်းတယ်။ နောက်လာတဲ့ သူတွေ က ဘုရားတရားလဲ သိပ်မလုပ်ကျဘူး ပါတီလုပ်တယ် ဘီယာသောက် အရက်သောက်နဲ့ လုပ်တယ်။ တစ်ပတ်လောက်နေတော့ အမေ့ဆီ ဖုန်းဆက်တယ် သူတို့ အာ့ အိမ်မှာ အိပ်လို့ မရဘူး ဆိုပြီး ကုတင်ပေါ် အိပ်နေရင် ကုတင်အောက်ဆွဲ ချတယ် အခန်းထဲ အိပ်နေရင် အခန်းပြင် ရောက်နေတယ် လို့ ပြောတယ်။

အမေ က ဘာတွေ လုပ်လဲ အိမ်မှာ ဘာတွေ ဖြစ်လဲ မေးတော့ အမေထားခဲ့ တဲ့ ဘုရားကျောင်းဆောင် ရဲ့ အမိုးက ကွဲ သွားတယ်တဲ့။ နောက် တစ်လလောက်ကြာတော့ အာ့ အခန်းမှာ လူမနေတော့ ဘူး သရဲ ခြောက်တယ် ဆိုပြီး ပြောင်းသွားကျတယ် လို့ ပြန်ကြားတယ်။

ဒီလိုနဲ့ ၃လ လောက်ကြာတော့ ညီမ ကို အိပ်မက်ထပ်ပေးတယ်။ ငါနင်ရှိတဲ့နေရာမှာ နေချင်တယ် လို့ပြောတယ် ညီမလဲ အိမ်ရှေ့မှာ ညီမ စိုက်ထားတဲ့ သရက်ပင် ရှိတယ် အာ့မှာနေလို့ အဆင်ပြေရင် နေ ဆိုတော့ သူက ကျေးဇူပဲ ပြောပြီးပျောက်သွားတယ်။

ညီမ သူ့ကို အိပ်မက်ထပ်မက်တော့ အကို့ ကို ပဉ္ဇင်းတက်ခါနီး ရက်မှာပါ ငါ့ကို အမျှဝေပေးပါ ငါ့နာမည် နှင်းဝေ ငါသွားတော့မယ် ဆိုပြီး ပြောသွားတယ်။ အကို့ ပဉ္ဇင်းတက်တော့ သူ့ ကို အမျှဝေလိုက်တယ်။ ညကျတော့ သူ သွားတော့မယ်လို့ ပြောပြီး ညီမ ကို ဖတ်ထားပြီး ပျောက်သွားတယ်။

ခုထိ သူ့ကို သတိရတိုင်း သူ့အတွက် ကုသိုလ် ကောင်းမှု လုပ်ပေးမိတယ်။ သူ ညီမ ကို ကူညီပြီး အမြဲ စောင့်ရှောက် ပေးခဲ့တာပါ။ တခြား သူတွေ အတွ က် သရဲ ဆိုရင် ကြောက်လန့်စရာ ဖြစ်နိုင်ပေမဲ့ နှင်းဝေ က ညီမ အတွက် သူငယ်ချင်းတစ်ယောက် အစ်မ တစ်ယောက်လိုပါပဲ။

နှင်းဝေ ရေ နင် ရောက်လေရာ ဘဝတိုင်း အခုလို စိတ်ထားဖြူစင်ပြီး အရာရာပြည့်စုံတဲ့ သူဖြစ်ပါစေ လို့ ငါ အမြဲ ဆုတောင်းပေးတယ် သိလား။။။။။

ဒါ ညီမ ရဲ့ တကယ့် အဖြစ် အပျက်ပါ ။။။။။

Credit : မူရင်းရေးသားသူ
Powered by Blogger.