ရွာသို့ အလည်တစ်ခေါက်
ရေးသားသူ - ရဲလင်းဖြိုး
၂၀၀၀ ခုနှစ်လောက်က ပေါ့ ရန်ကုန်တိုင်း ထန်းတစ်ပင် အပိုင် ထဲမှာ ရှိတဲ့ စာဖြူစုရွာက ဦးလေး အိမ်သို့ ကျွန်တော် အလည်သွားခဲ့ပါတယ် ။ ဦးလေးလုပ်တဲ့သူက မြို့သို့ကိစ္စနဲ့ သွားနေသဖြင့် ကျွန်တော် တစ်ယောက်တည်း နေခဲ့ရပါတယ်။ ထိုအချိန်က အဘွားလဲ ဆုံးပြီးကာစဆိုတော့ အိမ်မှာလဲ ကျွန်တော် တစ်ယောက်တည်းဖြစ်နေ တော့တာပေါ့ ။ ပထမ ရောက်ခါစ ညက တော့ သူငယ်ချင်း တစ်ချို့က လာအိပ်ပေးပြီး ဘေးနားက ဆွေမျိုးတွေကလဲ ဘာမှ မ ပြောတော့ ကျွန်တော်လဲ ဘာမှမသိ သေးဘူးပေါ့။
အဲ ဒုတိယည နေ မှ စ တော့ တာပဲ။ ကျွန်တော် တစ်ယောက် ထဲ အိမ် ထဲမှာ လမ်းလျှောက် နေတုန်း နောက်က နေ ဒုန်းဆို အသံ ကြားလိုက် တော့ လူက ကြက်သီးများ ဖြန်းခနဲနေ အောင် ထသွားပါတယ် ။ ကြည့်လိုက်တော့ ဆေးပုလင်း ပြုတ်ကျ နေတာ တွေ့လိုက် တယ်။ အဲ့ဒါနဲ့ပြန်ကောက်တင်ပြီး ကြမ်းပြင် ကို ခြေ ထောက်နဲ့ ခပ်ကြမ်းကြမ်းနင်းကြည့်တော့ ဆေးပုလင်းက တင် ထားတဲ့နေရာ မှာပဲ တုပ်တုပ်မျှ မလှုပ်ဘူး။ စိတ်ထဲမှာတော့ ဇ ဝေဇဝါနဲ့ပေါ့ မသိသေးဘူး ။
ည မှောင် တော့ သူငယ်ချင်းတွေကလဲ တစ်ယောက်မှ မလာတော့ အမှောင်ထဲ တံခါးတွေ လိုက်ပိတ်ပြီး အိပ်ဖို့လုပ်တော့တယ်။ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ ည ၁၀ နာရီလောက် ရှိမယ် ထင်တယ်။ အဲ့ချိန် လောက်က စတော့တာပဲ ဗျာ ။ အိမ်နောက်ဖက် က နေ တဒုန်းဒုန်းနဲ့ လမ်းလျှောက်လိုက် တာ အိမ်ပေါ်ကို ရောက် လာပါလေရော။ကျွန်တော်က ခြင်ထောင် ထဲမှာဆိုတော့ ဘယ်သူလဲလို့ မေးလိုက်တော့ ဘာမှ မပြောပဲ ခြင်ထောင်နား ရပ်နေရာကနေ ထွက်သွားတယ် ။ အဲ့ဒါနဲ့ခြင်ထောင်ကို လှန်ကြည့်လိုက်တော့ ဘာမှ မတွေ့ဘူး။ ဒီလိုနဲ့ခြင် ထောင်လဲ ပြန်ချလိုက်ရော တဒုန်းဒုန်းနဲ့ နောက်ဖေးကို လျှောက်သွားပြီး အိုးတွေခွက် တွေလှန်တဲ့ အသံက ဆူညံနေ တော့တာပဲ။
တောအိမ်တွေဆိုတော့ ဝါးကြမ်းခင်းထားတော့ လမ်းလျှောက်တဲ့ အသံက အတိုင်းသား ကြားနေရတယ်။ အိမ်ပေါ်ကို ပြန်တတ်လာပြီး လျှောက်သွားလိုက် ခြင်ထောင်နား လာရပ်လိုက်နဲ့ တစ်ညလုံးကို အိပ်လို့ မရဘူး။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဘုရားစာတွေရွတ်ပြီး မိုးလင်းခါနီးမှ ဘယ်လိုဘယ်လို မောပြီး အိပ်ပျော်သွားလဲ မသိတော့ပါဘူး။ မနက်လဲ ရောက် တော့ ဘေးအိမ်က မေးတယ် ညက နင် တို့တွေ ဘာလုပ် နေကြတာလဲတဲ့။ ကျွန်တော်လဲကြောင် ပြီးတော့ ဘာပြောရမှန်းတောင် မသိဘဲ ဖြစ်သွားတယ်။ ကျွန်တော်တစ်ယောက် ညက တွေ့ခဲ့ရတဲ့အဖြစ်ကတော့ ဘယ်တော့မှ မေ့လို့မရ တဲ့ ရွာက အဖြစ်အပျက် လေးပဲဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
