ခေါ်ရင်လိုက်မသွားနဲ့
ကျွန်တော့် ဦးလေးတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ပါ...။ ကျွန်တော့်ဦးလေး ခုနှစ်ယောက်ရှိတယ်ဗျ..။ အဲ့ဒီဦးလေးတွေထဲမှာ ဦးဝင်းဆိုတဲ့ ဦးလေးကတော့ ဘယ်သူနဲ့မှမတည်ဘူး ညီအကိုတွေထဲမှာတောင် ဦးအောင်ဆိုတဲ့ ဦးလေးတစ်ယောက်နဲ့ပဲ တည့်တယ်..။
ဦးဝင်း ကင်ဆာကျိတ်ပေါက်လို့ ဆေးရုံမှာ အလူးအလဲ ခံနေရတဲ့အချိန်မှာ ကျန်တဲ့အမျိုးတွေဟာလည်း အပါရိကလောက်ပဲ လာကြည့်ကြပါတယ်...။ ဥိးအောင် တစ်ယောက်သာ ဦးဝင်းရဲ့ဘေးမှာ ချေး၊သေး ကအစပြုစုပြီး စောင့်ရှောက်ပါတယ်....။ ဦးဝင်း ဟာဆေးရုံမှာ သုံးလလောက်တက်ပြီးတဲ့ နောက်မှာတော့ ဘ၀တစ်ပါးကို ကူးပြောင်းသွားရှာပါတယ်..။ ဇာတ်လမ်းက အဲ့ဒီမှာစတာ.......။
ရက်လည်ပြီး မကြာခင်မှာ ဦးအောင် အိမ်မက်တစ်ခု မက်တယ်။ ဦးဝင်းဟာ သူ့သူငယ်ချင်း အသားမည်းမည်း လူတစ်ယောက်နဲ့အတူ ဦးအောင် အိမ်မက်ထဲကို ရောက်လာပါတယ်..။ ဦးအောင်က သူ့အကိုဆိုတော့ သေဆုံးသွားမှန်း သတိမထားမိပဲ နှုတ်ဆက်လိုက်ပါတယ်..။ "ကိုဝင်း ဘယ်ကနေလာခဲ့တာလဲ" ဦးဝင်းက တစ်ချက်ပြုံးပြလိုက်ပြီး..။
ို" အောင်အောင်ရေ ငါနဲ့ လိုက်ခဲ့စမ်းပါကွာ ငါပျင်းနေလို့"
"ဘယ်ကိုလည်းဗျ....."
"ဒီနားလေး ခဏပါကွာ...."
"ဒါနဲ့မကြည်ကော....." ဦးအောင်က လောက၀တ်စကားအရ ဦးဝင်းရဲ့မိန်းမကိုပါမေးလိုက်တာပါ...။ ခါတိုင်းဆိုရင် ဦးဝင်းရဲ့ရောဂါကို စိတ်မချလို့ ဦးဝင်းဘယ်သွားသွား ဦးဝင်းမိန်းမ မကြည်က အနောက်ကနေ လိုက်နေကျ..။
"အိမ်မှာကျန်ခဲ့တယ်ကွ..." အဲ့ဒီမှာ ဦးအောင်ကဦးဝင်းမိန်းမ မကြည်ဦးဝင်း အသုဘမှာ ရှိုက်ကြီးတငင် ငိုနေတာကို မှတ်မိသွားတယ်...။ အဲ့ဒီမှာပဲ....
"ဟာ...ကိုဝင်းက သေပြီးလေ...ကျွန်တော် ဘယ်ကိုလိုက်ရမှာလဲဗျ....." အိပ်မက်ထဲမှာတင်ပဲ ဦးအောင်ဟာ အထိတ်တလန့် ခေါင်းနားပန်းတွေ ကြီးသွားပါတယ်...။
"ဟာ..ဒီကောင်လေး ကိုယ့်အစ်ကိုက လိုက်ခဲ့ဆို လိုက်ခဲ့ပေါ့ကွာ...." ပြောပြောဆိုဆိုနဲ့ ဦးဝင်းက ဦးအောင်လက်ကို လှမ်းဆွဲဖို့ ပြင်လိုက်တယ်....။
"ဟာ..မလိုက်ဘူး မလိုက်ဘူး ဆိုပြီး... ဦးအောင်ဟာ အတင်းရုန်းပြီး ပြေးလိုက်ပါတော့တယ်..။ အဲ့ဒီမှာပဲ အိမ်မက်ထဲကနေ ချွေးအရွှဲသားနဲ့ လန့်နိုးလာပါတော့တယ်...။ ဦးအောင်ဟာ သူနဲ့ ရင်းနှီးတဲ့ ပယောဂကု ဆရာတစ်ယောက်ကို မေးကြည့်တော့....
"ဟာ...အောင်အောင် မင်းတကယ် ကံကောင်းတယ် မင်းသာ လိုက်မယ်လို့ ပြောပြီး လိုက်သွားတယ် ဆိုရင် မင်းအခုအချိန် အသက်တောင် ရှင်တော့မှာ မဟုတ်ဘူး... မင်းတစ်ခါတည်း သေသွားမှာ... သူတို့ ပရလောကသားတွေက မင်းသာခွင့်ပြုတယ်ဆိုရင် မင်း ၀ိဥာဉ်ကို အသာလေး ထုတ်ယူသွားလို့ရတယ်... သူနဲ့လိုက်လာတဲ့ အသားမည်းမည်းနဲ့ သူငယ်ချင်း ဆိုတာလည်း ပရလောကက ပြိတ္တာအကြီးစားပဲနဲ့ တူတယ်.. အောင်အောင်.. ဘုရားတရားသာ လုပ်ပေတော့ မင်းကို မင်းအကိုက လာခေါ်နေပြီ..."
အဲ့ဒီဆရာရဲ့စကားရှည်ကြီး အဆုံးမှာ ဦးအောင်ဟာလည်း အင်မတန် ကြောက်လန့်သွားရှာတယ်...။ ပြီးတော့ အဲ့ဒီညက အသားမည်းမည်း ပိန်ခြောက်ခြောက်နဲ့လူရဲ့ မျက်နှာဟာ စပ်ဖြဲဖြဲကြီးနဲ့ ကြောက်စရာ ကောင်းတယ်လို့ ထင်နေတာလည်း မှန်ကြောင်း သိသွားပါတော့တယ်..........။
အဲ့ဒီနေ့ကနေစပြီး ဦးအောင်တစ်ယောက် ဘုရားတရားဖက်ကို အာရုံစိုက်ပြီး အလေးထား လုပ်ဆောင်လာပါတော့တယ်...။
ဖြစ်ရပ်မှန်ဖြစ်ပါသည်....။
မိုးတိမ် ပုံပြင် (ကိုယ်တိုင်ဖန်တီး တင်ဆက်မှု့)
