အမတော် မြနန်းနွယ်



နတ်သမီးလေး ရေးသားသည်။

ဥတ္တစောင့် ရှိလားဆို ရှိတယ်။ အဲဒါကတော့... ဗိုလ်တထောင်ဘု၇ားက... အမမြနန်းနွယ်ပါဘဲ။ ၅ တန်းလောက်က..စာအုပ်တစ်အုပ်ထဲကနေ ဖတ်ဘူးတယ်။ အဲဒီစာရေးသူရဲ့ အိမ်နားက သမတ ကမ်းခြေဖက်မှာနေတဲ့ ကောက်ညှင်းပေါင်းရောင်းတဲ့  အဖွားက နေ့ တိုင်းလိုလ သမတကမ်းခြေကနေ မနက်တိုင်း ၅ နာ၇ီ ဝေလီဝေဟင်းအချိန် သဗ္မန် နဲ့ ဒီဖက် ဗိုလ်တထောင် ကမ်းခြေ ဖက်ကို ဈေးလာေ၇ာင်းတယ်။ အဖွားက မရောင်းခင် နေ့ တိုင်း အမမြနန်းနွယ်ကို ကောက်ညှင်းပေါင်း ဆက်သတယ်။ ရှိခိုးဖူးမျှော်ပြီးမှ ရောင်းလေ့ရှိတယ။

တစ်နေ့ ကျတော့အဖွားက သဗ္မန်ကနေအဆင်း ခြေခေါက်သွားတာ တော်တော်လေး နာနေတယ် လမ်းဆက်မလျောက်နိုင်ဘူး။ ဒါပေမဲ့ အမမြနန်နွယ်ဆီတော့ ပြုမြဲပြုစဉ်အတိုင်း ကောက်ညှင်းပေါင်း ပူဇော်ဆက်ကပ် ရင်း အမမြနန်းနွယ်ကို ရှိခိုးတိုင်တည်တာပေါ့။ အမေ ဒီနေ့  သဗ္မန်ကအဆင်းမှာ ဖြေခေါ်က်သွားလို့ ဈေးဆက်မရောင်းနိုင်တော့ဘူးလို့ ညည်းနေလိုက်တာ မွှေးပျံတဲ့အနံတွေ ကြိုင်သင်းလာပြီး အနောက်ကနေ အစိမ်းရောင်ဝမ်းဆက်နဲ့ မိန်းမပျိုလေးတစ်ယောက်ေ၇ာက်လာတယ်။

"အမေ စိတ်မပူပါနဲ့  ခဏလေးနေရင် ဒီနားလေးမှာဘဲ ရောင်းကုန်သွားမှာပါ"

ချိုသာတဲ့ အသံနဲ့ပြောပြီး ရုတ်တရက် ပျောက်သွားပါတယ်။ အစိမ်းေ၇ာင် မိန်းမပျိုလေးကို မတွေ့ ရတော့ဘူ့း။ တအောက်နေတော့ အလုပ်ဆင်းတဲ့ လုပ်သားတွေ စုအုံးပြီး ၀ယ်လိုက်ကြတာ ခဏလေး နဲ့ ကောက်ညှင်းပေါင်းက ကုန်သွားရောတဲ့။ အဲဒီအစိမ်းရောင် ၀မ်းဆက်နဲ့ မိန်းမပျိုက အမမြနန်းနွယ်ပါဘဲ။

အဖွားက သူ့ ကိုယ်တွေ့ ကို စာရေးသူကို ပြောပြလို့ စာရေးသူက ဥတ္တစောင့် အကြောင်းတွေရေးတဲ့  စာအုပ်တစ်အုပ်မှာ ရေးထားတာ တွေ့ရတယ်။ ယုံလည်းယုံတယ် ကိုးလည်းကိုးကွယ်တယ် စာမေးပွဲရှိတိုင်း သွားပြီး ဖူဇော်ကန်တော့တယ်။
Powered by Blogger.