ဂရုစိုက်လွန်းတဲ့ ကောင်လေး



ဖြစ်ရပ်မှန်ပါ။ ရေးသားသူရဲ့ နာမည်ကို မပြောပါနဲ့ဆိုလို့ မထည့်ပေးတော့ဘူး။

တို့က နယ်မှာနေတယ်... တို့ဒါတွေကို အယုံကြည်မရှိဘူး... ယုံလည်းမယုံဘူးလေ.. တို့ကျောင်းတတ်ဖို့ ရန်ကုန်ပြောင်းလာတယ်လေ.. တို့ရဲ့ငယ်ရည်းစားကလည်း ရန်ကုန်မှာ.. သူနှဲအတူ ကျောင်းတတ်ဖြစ်တယ်.. ကျောင်းတတ်ရင်း အလုပ်လည်း လုပ်ကြတယ်လေ... တို့ကျောင်းကတဖတ်နဲ့ဆိုတော့ အပြင်အလုပ် သိပ်မလုပ်နိုင်ဘူး..။ ဒါနှဲပဲ ၁၀ တန်း ကျောင်းသားလေးကို စာသင်ပေးခဲ့ရတယ်။ သူကလိမ္မာပေမဲ့ တဇွတ်ထိုးတော့ အရမ်းဆန်တယ် အဲမှာစတာပဲ...။

သူကို တို့က မောင်လေးလိုပဲ သဘောထားတယ်... ကိုယ်တပည့်ကို မောင်လေး ဒီလိုပဲ ကလေးက စိတ်ကစားတဲ့ အရွယ်ဆိုတော့ စိတ်ကစားချင်တယ်... တို့ကျောင်းကို လိုက်လာတယ်... ဖုန်းတွေမနားတမ်း ဆက်တယ်.. နေမကောင်းလို့ ကျူရှင်မသင်ရင် အိမ်လာပြီး မျက်စိကို နောက်နေတော့တာပဲ.. တို့ချစ်သူက ဒါတွေမသိဘူးလေ.. သူအမေ နေမကောင်းလို့ နယ်ပြန်သွားတယ်..

သူပြန်လာတော့ ဘေးက ငချွန်တွေက တမ်းပြီး မတာပဲ... အဲမှာပြသနာ ခဏခဏတတ်.. ရန်ဖြစ်စကားများ.. စာတွေပိလို ပင်ပန်းတဲ့ကြားထဲ ပိုတ်ဆံကရှာရ ရန်ဖြစ်ရဆိုတော့ ကြာတော့လည်း ပင်ပန်းတယ်.. ချစ်သူကို မစွန်လွှတ်နိုင်ဘူးလေ..။ သူကိုပဲ စာမသင်ရတော့ဘူးပေါ့...

တို့သူကို စာလုံးဝသွားမသင်ပဲ အိပ်မှာကလေးတွေကို ခေါ်သင်တယ်...။ ဒါကိုသူကသိတော့ အိမ်လာဂျစ်တိုက် အိမ်မှာပြသနာတွေကို ရှုပ်နေတာပဲ... သူကို စာသင်ပေးရင် သူကတို့ကို လက်ဆောင် အမြဲပေးတယ်လေ.. သူဆီက ၂ ခါပဲယူဖူးတယ်... တစ်ခုက ပန်ကာ အသေးလေး.. တို့ကနယ်ကလာတော့ အအိုက်မခံနိုင်ဘူးလေ.. ပြီးတော့ မီးအိမ်လေးရယ်ပေါ့...

သူကအမြဲပြောတတ်တာ ရှိတယ်... မမညဘက် ပန်ကာဖွင့် မအိမ်နှဲတဲ့.. ကျန်မာရေးတွက် မကောင်းဘူးတဲ့... ကျွန်တော်ရှိရင် ပန်ကာပိတ်ပေးမှာတဲ့ သူအမြဲပြောတယ်.. မမက တစ်ယောက်ထဲနေတာဆိုတော့ မီးအိမ်လေးဖွင့်အိပ်တဲ့ သူရဲ့အမြဲပြောနေကျ စကားလေးတွေပေါ့...

တနေ တို့အရမ်းစိတ်ညစ်လို့ သူကို နာနာကြည်းကြည်း ပြောမိတယ်... နင်ငါရှေ့က ထွက်သွား မလာနှဲ့လို့ ပြောမိတယ်.. သူက ကျန်တော်ကို သေစေချင်လိုလားတဲ့.. တို့လည်း စိတ်တိုတာနှဲ့ သေလိုက်လို့ ပြောမိသွားတယ်... သူကိုတို့  ၁ ပတ်လောက်မတွေဘူး... ပျောက်သွားတယ်လေ..

တစ်နေ့.. သူအမေလာတယ်.. သူသားဆုံးပြီတဲ့.. ဘာဖြစ်တာလဲဆိုတော့ ပိုးသတ်ဆေးသောက်တာတဲ့... တို့လုံးဝ မယုံနိုင်ဘူး ဖြစ်သွားတယ်...

တို့က စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူးလေ... ပုံမှန်တိုင်းလေးပဲ စာဆက်သင်ပေါ့.. ကျောင်းသားတွေရှိရင် ဘာမှမဖြစ်ဘူး။ တို့အိပ်ခါနီးရင် အိပ်ပျော်ရင်စပြီ.. တို့အိပ်ရင် ပန်ကာ ဖွင့်အိပ်တတ်တယ်.. လုံးဝမပိတ်ဘူး.. မနက်ကျောင်းသွားမှ ပိတ်ဖြစ်တယ် အမြဲပဲ.....

တနေ့ ညဖတ်အိပ်နေရင်း ပန်ကာပိတ်သွားတယ်... သြော်.. ဖိမိလိုပဲဆိုပြီး ထပ်ဖွင့်တယ်... ပြန်ကြည့်လိုက်ရင် ပြန်ပိတ်နေတယ်... အရမ်းပင်ပန်းတာနှဲ့ တိုလည်း ဂရုမစိုက်မိဘူးလေ... အိပ်ပျော်နေခါမှ မီးအိမ်က မီးကထပွင့်တော့ လန်းနိုးတာပေါ့.....

ဒါက ညတိုင်းလိုလိုဖြစ်လာတော့ တို့လည်း မသင်္ကာတော့ဘူးလေ... ညဖတ်စောင့်ကြည့်မိတယ်... ပန်ကာကလည်း သူ့အလိုလို ပိတ်သွားတယ်... မီးအိမ်ကလည်း ထပွင့်လာတယ်... တို့နေတောင် မနေရဲ့ဘူး... အရမ်းကြောက်သွားမိတယ်... လူမှမမြင်ရတာ ကြောက်တာပေါ့... နောက်ပိုင်းဆို ပိုဆိုးလာတယ်... စာအုပ်တွေ ရှင်းနေတယ်... မောင်နှဲ့ရိုတ်ထားတဲ့ ဓါတ်ပုံတွေ ကွဲနေတယ်... နောက်တော့ တို့လည်း လုံးဝမနေရဲတော့ဘူး.....။

တို့လည်း မနေရဲတာနှဲ့ နယ်ကိုပဲ ပြန်လိုက်တော့တယ်... အခန်းကိုရောင်းပြီး ကုသိုလ်ပြုလိုက်ပေးလိုက်တယ်လေ... အဲညက အိမ်မက်ထဲမှာ မမ ရက်စက်တယ်တဲ့... ပြောတယ်.. နောက်ပိုင်းတော့ လုံးဝ ပျောက်သွားပါပြီ..... ။ ။

ဒါကတော့ ဖြစ်ရပ်မှန်လေးပါ.....
Powered by Blogger.